တရုတ်နိုင်ငံကို သွားရောက်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ချစ်ကြည်ရေးခရီးစဉ်မှာ ရှမ်းပြည်နယ်တွင်း လတ်တလောဖြစ် နေတဲ့ မြန်မာ့တပ်မတော်နဲ့ UWSA ‘ဝ’ တပ်ကြား တင်းမာမှုအပါအဝင်၊ ‘ဝ’နဲ့ မိုင်းလားတပ်တွေကြားတင်းမာမှု စတာတွေကို ဆွေးနွေးဖွယ် ရှိတယ်လို့ စစ်ရေးနိုင်ငံရေး အကဲခတ်တချို့က သုံးသပ်ကြပါတယ်။
"တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်ဖို့ ကြိုတင်ပြီးတော့ မူဝါဒချမှတ် ဆောင်ရွက်ခဲ့တာဖြစ်တယ်။ လက်ရှိလည်း အဲဒီအတိုင်း ဆောင်ရွက်နေတာဖြစ်တယ်။ ဒီအချိန်မှာ ကုလသမဂ္ဂဘက်ကပေါ့နော် သူတို့ဆီမှာလည်း သတင်းတွေရောက်တယ်။ ခိုင်မာတိကျတဲ့ အထောက်အထားတွေ ရှိတယ်ဆိုရင် ကျနော်တို့ အစိုးရဆီကို ဒီအချက်အလက်တွေ ပေးပို့နိုင်ပါတယ်။"
သစ်တောပြုန်းတီးမှုအပါအဝင် သဘာဝပတ်ဝန်းကျင် ပျက်စီးခဲ့တဲ့အကျိုးဆက်အဖြစ် စစ်ကိုင်းတိုင်းမှာ ရုတ်တရက် မိုးသည်းထန် ရေကြီးတဲ့ဒဏ်ကို ခံစားနေရ တာကြောင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေး လုပ်ဆောင် နေကြောင်း စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က ပြောဆို လိုက်ပါတယ်။
ပြည်တွင်းစစ်ကြောင့် ဒေသခံပြည်သူတွေ အသက်အိုးအိမ် ဆုံးရှုံးရသလို၊ စစ်ဘေးဒုက္ခသည်အဖြစ် တိမ်းရှောင်နေရတာကြောင့် မြန်မာနိုင်ငံ တွင်း ဖြစ်ပွားနေတဲ့စစ်ပွဲတွေ အမြန်ရပ်တန့်ပေးဖို့ လူထောင်ကျော်ပါဝင်တဲ့ တိုင်းရင်းသားပေါင်းစုံ ဒေသခံပြည်သူတွေက ကွတ်ခိုင်မြို့မှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒထုတ်ဖေါ် တောင်းဆိုခဲ့ကြပါတယ်
“ဖမ်းဝရမ်းထုတ်ထားတာ ဟုတ်ပါတယ်။ ပေါ့ဆမှုကတော့ ဆိုင်တာပေါ့ ဘာဖြစ်လို့လဲဆိုတော့ ရေယာဉ်ပေါ်ပါလာတဲ့သူတွေရဲ့ ပြောပြချက်အရပဲ ပေါ့ဆတဲ့အပိုင်းက တော်တော်ဖြစ်နိုင်ချေများတယ်။ ဆွဲလှည့်လိုက်တဲ့အချိန်မှာ မော်တော်က မှောက်သွားတယ်။”
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်း မတည်မငြိမ်မှုတွေကို ထိန်းသိမ်းနိူင်ဖို့ အတွက် ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ပေးလုပ်ဆောင်ဖို့ နိူင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။
ရခိုင်ပြည်နယ် မောင်တော-ရသေ့တောင် အကြမ်းဖက် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ပြင်းထန်စွာကန့်ကွက်ကြောင်း ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်က ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပြီး၊ သေဆုံး ရဲတပ်ဖွဲ့ဝင်တွေအတွက် မိသားစုနဲ့အတူ ဝမ်းနည်းစာနာကြောင်း ပြောဆို လိုက်တာပါ။
“အခုဖြစ်တာက ရခိုင်နဲ့ ဒီမူဆလင်တွေနဲ့ ဖြစ်တာမဟုတ်ပါဘူး။ အခုဖြစ်တာက RSO ကလာပြီးတော့ အစိုးရနဲ့ တိုက်ခိုက်လို့ ဖြစ်တာပေါ့။ အခု ဖြစ်နေတာက နိူင်ငံတော်အစိုးရနဲ့ ဖြစ်နေတာ ဆိုတော့ နောက်ကျရင် လူမျိုး တမျိုးနဲ့တမျိုး ပြဿနာကူးစက်မှာကို ကျနော်တို့ စိုးရိမ်မိတယ်”
