ရခိုင်ပြည်နယ်က သံတွဲ ၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်နေပါတယ်။ တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေသလို မာန်အောင်မြို့နယ်မှာလည်း စစ်ရေး ပြင်ဆင်နေတာတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဩဂုတ်လ ၂၈ ကနေ စက်တင်ဘာ ၈ အထိ ကျင်းပမယ့် မသန်စွမ်းသူများ အိုလံပစ်ပြိုင်ပွဲမှာ အပြေး ၊ အလေးမ၊ စားပွဲတင် တင်းနစ်၊ တိုက်ကွမ်ဒို စတဲ့အားကစားတွေမှာ ပါဝင်ယှဉ်ပြိုင်မဲ့ ဒုက္ခသည်များ အဖွဲ့က အားကစားသမားတွေဟာ မျှော်လင့်ချက် ဆိုတဲ့ သတင်းစကားကို အဓိကအားဖြင့် ပါးကြမှာပါ။
တက်တူး အနုပညာရှင်တွေနဲ့ တက်ရဲ့တူးဝါသနာပါသူတွေရဲ့ စုဝေးပွဲကို မက္ကဆီကိုမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့ပါတယ်။ ဒီပွဲကို တက်တူးအနုပညာရှင်တွေ၊ တက်တူးစိတ်ဝင်စားသူတွေ အမြောက်အများ တက်ရောက်ခဲ့ကြသလို ပွဲစီစဥ်သူတွေကလည်း တက်တူးထိန်းသိမ်းနည်းတွေကို မျှဝေဟောပြောခဲ့ကြပါတယ်။
ဆွီဒင်နိုင်ငံသားတွေအနေနဲ့ ကိုယ့်အစားအသောက်က ရတဲ့စွန့်ပစ်ပစ္စည်းကို recycle ပြန်သုံးဖို့ ဥပဒေသစ် တရပ် ထုတ်ပြန်ထားပါတယ်။ အရင်ကတည်းကဒီစနစ်သုံးခဲ့တဲ့ မြို့ရွာတွေအပြင် အခုတော့ မြို့တော် စတော့ဟုမ်း မှာပါ ဒီဥပဒေကို လိုက်နာလာတာ တွေ့ရတဲ့ အကြောင်း AP သတင်း တပုဒ်ကို အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ရခိုင်ပြည်နယ်ထဲမှာ လက်ရှိ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်နေမှုတွေဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က တိုက်ခိုက်မှုမျိုးတွေလိုပဲ ဆိုးရွားပြင်းထန်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International-AI က ၂၀၁၇ ခုနှစ်တိုက်ခိုက်မှု ၇ နှစ်ပြည့်မတိုင်မီ သြဂုတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဒီမိုကရက်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကို ဗုဒ္ဓဟူးနေ့က တတိယနေ့အဖြစ် ရှီကာဂိုမြို့မှာ ဆက်လက်ကျင်းပပါတယ်။ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခံရသူ Minnesota မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz နဲ့ သမ္မတဟောင်း Bill Clinton တို့ စကားပြောကြားမှာဖြစ်ပါတယ်။
“ရှမ်းမြောက်၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အရပ်သားအမြောက်အများ အိုးအိမ်စွန့်ခွါထွက်ပြေးကြရပါတယ်။ ရခိုင်မှာ သြဂုတ် ၅ ရက် တရက်တည်းမှာတင် ၂၀,၀၀၀ လောက် ထွက်ပြေးရပြီး ရှမ်းပြည်မြောက်ပိုင်းမှာ ဇွန်လကုန်ပိုင်းမှာတင် ၃၃,၀၀၀ ထောင်လောက် အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ရပါတယ်" (Stephane Dujarric))
"အိမ်တွေကို စကစက မီးရှို့တဲ့ဟာတွေ။ ရွာလုံးကျွတ်ရွှေ့ပြောင်းရတဲ့သူတွေဆိုရင် ဥယျာဉ်ခြံတွေလုပ်လို့မရတော့လေ။ စားနပ်ရိက္ခာအခက် တွေ့နေတယ်။ ပိုက်ဆံကလည်း မရှိဘူးဆိုတော့လေ။ တဲထိုးပြီးတော့ နေတယ်ခင်ဗျ။ အိမ်ထောင်စု ၁၀၊ ၂၀ စုပြီးတော့ သူ့တဲလေးနဲ့သူ ထိုးပြီးတော့ ဒီလိုမျိုးပုံစံနဲ့ နေတယ်ပေါ့နော်။" (စစ်ရှောင်ကူညီသူ)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ ၉ ကြိမ်မြောက် အရှေ့အလယ်ပိုင်းခရီးစဉ် အင်္ဂါနေ့နှောင်းပိုင်းမှာ အဆုံးသတ်ခဲ့ပြီး အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး သဘောတူညီချက်ရရှိဖို့ လိုအပ်ကြောင်း ပြောလိုက်ပါတယ်။
လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်စစ်ဆေးတဲ့ အထူးကိုယ်စားလှယ်ဟာ ဝါဒဖြန့်နေတယ်လို့ စွပ်စွဲပြီး ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ကြောင်း တာလီဘန်အစိုးရ ပြောခွင့်ရက အာဖဂန် ဒေသတွင်း Tolo အသံလွှင့်ဌာနကို ပြောခဲ့တာပါ။
