၂၁-ရာစု ပင်လုံညီလာခံမှာ အားလုံးပါဝင်ခွင့်ရရေးဆိုတဲ့ အခြေခံမူအရ အပစ်ရပ်အဖွဲ့တွေရော၊ အပစ် မရပ်ရသေးတဲ့ အဖွဲ့အများစုပါ တက်ရောက်ဆွေးနွေးခွင့် ပေးထားတယ်ဆိုပေမဲ့ နောင်လာမယ့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ခွင့် ရချင်တယ် ဆိုရင် အပစ်မရပ် ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ NCA အပစ်ခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေး ထိုးရမှာ ဖြစ်တယ်လို့ ပင်လုံညီလာခံ ကျင်းပရေးကော်မတီ တာဝန်ရှိသူတွေ က ပြောဆိုလိုက်ပါတယ်။
၁၉၄၇ ခုနှစ် ပင်လုံညီလာခံမှာ ကတိပြုခဲ့ကြတဲ့အတိုင်း အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စုအတွက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် -ပြဌာန်းခွင့်တွေကို အာမခံမယ့်အချက်တွေ ထည့်သွင်းပေးဖို့ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဆွေးနွေးကြတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေက တိုက်တွန်းလိုက်ကြပါတယ်။
"ကျနော်တို့က ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနေတဲ့အခါမှာ အဲဒီထဲမှာ ဆုံးဖြတ်ချက်ချမယ့်သူတွေဆီရောက်အောင်၊ သူတို့ထည့်သွင်းစဉ်းစားသွားအောင်လို့ အဲဒါကို ကျနော်တို့က အဓိကပြောချင်တာပါ။"
“ကျနော်တို့ကတော့ တိုက်တွန်းနေတာ အားလုံးပါဝင်တက်ရောက်ရေးကိုပဲ တိုက်တွန်းတာပဲလေ။ ဒါမှလည်း အားလုံးပြီးပြတ်သွားမှာပေါ့။ ကျနော်တို့က တိုက်တွန်းသလိုပဲ သူတို့က လည်းကြိုးစားတယ်လို့ဆိုတာပေါ့ဗျာနော်။"
ရခိုင်ပြည်နယ် အရေးကိစ္စဟာ နိုင်ငံတကာနဲ့ ပတ်သက် ဆက်နွှယ်နေတယ်ဆိုတာ ငြင်းမရနိုင်တဲ့ ကိစ္စဖြစ် တာကြောင့် နိုင်ငံတကာမှာ အတွေ့ အကြုံများပြီး သမာသမတ် ကျတဲ့ နိုင်ငံခြားသားတွေ နဲ့ ရခိုင်ပြည် အကြံပေးကော်မရှင်ကို ဖွဲ့စည်းရတာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဝန်ကြီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ်က ပြောဆိုလိုက်ပါတယ်။
ကုလ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်မယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ဘယ်လို အကြံပေးချက်တွေ ပေးလာမလဲဆိုတာကို စောင့်ကြည့်လေ့လာဖို့ အချိန်ပေးရမှာဖြစ်ကြောင်း ၈၈မျိုးဆက်ခေါင်းဆောင်တဦးက ပြောကြားလိုက်ပါတယ်။
"ကမ်းပါးနဲ့ နီးတဲ့နေရာမှာ ကလေးနှစ်ယောက်က ငလျင်လှုပ်တော့ မြေပိပြီး သေဆုံးတာပေါ့နော်။ တယောက်က ၉ တန်းကျောင်းသူလို့ပြောတယ်။ နောက်တယောက်က ၃ တန်းကလေး။"
ဒီလကုန်ပိုင်းလောက်မှာ အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးအဖြစ် သွားရောက်မယ့် သမ္မတဦးထင်ကျော်ရဲ့ အိန္ဒိယ ခရီးစဉ်ဟာ အပြန်အလှန် လွန်ဆွဲနေကြတဲ့ အင်အားကြီး အိမ်နီးချင်းတရုတ်နဲ့ အိန္ဒိယတို့ကြား မှာ မဟာဗျူဟာကျတဲ့ မြန်မာနိုင်ငံရဲ့လုံခြုံရေး နိုင်ငံရေး အကျိုးစီးပွားရေးတွေကို ဆောင်ကျဉ်းပေးနိုင် မယ်လို့ မျှော်လင့်နေကြပါတယ်။
သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ်ဓါတ်ထုတ်မယ့် တရုတ်ကုမ္ပဏီတွေရဲ့ ရေကာတာ စီမံကိန်း အဆိုပြုချက်တွေကို လက်မခံဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို ရှမ်းလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။
ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်ပြီး စိုးရိမ်ရေမှတ်အထက် ရောက်နေတာကြောင့် အသုတ်၊ သာပေါင်းနဲ့ ကန်ကြီးထောင့်မြို့နယ်တွေမှာ ရေကြီးပြီး အနိမ့်ပိုင်း လူနေအိမ်တွေ ရေမြုပ်နေသလို၊ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်ဖက်မှာတော့ ဥတို-အဖျောက်ကားလမ်း ရေမြုပ်နေပြီး တံတားတစင်း ကျိုးသွားတာကြောင့် လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်နေပါတယ်။
ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံကို သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်မှာ နှစ်နိုင်ငံကြား အရေးကြီးတဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာလိမ့်မယ် လို့ မျှော်လင့်ကြောင်း နိုင်ငံရေးသုံးသပ်သူတွေက ပြောဆိုလိုက်ကြပါတယ်။
"အမျိုးသားပြန်လည် သင့်မြတ်ရေးလို့ ခေါင်းစဉ် တပ်ထားပေမယ့် ၂၈ နှစ်တာ ကျနော်တို့ ရင်းနှီး ပေးဆပ်မှုတွေနဲ့ တိုင်းတာမယ်ဆိုရင်တော့ အားရတဲ့အခြေအနေ မရှိသေးပါဘူး။"
ဧရာဝတီတိုင်း ညောင်တုန်း မြို့မှာတော့ သောကြာ ညနေပိုင်းတိုင်းတာချက်အရ ဧရာဝတီမြစ်ရေဟာ သတ်မှတ်ထားတဲ့ အန္တရာယ်ရေမှတ်၂၄ ပေခွဲရဲ့အထက် ၂၆ ပေ အထိတက်ခဲ့တာကြောင့် အထူးသဖြင့် မြေနိမ့်ပိုင်း အရပ်မှာ လယ်မြေတွေရော၊ တဲအိမ်တွေပါ ရေမြုပ်နေပြီး ဒီရက်ပိုင်းထဲ ညောင်တုန်း တဝိုက်က စာသင်ကျောင်းအားလုံး ပိတ်ထားလိုက်ရတယ်။"
အစိုးရတပ်နဲ့ ခုချိန်ထိ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃-ဖွဲ့အနေနဲ့ လက်နက်ချစရာ မလိုပဲ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ခွင့် ရမယ်လို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး က ပြောဆိုလိုက်တဲ့အပေါ် သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားနိုင်မှာဖြစ်တယ်လို့ တအာင်းပလောင်တပ်ဖွဲ့ TNLA ကပြောဆိုလိုက်ပါတယ်။
ဒီမိုကရက်တစ်ပါတီရဲ့ ပထမဆုံး အမျိုးသမီးသမ္မတလောင်းအဖြစ် တရားဝင် လက်ခံရင်း နဲ့ပြောကြားမယ့် ဟီလာရီကလင်တန်ရဲ့သမိုင်းဝင်မိန့်ခွန်းထဲမှာ ညီလာခံ နောက်ဆုံးနေ့ ခေါင်းစဉ်ဖြစ်တဲ့ " Stronger Together" ဆိုတဲ့အတိုင်းပဲ သူ့အနေနဲ့ တိုင်းပြည်ကို စုစည်းညီညွတ်အောင် ခိုင်မာအောင် ဘယ်လိုဦးဆောင်မယ် လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို သူ့ကိုယ်ပိုင်အတွေ့အကြုံနဲ့ အခြေခံပြီး ပြောပါမယ်။
၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် အစိုးရတပ်တွေအနေနဲ့ တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး ကြေညာပေးဖို့ မိုင်ဂျာယန် ညီလာခံကနေ တောင်းဆိုသင့်ကြောင့် နိုင်ငံတကာရောက် တိုင်းရင်းသား အဖွဲ့အစည်းတချို့က တောင်းဆိုလိုက်ကြပါတယ်။
ညီလာခံနောက်ဆုံးနေ့မှာတော့ ပြည်တွင်းက စိန်ခေါ်မှုတွေ နောက် ပြည်ပ က ခြိမ်းခြောက်မှုတွေကို အာရုံစိုက်ပြောမှာဖြစ်သလိုပဲ သဘောထားကွဲပြားမှုတွေကို ညီညွတ်အောင် လုပ်မယ့်ကိစ္စတွေကို အာရုံစိုက်ပြောမယ်ဆိုပြီး ပါတီက ကြေညာချက် ထုတ်ထားပါတယ်။
" ဦးဇင်းတို့ကတော့ အစကတည်းက မဘသဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ အတွက်သီးသန့်ပဲ။ တကယ်က အာဏာလည်း မမက်ဘူး။ ပါတီလည်း မဖက်ဘူး။ တကယ့်ကို ဗုဒ္ဓလမ်းစဉ်အတိုင်း ကိုယ့်ဘာသာ ၊ ကိုယ့်လူမျိုး ကိုယ့်သာသနာအတွက်ပဲ လုပ်တာပဲဖြစ်ပါတယ်။"
"ကျနော်တို့ လိုချင်နေတဲ့ အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စုနိုင်ငံကို ဘယ်လိုတည်ဆောက်မှာလဲ၊ ဘယ်လို ဖယ်ဒရယ်မျိုးကို ကျနော်တို့ ယူမှာလဲ။ အဲဒီအပေါ်မှာ ကျနော်တို့ တဦးကိုတဦး နားလည်ချက်ရှိရှိနဲ့ ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ပုံစံတွေကို ဒါကိုရည်ရွယ်ပြီးတော့ လုပ်နေ တာပါ"
"ဗမာနိုင်ငံကို ပြန်မယ်လည်းလုပ်လိုက်ရော အရင်တုန်းက အခွန်ကျန်ပါတယ်ဆိုပြီးတော့ အခွန်ကောက်တဲ့ကိစ္စတွေက ဗမာနိုင်ငံသားတွေအတွက်ကို အင်မတန်ကို ဝန်ထုပ်ဝန်ပိုး အင်မတန်ကြီးတယ်။"
နောက်ထပ်ကြည့်ရှုရန်