မိုင်းရှုးမြို့နယ် လွိုင်နိူင်းတိုက်နယ်၊ လွယ်နွဲ့တောင်ခြေမှာရှိတဲ့ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်စခန်းကို မြန်မာ့တပ်မတော်က ဒီကနေ့ နေ့လည်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့SSA မြောက်ပိုင်းတပ် ပြောခွင့်ရ ဗိုလ်ချုပ်ခွန်ဆိုင်က ပြောပါတယ်။
"လွှတ်တော်ကိုယ်စားလှယ် တယောက်က သူ့ရဲ့ဂုဏ်သိက္ခာနဲ့အညီ ကျင့်ကြံဆောင်ရွက်ခြင်း မရှိဘဲနဲ့ ကိုယ်ကျုးိရှာ လုပ်ပိုင်ခွင့်နဲ့ လာဘ်ပေးလာဘ်ယူမှုတွေ၊ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိလာလို့ရှိရင် အဲဒီဥပဒေနဲ့ ငြိစွန်းတယ်ဆိုတာ ကျနော်တို့ တွေ့ရှိရပါတယ်"
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို မြန်မာအစိုးရက ဥပဒကြောင်း အရ အရေးယူဖို့ ပြင် ဆင်နေတာနဲ့ ပတ်သက်လို့ ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင်က ကြိုဆိုလိုက် ပါတယ်။
အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ အောက်တိုဘာလထဲ ကျင်းပမယ့် BIMSTEC နဲ့ BRICS ပူးတွဲ ထိပ်သီးညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် မှာက သူက တဦးတယောက်ထဲ အသေးစိတ်တွေလုပ်တာတွေဘာတွေမှာ နည်းနည်းအားသန်တာပေါ့။ အဲလိုဆိုတော့ လေးစားယုံကြည်တဲ့ ဘေးက အကြံပေးတဲ့သူ က အကြံပေးရင်တောင်မှ အဲဒီအပြောင်းအလဲကို လုပ်နိုင်ပါ့မလား လို့ သံသယဖြစ်တယ်။"
ဒီကနေ့အချိန်ထိ စစ်တပ်ဟာ အခြေခံဥပဒေရဲ့အထက်မှာ တရားဥပဒေရဲ့အထက် မှာ ရှိနေသေး တယ်။ ပြည်သူလူထု က ရွေးချယ်တင်မြှောက်တဲ့ အစိုးရနဲ့ ပြည်သူ့ လွှတ်တော်ဟာ အမြင့်ဆုံး တရားဥပဒေပြုအာဏာနဲ့ အမြင့်ဆုံးစီမံခန့်ခွဲမှု အာဏာတွေ ကို အပြည့်အ၀ ပိုင်ဆိုင်သေးတာ မဟုတ်ပါဘူး။
"မြန်မာနိုင်ငံမှာ လူထုနည်းနဲ့ ရွေးချယ်တင်မြှောက်ခံရတဲ့ ခေါင်းဆောင်တဦး ဒီအထွေထွေ ညီလာခံ တက်ရောက်လာတာ အတွက်လည်း ကြိုဆိုပါတယ်"
မြန်မာနိုင်ငံက ဆေးတက္ကသိုလ် ပညာရေးစနစ်ကို ကမ္ဘာက လက်ခံတဲ့ အဆင့်အတန်းဖြစ်အောင် လာမယ့် ၇ နှစ်အတွင်း အချိန်မီပြုပြင်ပြောင်း လဲဖို့ လိုတယ်လို့ နယူးယောက်အခြေစိုက် မြန်မာ-အမေရိကန် ဆေးပညာအသင်းက တိုက်တွန်းလိုက်ပါတယ်။
"ဒီမိုကရေစီ အပြည့်အ၀ သွားနိုင်ဖို့ လိုတယ်။ အဲဒီတော့ အပြည့်အ၀ မရောက်မချင်း Sanction အကုန်လုံးကိုတော့ မလျော့သင့်ဘူးလို့ ကျနော် မြင်ပါတယ်။"
အဲဒီနေ့မနက် ၇နာရီ ၄၅လောက်မှာ ကျနော်ဆိုင်ရောက်တယ်၊ ဆိုင်ရောက်တော့ အဲဒီ South Tower ပေါ့၊ South Tower မှာ ပထမ လေယာဉ် တိုက်လိုက်တယ်ပေါ့။ အဲဒါရပ်ကြည့်ပြီးတော့ ဆိုင်လဲဖွင့်လို့မရဘူးလေ၊ ရဲတွေက အကုန်လုံး အဲဒီနေရာ တဝိုက်မှာ တားထား တာပေါ့။
တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကို ကျန်လက်နက်ကိုင်အဖွဲ့အားလုံး လက်မှတ်ရေးထိုးနိုင်ဖို့ဆိုရင် တပ်မတော်သဘောထား အခုထက် ပိုပြီး ပျော့ပျောင်းဖို့လိုတယ်လို့ UNFC က ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်