အစ္စရေးနဲ့ Hamas စစ်သွေးကြွအဖွဲ့ကြား အပစ်အခတ်ရပ်ရေး သဘောတူညီမှုရဖို့ အမေရိကန်၊ အီဂျစ်နဲ့ ကာတာနိုင်ငံတွေက တွန်းအားပေးကြိုးစားနေပေမဲ့ ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းမှာ ဒီနေ့လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ ရွေးကောက်ပွဲ ထပ်မပြိုင်တော့ဘူးလို့ ကြေညာအပြီး တလအကြာ Kamala Harris ဟာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ်လက်ခံမိန့်ခွန်းပြောပါတယ်။ သူ့ရဲ့ သမိုင်းမှတ်တမ်းနဲ့ နိုင်ငံအတွက် ရည်မှန်းချက်တွေကို ပြိုင်ဘက် ဖြစ်သူ သမ္မတဟောင်း Donald Trump နဲ့ နှိုင်းယှဉ်ပြောသွားပါတယ်။
နိုဝင်ဘာရွေးကောက်ပွဲမှာ ဝင်ပြိုင်ရမယ့်သမ္မတလောင်းအဖြစ် ပါတီရဲ့ ရွေးချယ်မှုကို လက်ခံကြောင်း Chicago မြို့မှာကျင်းပတဲ့ ပါတီညီလာခံနောက်ဆုံးနေ့ ကြာသပတေးနေ့ညက မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။
ပါကစ္စတန် နိုင်ငံတဝန်းမှာ ကုန်ကျစရိတ် သက်သာတဲ့ ပြန်ပြည့်မြဲ စွမ်းအင်ကို ပိုပြီး ပြောင်းလဲ သုံးစွဲလာနေပါတယ်။ ဒါဟာ နိုင်ငံရဲ့ မဟာဓာတ်အားလိုင်း စနစ် အတွက်တော့ အကျပ်အတည်း တခု ဖြစ်လာစေနိုင်ကြောင်း ဗွီအိုအေရဲ့ ပါကစ္စတန် ဗျူရို အကြီးအကဲ Sarah Zaman က သတင်းပေးပို့ထားပါတယ်။ မသိင်္ဂီထိုက် ပြောပြပေးမှာပါ။
အာဖရိကတိုက် အနောက်ပိုင်း ဆီနီဂေါနိုင်ငံမှာ လူငယ် စိုက်ပျိုးရေးသမားတွေဟာ သူတို့ရဲ့ စိုက်ပျိုးထွက်ကုန် အသီးအနှံတွေကို အင်တာနက် လူမှုကွန်ယက်ကို အသုံးချပြီး အရောင်းမြှင့်တင်နေကြပါတယ်။ ဒီအကြောင်း AFP သတင်းတပုဒ်ကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
အရည်အသွေးမြင့်မားတဲ့ ဒီစိန်ကို မိုင်းထဲမှာ တွေ့ခဲ့ရပြီး သူ့ကို တူးဖေါ်ဖို့ X-ray နည်းပညာသုံးခဲ့ရကြောင်းနဲ့ ဒီစိန်ဟာ ထူးထူးခြားခြား ကြီးမားပြီး ကာရက်အားဖြင့် ၂,၄၉၂ ကာရက် ရှိကြောင်း လူကာရာ စိန်ကုမ္ပဏီ အကြီးအကဲ William Lamb က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
အန္တရာယ်မားကြီးတဲ့ mpox မျောက်ကျောက်ရောဂါ မျိုးကွဲသစ် အကူးစက်ခံရသူလို့ သံသယရှိသူ တဦးကို ထိုင်းနိုင်ငံမှာ ပထမဆုံးတွေ့ရှိရကြောင်းနဲ့ သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အာဖရိက ကနေ ထိုင်းနိုင်ငံကို လာရောက်ခဲ့တဲ့ ဥရောပ ခရီးသွားတဦးဖြစ်ကြောင်း ထိုင်းကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှု လုံခြုံမှုမရှိပဲ အစစ ချို့ယွင်းလာနေပေမယ့် နိုင်ငံတကာအသိုင်းဝိုင်းက တိကျပြတ်သားတဲ့ အရေးယူမှုမရှိတာကြောင့် လုံခြုံရေးကောင်စီက ချက်ချင်း အရေးယူပေးဖို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီအစည်းဝေးမှာ တောင်းဆိုလိုက်ပါတယ်။
ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့ဖြစ်တဲ့ ကြာသပတေးနေ့ညပိုင်းမှာ လက်ရှိ ဒုသမ္မတ ကမ်မလာဟဲရစ်က သမ္မတလောင်းအဖြစ် အဆိုပြုချက်ကို တရားဝင် လက်ခံကြောင်း မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ဟဲရစ်ပြောကြားမယ့် မိန့်ခွန်းမှာ အဓိက အကြောင်းအရာ ၃ ခု ပါဝင်မှာဖြစ်ကြောင်း တာဝန်ခံတဦးက ပြောပါတယ်။
တတိယမြောက်နေ့မှာတော့ သားဆက်ခြားခြင်းနဲ့ ဆိုင်တဲ့အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင်အရေးနဲ့ နယ်စပ် လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို အဓိက ပြောဆိုခဲ့ကြတဲ့ တချိန်တည်းမှာ မိန့်ခွန်းပြောကြားခဲ့သူ အားလုံးရဲ့ အဓိက သတင်းစကားကတော့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အကောင်းဆုံးကို ရွေးချယ်နိုင်ကြဖို့ အဓိက တိုက်တွန်းခဲ့ကြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကနေ ခိုးထုတ်ခံရတဲ့ ရှေးဟောင်း ဗုဒ္ဓဆင်းတုတွေ၊ ဟိန္ဒူနတ်ဘုရားရုပ်တုတွေ နိုင်ငံကို ပြန်ရောက်လာတဲ့အတွက် ဝန်ကြီးချုပ် ဦးဆောင်ပြီး အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။ Angkor ခမာ အင်ပါယာလက်ထက် ၉ ရာစုကနေ ၁၄ ရာစုကြားမှာရှိခဲ့တဲ့ ရှေးဟောင်းဆင်းတုတွေဖြစ်တယ်လို့ ကမ္ဘောဒီးယားအစိုးရက ပြောပါတယ်။
