၄၅ ပေထိကြီးမားကျယ်ပြန့်တဲ့ 3D သုံးဖက်မြင် ပရင်တာနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ အိမ်နံရံတွေက ပြင်းထန်တဲ့ Texas ပြည်နယ်ရဲ့ အပူဒဏ်ကိုခံနိုင်ပြီးထူထဲတဲ့ ကွန်ကရစ်နံရံတွေနဲ့ဆောက်လုပ်ထားတဲ့ ဒီအိမ်တွေကို အိမ်ပိုင်ရှင်အများစုက သဘောကျ ကြပါတယ်။ Reuters သတင်းဆောင်းပါးတစ်ပုဒ်ကို အခြေခံပြီး ကိုစံကျော် ပြောပြပါမယ်။
နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်း ကာဒူနာ ပြည်နယ်က Shamsuddeen Jibril ဟာ ကောက်ပဲသီးနှံတွေမှာ ရောဂါပိုးကျမကျ ထောက်လှမ်းနိုင်တဲ့ ဒရုန်းကို တီထွင် လိုက်တဲ့အကြောင်း VOA သတင်းထောက် Alhassan Bala က အဘူဂျာကနေ သတင်းပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
နွေရာသီကာလဟာ အမေရိကန်တွေအတွက် အိမ်ပြင်မှာ အတတ်နိုင်ဆုံး ပိုပြီး အချိန်ကုန်ဆုံးစေတဲ့ကာလပါ။ စားသောက်ဆိုင်ထိုင်ရင်လည်း ဆိုင်ပြင်က စားပွဲမှာ ထိုင်ကြလေ့ရှိတာပါ။ ဒါပေမယ့်လည်း အခုအခါ ဆိုင်ပြင်က ခုံမှာ ဆိုင်လာစားသူတွေ နေရာချထားပေးဖို့ တချို့ဆိုင်တွေမှာ အခက်တွေ့လာနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ကျွန်းတစ်ကျွန်းမှာ လွန်ခဲ့သည့်နှစ်ပေါင်း 7 သိန်းတုန်းက သွားလာနေထိုင်ခဲ့ကြတဲ့ အရပ်သုံးပေလောက်ပဲရှိတဲ့ အစောပိုင်းလူသားတွေကို ကျောက်ဖြစ် ရုပ်ကြွင်းအထောက်အထားတွေကနေတဆင့် သုတေသီတွေက အတည်ပြုခဲ့ကြပါတယ်။ အေပီ သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြမှာပါ။
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ သမိုင်းဝင်နေအိမ်ကို ဒီကနေ့ မနက်က ကမာရွတ်ခရိုင် တရားရုံးရဲ့ အစီအစဉ်နဲ့ ဒုတိယအကြိမ်မြောက် လေလံတင်ရောင်းချခဲ့ပေမဲ့ လေလံဆွဲ ဝယ်ယူမယ့်သူ မရှိတာကြောင့် လေလံမအောင်ဘဲ ပြီးဆုံးသွားပါတယ်။
အာဖရိကတိုက်မှာကူးစက်နေတဲ့ မျောက်ကျောက် ခေါ် mpox ရောဂါကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာလိုက်ပါတယ်။ mpox ရောဂါနဲ့ပတ်သက်လို့ ကမ္ဘာတဝန်း ဘယ်လိုကိုင်တွယ်ဆောင်ရွက်ကြမလဲဆိုတာနဲ့ ဒီလို အရေးပေါ်အခြေအနေသတ်မှတ်ဖို့ WHO က ဗုဒ္ဓဟူးနေ့မှာ အစည်းအဝေးခေါ်ယူခဲ့ရပါတယ်။
အစ္စရေးနဲ့ဟာမတ်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဖို့ အမေရိကန်၊ အီဂျစ်နဲ့၊ ကာတာတို့ အပြင်းအထန်ကြိုးပမ်းနေပေမဲ့ ဂါဇာ ငြိမ်းချမ်းရေးရည်မှန်းချက်ဟာ ပိုပြိးတော့ ခက်ခဲလာပုံရတယ်လို့ အမေရိကန်သမ္မတ Joe Biden က ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ မြန်မာနိုင်ငံကိုရောက်စဥ် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ပြည်ပစွက်ဖက်မှုကိုဆန့်ကျင်ပြီး အမျိုးသားရင်ကြားစေ့ရေး မူဘောင်အောက်က ဆောင်ရွက်မှုတွေကို ထောက်ခံသွားမယ်လို့ ပြောခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းမှာဖော်ပြပါတယ်။
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ အနိမ့်ပိုင်း ရပ်ကွက် ၆ ခုလောက်မှာ ရေကြီးရေလျှံနေပြီး စာသင်ကျောင်းတချို့ ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ ရေဘေးဒုက္ခသည် အရေအတွက်လည်း ထောင်နဲ့ချီရှိနေပါတယ်။
"အဓိကတော့ တရားမဝင် နိုင်ငံခြားသား ပပျောက်ရေးပေါ့။ တရားမဝင်အလုပ်သမား ပပျောက်ရေး စီမံကိန်းပေါ့။ မလေးရှားမှာက နိုင်ငံသားတွေကနေ တိုင်တန်းတဲ့ ကိစ္စတွေမှာ မဖြစ်မနေဖမ်းရတဲ့ကိစ္စတွေရှိတယ်။ ဒါကျနော်တို့ လက်ရှိကြုံနေရတဲ့ အရှိတရားပေါ့။" (ဦးအေးလှိုင်-ဥက္ကဋ္ဌ၊ မြန်မာအလုပ်သမားများအဖွဲ့ (မလေးရှား))
စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံကထောက်ခံကြောင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တယ်လို့နိုင်ငံပိုင်သတင်းကဖော်ပြခဲ့တာပါ။
ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း ရဲ့ ခရီးစဉ်အပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ရောက်လာတာဟာ လက်ရှိ မြန်မာနိုင်ငံ အကျပ်အတည်းတွေအပေါ် စိုးရိမ်မှုကို ပြသရာရောက်နေတယ်လို့လည်း သုံးသပ်ကြပါတယ်။
ဂျပန်ဝန်ကြီးချုပ် Fumio Kishida က လာမယ့် စက်တင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ ပါတီတွင်း ခေါင်းဆောင်သစ် ရွေးချယ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာမဟုတ်ကြောင်း ဒီကနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ ရုတ်တရက် ကြေညာလိုက်တဲ့အတွက် ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ကြရတော့မှာပါ။
သံတွဲ၊ ဂွနဲ့ မြောက်ပိုင်းက မောင်တော မှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ အကဲခတ်တွေက ပြောပါတယ်။ ဒီရက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာတဲ့ ဂွမြို့မှာတော့ မြို့ခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရသလို၊ ဆေးရုံလုပ်ငန်းတွေပါ ရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂျက်တိုက်လေယာဉ်တွေနဲ့ အဆင့်မြင့် ဝေဟင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေအပါအဝင် ဒေါ်လာ ဘီလီယံ ၂၀ တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ အစ္စရေးကို ရောင်းချဖို့ အတည်ပြုလိုက်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့ ဩဂုတ်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စက်သုံးဆီ၊ အထူးသဖြင့် အောက်တိန်းဓာတ်ဆီ ရှားပါးမှုတွေ သီတင်းပတ်နဲ့ချီ ကြုံနေရတာကြောင့် အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့မှာ ဆိုရင်လည်း စက်သုံးဆီ ပြတ်လတ်မှုကြောင့် လုပ်ငန်းတွေ ရပ်လုနီးပါး ဖြစ်နေတယ်လို့ ပြောကြပါတယ်။
ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသ အခြေစိုက် စစ်ကောင်စီရဲ့ စခန်းတချို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းကပါ တုံ့ပြန်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ထောင်ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။
ရာဇဝတ်မှု နောက်ကြောင်းမရှင်းသူ တယောက်ကို အစိုးရအဖွဲ့မှာ ခန့်အပ်ခဲ့တဲ့ ကိစ္စအတွက် ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို အပြစ်ရှိကြောင်း ထိုင်းဖွဲ့စည်းပုံတရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ တရားသူကြီး ၉ ဦးအနက် ၅ ဦးကအပြစ်ရှိကြောင်း မဲပေးခဲ့တာကြောင့် ဝန်ကြီးချုပ်ဟာ ရာထူးကနေဆင်းပေးရမှာပါ။
အမေရိကန် ဒုသမ္မတ Kamala Harris ကို ဝေဖန်သူတွေက သူအမျိုးသမီးဖြစ်တာကို ထောက်ပြပြီး မသိမသာရော သိသိသာသာရော အမျိုးသမီးတွေအနေနဲ့ ကမ္ဘာမှာ အာဏာအရှိဆုံးအလုပ်ကို မလုပ်နိုင်ဘူးလို့ ဝေဖန်ပါတယ်။ နောက်တခုကတော့ သူ့ရဲ့ လူမျိုးရေးပေါ် အခြေခံပြီးလည်း တိုက်ခိုက်နေတဲ့အကြောင်း ကျား/မရေးရာ လေ့လာသူတွေက ထောက်ပြနေပါတယ်။
ဂျပိုးပျံ့နှံ့တဲ့ ပြဿနာရှိတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်ကနေ အိုလံပစ်ပွဲအပြီး အားကစားသမားတွေပြန်လာတော့ ကိုရီးယားအာဏာပိုင်တွေ အဓိက စိတ်ပူတာ ပါရီဂျပိုးပါလာမှာကိုပဲ ဖြစ်ပါတယ်။ ပါရီမြို့တော်မှာက ၂၀၂၃ နှစ်ဝက်ကျော်မှာ ဂျပိုးကူးစက်ပျံ့နှံ့မှုဖြစ်ပြီး ဂျပိုးအမြစ်ဖြတ်ဖို့ တော်တော်လုပ်ခဲ့ရတာပါ။
နောက်ထပ်ကြည့်ရှုရန်