မြောက်ကိုရီးယား ပြည်တွင်းဖြစ် ဒရုန်းယာဉ်တွေ စမ်းသပ်တာကို ခေါင်းဆောင် Kim Jong Un စစ်ဆေး ကြည့်ရှု့ခဲ့တဲ့အကြောင်း နိုင်ငံပိုင် KCNA သတင်းကဖော်ပြပါတယ်။ ခေါင်းဆောင် Kim Jong Un က စနေနေ့က ကာကွယ်ရေးသိပ္ပံ အကယ်ဒမီကို သွားရောက်ပြီးတော့ ဒရုန်းယာဉ်တွေ စမ်းသပ် ပျံသန်းတာကို စစ်ဆေးကြည့်ရှုခဲ့တာပါ။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လူငယ်တွေ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ယူခံရတာ ခပ်စိပ်စိပ်ရှိနေပြီး၊ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ၂ ခုကနေ ဆင်းလာတဲ့ စစ်ကြောင်းဟာလည်း လူငယ်တွေကို ဖမ်းဆီးခေါ်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ရေးလေ့ကျင့်မယ့်နယ်မြေဟာ မူဆယ်မြို့နယ်အစပ်ကနေ လောက်ကိုင်မြို့နယ်ဘက်အခြမ်းထိ ပါဝင်ပြီး ဒီကနေ့မှာတော့ နယ်စပ်ဒေသမှာ တရုတ်စစ်ရဟတ်ယာဉ်တွေ ပျံသန်းတာတွေရှိနေကြောင်းနဲ့ ညီနောင် မဟာမိတ်အဖွဲ့တွေကလည်း ဒီလ ၂၈ရက်နေ့မှာ မူဆယ်ကို တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေကြောင်း မူဆယ် ဒေသခံတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြရတဲ့ ၇ နှစ်မြောက် နှစ်ပတ်လည်နေ့ကျင်းပပြီး မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ ပါမောက္ခ Dr. Muhammad Yunus အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီ ဆက်ပေးသွားဖို့ ပိုင်းဖြတ်မှုကိုကြိုဆိုပြီး ရိုဟင်ဂျာအရေး နိုင်ငံတကာကထောက်ပံ့ပေးကြဖို့ Dr. Yunus ရဲ့တောာင်းဆိုမှုကိုလည်းထောက်ခံကြောင်း UNHCR ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီးရုံးကထုတ်ပြန်ပါတယ်။
ရုရှားရဲ့ နယ်စပ်ဒေသ Belgorod ကို ယူကရိန်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ လူ ငါးဦးသေဆုံး တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တချိန်တည်းမှာတော့ ယူကရိန်းအရှေ့ခြမ်းက ဟိုတယ်တခုကို ရုရှားတပ်တွေ တိုက်ခိုက်လို့ သတင်းထောက်တဦးပျောက်ဆုံးနေပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးပိုင်နက်ထဲကို ထောင်နဲ့ချီတဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မယ်ဆိုတာ အတိအကျသတင်းရတဲ့ အတွက် ဒါကိုဟန့်တားဖို့၊ တနင်္ဂနွေနေ့ မနက်ပိုင်း လက်ဘနွန်နိုင်ငံအတွင်းက ဟက်ဇ်ဘိုလာအုပ်စုပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာလို့ အစ္စရေးလုံခြုံရေးအရင်းအမြစ်တခုက ဗွီအိုအေကို ပြောပါတယ်။
အိန္ဒိယအရှေ့မြောက်ပိုင်းက Tripura ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံတာနဲ့ အတူ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ အတွက် သေဆုံးသူ ၂၃ ဦးထက် မနည်းရှိနေသလို လူပေါင်း ၆ သောင်းခွဲကျော် နေအိမ်တွေ စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သောကြာနေ့မှာ အာဏာပိုင်တွေက ပြောပါတယ်။
ရုရှားရဲ့ ဆိုဗီယက် ပြည်ထောင်စုကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာခဲ့တဲ့ ယူကရိန်းနိုင်ငံ လွတ်လပ်ရေး ၃၃ နှစ်ပြည့် အခမ်းအနားကို သြဂုတ် ၂၄ ရက် က ကိဗ်မှာ ကျင်းပရာမှာ သမ္မတ Volodymyr Zelenskiy နဲ့ အတူ ပိုလန်သမ္မတ Andrzej Duda နဲ့ လစ်သူယေးနီးယား ဝန်ကြီးချုပ် Ingrida Simonyte တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ICJ တရားရုံးမှာ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရတဲ့ စွဲချက်နဲ့ တရားစွဲဆိုခံနေရတဲ့ ၂၀၁၇ ခုနှစ် ဖြစ်ရပ်ဟာ ဒီနေ့မှာ ၇ နှစ်ပြည့်ခဲ့ပြီး လက်ရှိမှာလည်း ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲအတွင်း ရိုဟင်ဂျာတွေ ထွက်ပြေးနေရတယ်ဆိုတဲ့ သတင်းထွက်ပေါ်နေချိန်မှာ တိုက်တွန်းခဲ့တာပါ။
