ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်လို့ သိပ်ပြီး မျှော်လင့်ချက် မထားမိကြောင်း ရခိုင် စေတနာ့ဝန်ထမ်း အဖွဲ့တချို့က ပြောဆိုပါတယ်။ အင်္ဂါနေ့က ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ ကိုဖီအာနန်ရဲ့ မြန်မာပြည်ခရီးစဉ် အစမှာပဲ အခုလို ပြောဆိုလိုက်တာပါ။
“မန်စီမြို့နယ် မန်ဝိန်းကြီးဒေသပေါ့ ။ အဲဒီထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ တပ်စွဲတဲ့နေရာ မှာပဲ ဖြစ်နေတုန်းပဲ ရှိသေးတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်၊ လေကြောင်းကလည်း ပစ်တယ်။"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ပါတီဂုဏ်သိက္ခာ ညှိုးနွှမ်းစေမှုနဲ့ ပါတီတာဝန် အသီသီးကနေ ပြန်လည်ရုပ်သိမ်း လိုက်ပါတယ်။ ဒါပေမယ့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ဆက်လက် ရှိနေသေးတဲ့ အပေါ်မှာတော့ အငြင်းပွားစရာတွေ ဆက်ဖြစ်နေသေးတယ်လို့ ...
ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ဟာ ဒီလကုန်ပိုင်း နိုဝင်ဘာ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး၊ ရခိုင်ဒေသကို သွားရောက်မှာဖြစ်ပါတယ်။
မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ပေါင်းစု(၄)ဖွဲ့က ရှမ်းပြည်မြောက်ပိုင်း မြန်မာ့တပ်မတော် တပ်စခန်းတွေကို ဝင်တိုက်ရတာဟာ အစိုးရတပ်က ထိုးစစ် ဆင်နေတာတွေ ရပ်ပေးဖို့နဲ့ အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ဖြစ်တယ်လို့ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက ပြောပါတယ်။
စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း ဒုဝန်ကြီးရာထူးကနေ အကြောင်းပြချက် ရှင်းလင်း ချက် မပေးပဲ သူ့ကို တာဝန်ကရပ်စဲတာဟာ တဖက်သတ် ဆုံးဖြတ်ခြင်းသာ ဖြစ်တယ်လို့ စိုက်မွေး/ဆည် ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းက ပြောပါတယ်။
"ရခိုင်ပြည်နယ်ကြီး အေးချမ်း သာယာရေးအတွက်ကို အကြံကောင်း အဉာဏ်ကောင်းပေးနိုင်ရအောင် ကျနော်တို့ အကြံပေးအဖွဲ့ရဲ့ လုပ်ငန်းစဉ်ကိုလည်း ဆက်ပြီးလုပ်သွားပြီးတော့ အကြံကောင်း ဉာဏ်ကောင်းတွေ ပေးသွားမယ်ပေါ့ဗျာ အဲဒါပါ"
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတရပ် တက်လာခဲ့ပေမယ့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက အစိုးရ တပ်ရဲ့စစ်ဆင်ရေးအတွင်းလူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်ရှိနေကြောင်း မီးမောင်းထိုးပြထားတဲ့ “ငြိမ်းချမ်းရေး နောက်ကွယ်မှ ငိုကြွေးသံ”ဆိုတဲ့ အစီရင်ခံစာ တစောင်ကို ကချင်အမျိုးသမီးများအစည်းအရုံးက ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ၇ ဦးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မောင်တောမြို့နယ်တွေကို နိုဝင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်အထိ သုံးရက်ကြာ သွားရောက်မှာဖြစ်ပြီး ဒေသဆိုင်ရာ တာဝန်ရှိ သူတွေ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ပြည်သူ့အကျိုးအတွက် တိုင်းပြည်ကို ဦးဆောင်မယ့် ပါတီကြီးတရပ်အဖြစ်နဲ့ ဆက်လက် ရပ်တည် လိုတယ်ဆိုရင် ပါတီ ဝင်တိုင်းက ပါတီစည်းမျည်း စည်းကမ်းတွေကို အတိအကျ လေးစားလိုက်နာဖို့ လိုတယ်လို့ ပါတီအကြီးအကဲ တဦးက ပြော ဆိုလိုက်ပါတယ်။
NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ မြန်မာ့ တပ်မတော်က စစ်ဆင်ရေး ဆက်လုပ်နေမယ်ဆိုရင် NCA လက်မှတ် ထိုးရေးကို ထိခိုက်စေနိုင် သလို ပြည်တွင်း ငြိမ်းချမ်းရေးလည်းအလှမ်း ဝေးသွားနိုင်တယ်လို့ တိုင်းရင်းသားခေါင်းဆောင် တချို့က ပြောကြားလိုက်ပါတယ်။
ဆက်သွယ်ရေးပုဒ် ၆၆(ဃ)အရ အမှုဖွင့်ခံထားရတဲ့ Eleven Media Group ရဲ့အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နဲ့ Eleven သတင်းစာရဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို အရေးယူဖို့ိ့ စုံစမ်းဆောင်ရွက်နေကြောင်း တာဝန်ရှိ ရဲအရာရှိတဦးက ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ ဂျပန်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ဟာ မြန်မာပြည်သူတွေ အတွက်သာမက ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအတွက်ပါ အကျိုးရလဒ်ကောင်းတွေ ဖြစ်စေခဲ့တယ်လို့ ဂျပန်ရောက် မြန်မာနိုင်ငံသား တချို့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းပြီး စီးပွားရေးအရ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရဖို့လိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေ့လည်ပိုင်း တိုကျိုမြို့မှာကျင်းပတဲ့ ဂျပန်စီးပွားရေး အသင်းချုပ်နဲ့ စက်မှုကုန်သည်ကြီးများ အသင်းက တည်ခင်းဧည့်ခံတဲ့ နေ့လည်စာ စားပွဲမှာ ပြောဆိုလိုက်ပါတယ်။
“ကျမတို့အနေနဲ့ ဘယ်သူ့ကိုမှအပြစ်မတင်မိဖို့ သိပ်ကို ဂရုတစိုက်လုပ်နေရပါတယ်။ အထူးသဖြင့် ဘယ်ကိစ္စအတွက် ဘယ်သူ့မှာတာဝန်ရှိတယ်ဆိုတာကို ခိုင်မာပြည့်စုံတဲ့ ထောက်အထားမတွေ့မချင်း သတိထားနေရပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ် သုံးရက်မြောက်နေ့မှာတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်စေရေးအတွက် ဂျပန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်။
ဂျပန်နိူင်ငံကို ချစ်ကြည်ရေးခရီး တရားဝင်သွားရောက်တဲ့ ဒေါ်အောင်ဆန်း စုကြည် ဟာ အောက်တိုဘာ ၂ရက်- ဗုဒ္ဓဟူး ဒီကနေ့မှာ ဂျပန်ဝန် ကြီးချုပ် ရှင်ဇိုအာဘေး နဲ့ တွေ့ဆုံဖို့ရှိပြီး၊ ဂျပန်စီးပွားရေး ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှု ပ်နှံကြဖို့ တိုက်တွန်းမယ့် အလားအလာ ရှိနေပါတယ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ ဂျပန်နိုင်ငံခရီးစဉ် အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်သလို၊ ရာနဲ့ချီတဲ့ ဂျပန်ရောက်မြန်မာနိုင်သားတွေနဲ့လည်း သီးသန့်တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဇီကာ ကူးစက်ရောဂါ မြန်မာနိုင်ငံမှာ စတင်တွေ့ရှိနေပြီဆိုပေမယ့် လူသေဆုံးတဲ့ အထိ စိုးရိမ်ရတဲ့ အခြေအနေမဟုတ်သလို၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အထိန့် တလန့် ကြောက်ရွံ့နေစရာမလိုဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်