Astellas Pharma ဂျပန်ဆေးကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသားတယောက်ကို တရုတ်နိုင်ငံ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးပြီး တရားမဝင် ရာဇဝတ်ကျူးလွန်မှုတွေအတွက် စွဲချက်တင်လိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning က ဒီနေ့ပြောကြားခဲ့ပါတယ်။
အစ္စရေးနဲ့ Hamas စစ်သွေးကြွအဖွဲ့ကြား အပစ်အခတ်ရပ်ရေး တိုက်တွန်းမှုတွေရှိနေချိန်မှာပဲ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသနဲ့ လက်ဘနွန်တောင်ပိုင်းအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဒီနေ့ ကြာသပတေးနေ့မှာ လုပ်ခဲ့ပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီခရိုင်အတွင်းက စစ်ကောင်စီ လက်လွတ်ခဲ့ရတဲ့ တပ်စခန်းတွေ ပြန်လည်ရယူနိုင်ရေးအတွက် မြ၀တီ သင်္ဃန်းညီနောင် ကျေးရွာအုပ်စုအတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာနေတဲ့အတွက် ဒေသခံတွေ မြဝတီမြို့ဘက် စစ်ရှောင်လာနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံ တတိယနေ့ညမှာတော့ ပါတီရဲ့ ဒုသမ္မတလောင်း အဖြစ်အဆိုပြုခံရသူ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး Tin Waltz က လက်ခံမိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ရှီကာဂိုမြို့ကနေ Kane Farabaugh သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက ပြောပြမှာပါ။
အမေရိကန်ပြည်ထောင်စု Chicago မြို့မှာကျင်းပနေတဲ့ Democratic ပါတီညီလာခံမှာ ပါတီဒုသမ္မတလောင်းအဖြစ် Minnesota ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz ကို ဗုဒ္ဓဟူးနေ့ညက တရားဝင် ရွေးချယ်လိုက်ပါပြီ။
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က ရပ်ကွက်တချို့မှာ ဒီကနေ့ ရေကြီးနေပြီး၊ ဒီတလထဲမှာ ရေကြီး ရေလျှံဖြစ်တာ ၅ကြိမ်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ် အနိမ့်ပိုင်းရပ်ကွက်တွေမှာ တောင်ကျရေနဲ့ ချောင်းရေပေါင်းပြီး ရေကြီးနေတာလို့ ပြောပါတယ်။
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နောင်တရားမြို့မှာ စစ်အင်အား တစ်သောင်းလောက် အမှတ်စဉ်(၁) အခြေခံစစ်သင်တန်းပေးပြီး သြဂုတ် ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့က သင်တန်းဆင်းပွဲကျင်းပခဲ့တယ်လို့ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ် အထက်ပိုင်းမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတာကြောင့် ပူတာအို အပါအဝင် မြို့နယ် ၆မြို့နယ်မှာ ဆန် ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။ ဒေသခံတွေကတော့ ရှိတဲ့ဆန်ကို မျှဝေစားသောက်တာတွေရှိသလို အချိုတွေကတော့ အူလိုင် ခေါ် အပင်တမျိုးကို အမှုန့်ပြုလုပ်ပြီး စားသုံးနေရပါတယ်။ လ
ထိ ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရေးအတွက်လိုအပ်တဲ့ စီးပွားရေးအုတ်မြစ်ခိုင်မာအောင် ဆောင်ရွက်ခဲ့တဲ့ အစီအမံတွေကို အကောင်းဆုံး ချမှတ် အစီအစဉ်များ လို့ အဓိပ္ပါယ်ရမယ့် Best Laid Plans ဆိုတဲ့ စာအုပ်မှာ စီးပွားရေးပညာရှင် Sean Turnell က ရေးသားထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်