ခန်းယူနစ် Khan Younis မြို့က နေအိမ် တလုံးတည်းမှာတင် လေကြောင်း တိုက်ခိုက်မှု ကြောင့် ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၁၁ ဦး သေဆုံးခဲ့ပါတယ်။ လေကြာင်း တိုက်ခိုက်မှု ၃ ခု အပြီးမှာ မြို့တွင်းနဲ့ အနီးတတဝိုက်က စုစုပေါင်း အလောင်း ၃၃ လောင်း လက်ခံရရှိခဲ့တယ်လို့ ခန်းယူနစ်က Nasser ဆေးရုံက ထုတ်ပြန်ပါတယ်။
ကိုဗစ်ကပ်ရောဂါကာလအလွန် ဝန်ထမ်းတွေအိမ်ကနေ အလုပ်လုပ်တာလျှော့ပြီး ရုံးပြန်တက်ဖို့ တချို့ အလုပ်ရှင်တွေက လိုလားကြပါတယ်။ အမေရိကန်မှာတော့ ဝန်ထမ်းအများစုက အိမ်ကနေအလုပ်လုပ်တာ ဒါမှမဟုတ် အလုပ်သွားရမယ့်တချို့ရက်တွေကို အိမ်ကလုပ်လိုကြတာပါ။ဝန်ထမ်းအများစု အိမ်ကအလုပ်လုပ်တာက ကုမ္ပဏီလုပ်ငန်းတွေကို ထိခိုက်နိုင်ပါသလား။
ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဆန္ဒပြမှုတခုအတွင်း မူစလင် ၈၅ ယောက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အတွက် တာဝန်ရှိတဲ့ အရင် စစ်ဘက်နဲ့ ရဲဘက်ဆိုင်ရာ အရာရှိ ၇ ဦးကို ထိုင်းတရားရုံး တခုက တရားစွဲဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ တုန်းက ရိုဟင်ဂျာလူနည်းစုတွေ အပေါ် ရက်စက်မှုတွေ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်မျိုး တကျော့ပြန် ဖြစ်ပွါးလာမှာကို စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေး မဟာမင်းကြီး Volker Turk က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဆွေးနွေးဖို့ လာမယ့် သီတင်းပတ်ထဲမှာ တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း အစီစဉ်ကို သိထားတဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာ မိုဒီ ဟာ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ တွေ့ဆုံဖို့ သောကြာနေ့မှာ Kyiv မြို့တော်ကို သွားရောက်ခဲ့ ပါတယ်။ သူဟာ ၁၉၉၁ ဆိုဗီယက် ယူနီယံ ကနေ ယူကရိန်းခွဲထွက်ခဲ့ပြီးတဲ့နောက် ပထမဆုံး ယူကရိန်းကို သွားရောက်တဲ့ အိန္ဒိယဝန်ကြီးချုပ် လည်း ဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီက PV လို့ခေါ်တဲ့အလည်အပတ် နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပကိုထွက်ခွါမယ့် လူငယ်တွေ အမျိုးသမီးတွေကို ပိတ်ပင်တာ တင်းကျပ်တာတွေ လုပ်နေရာမှာ မှတ်ပုံတင် သိမ်းဆည်းထားတာ အပါအဝင် ပြန်မလာရင် မိသားစုက တာဝန်ယူရတာတွေကိုပါ လုပ်ခိုင်းနေတယ်လို့ မြန်မာလူငယ်တဦးက ပြောပြပါတယ်။
မြန်မာနဲ့ ထိုင်းနယ်စပ်အနီး ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန်မှာ အွန်လိုင်းဆိုက်ဘာလိမ်လည်မှုတွေကျုးလွန်ဖို့ မတရားခိုင်းစေခံထားရတဲ့ ဖိလစ်ပိုင်အလုပ်သမားတွေကို ဒီကနေ့စပြီး လာအိုနိုင်ငံကနေ နေရပ်ကို ပြန်ခေါ်နေပြီလို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံ အနောက်ပိုင်းမှာ အကြီးအကျယ် ရေကြီးမှုကြောင့် သေဆုံးသူ ၁၃ ယောက်ထက်မနည်းရှိနေပြီး လူပေါင်း ၄ သန်းခွဲ ရေဘေးဒုက္ခရောက်နေကြတယ်လို့ အစိုးရက ပြောပါတယ်။ နိုင်ငံထဲက ခရိုင်ပေါင်း ၆၄ ခုထဲက ၁၁ ခုရေကြီးတဲ့ဒဏ်ခံနေရတယ်လို့ ကယ်ဆယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
အခု ၂၀၂၄ ခုနှစ်ထဲ အင်တာနက် ဆိုးဆိုးရွားရွား ပြတ်တောက်ခဲ့တဲ့ နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံးကို ရောက်လာပြီး အဲဒီနောက်မှာ ပါကစ္စတန်၊ ဆူဒန်နဲ့ အိန္ဒိယတို့က အစဉ်အတိုင်းရှိနေတယ်လို့ အင်တာနက် ရရှိမှုကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်း တချို့က ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်