ဒီမိုကရက်တစ်ပါတီညီလာခံ ဒုတိယနေ့ညမှာ သမ္မတဟောင်း Obama တို့ ဇနီးမောင်နှံက ဒုသမ္မတ Kamala Harris ကို ထောက်ခံ အားပေးတဲ့စကားတွေ ပြောကြားခဲ့ကြတဲ့ တချိန်ထဲမှာဘဲ ပြိုင်ဘက် Donald Trump ကိုလည်း ထိုးနှက် တိုက်ခိုက်ခဲ့ကြပါတယ်။
မန္တလေးတိုင်း တံတားဦးမြို့နယ်ထဲက စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေး လက်အောက်ခံ တပ်စခန်းတခုကို သိမ်းပိုက်လိုက်ကြောင်း ဒေသခံကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ တချိန်တည်းမှာပဲ မန္တလေးတိုင်း နွားထိုးကြီးမှာတော့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့လည်း ပြောပါတယ်။
မြန်မာငွေတန်ဖိုး သိသိသာသာ ကျဆင်းနေတာကြောင့် စားသောက်ကုန်နဲ့ ဆေးဝါးအပါအဝင် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ အဆမတန် ထိုးတက်ကုန်ပြီး ပြည်တွင်းစစ်နဲ့ စီးပွားကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တိုင်းသူ ပြည်သားတွေ ကြီးမားတဲ့ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေ၊ ဆိပ်ကမ်းနဲ့ နယ်စပ် အဝင်အထွက် နေရာတွေမှာ ရောဂါ စောင့်ကြည့်တာအပြင် လူထုကြား ရောဂါ ကာကွယ်ရေး အသိပညာပေးတာတွေ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရှီကာဂိုမြို့မှာ ကျင်းပနေတဲ့ ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံ ဒုတိယ နေ့မှာတော့ အမေရိကန် သမ္မတဟောင်း Barack Obama က မိန့်ခွန်း ပြောကြားပြီး ဒုသမ္မတ Kamala Harris ဟာ လာမယ့် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ Donald Trump ကို ယှဉ်ပြိုင်ဖို့ မှန်ကန်တဲ့ ရွေးချယ်မှုပဲ ဆိုတာ ပြောခဲ့ပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့အနီး စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာမှာ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ မကြာသေးခင်က တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေတဲ့ ဒေသခံတွေဟာလည်း အရေးပေါ် အကူအညီတွေ လိုအပ်နေချိန်မှာပဲ စစ်ရေးတင်းမာမှုတွေ ပေါ်ပေါက်နေတာပါ။
ရုရှား-ယူကရိန်း စစ်ပွဲစတင်တဲ့ ၂၀၂၂ ခုနှစ်ကစလို့ ရုရှားနိုင်ငံမြို့တော် မော်စကို ကို ယူကရိန်းက ဒရုန်း အများဆုံး သုံးပြီး တိုက်ခိုက်ခဲ့ကြောင်း ရုရှား အာဏာပိုင်တွေက ဒီကနေ့ ဩဂုတ်လ ၂၁ ရက်နေ့မှာ ပြောကြားလိုက်ပြီး မြို့တော်ကို ဦးတည်လာနေတဲ့ ဒရုန်း အားလုံးကို သူတို့ဘက်က ပစ်ချနိုင်ခဲ့ကြောင်း ပြောပါတယ်။
မြန်မာ အပါအဝင် ကမ္ဘာတဝန်း ဘေးဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့ သူတွေအတွက် ဝိုင်းဝန်း ဆုတောင်း မေတ္တာပို့သပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာဝင်တွေကို ဒီကနေ့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။ ပုံမှန် အပတ်စဥ် ကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက ခုလို မိန့်ကြားခဲ့တာပါ။
ဒီနှစ် ဆန်စပါး အရန်သိုလှောင်မှု ပမာဏကို ဆန်စပါးအသင်းချုပ်က တိုးမြှင့်လိုက်ပြီး၊ ဆန်အိတ် ၁ သန်းကို ကနဦး သိုလှောင်သွားမယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ရေဘေးဒဏ်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ထိခိုက်ခဲ့ရပြီးနောက် အခုလို အရန်ဆန်တွေ တိုးမြှင့်သိုလှောင်မယ့် အစီအစဉ် ထွက်ပေါ်လာတာပါ။
မကြာသေးခင်ကမှ အမေရိကန်ပြည်ထောင်စုမှာ စတင်ရောင်းချမောင်းနှင်တဲ့ Tesla Cybertruck တက်ဆလာ ဆိုင်ဘာထရပ် လျှပ်စစ်ကားကို ရုရှားမှာ ရှားရှားပါးပါးတွေ့ရပြီး ဒီကားပိုင်ရှင်က စစ်မြေပြင်ကားအဖြစ် မွမ်းမံတပ်ဆင်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်