မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအသစ်ဖြစ်ပေါ်ခဲ့ပြီး ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများကို ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေဟာ ကောလဟလတွေသာဖြစ်တယ်လို့ တပ်မတော် သတင်းနဲ့ ပြန်ကြားရေးက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဓားစာခံအစ္စရေးတယောက်ကို ဟာမတ်စ်အစောင့်တယောက်ကသတ်ပစ်လိုက်ပြီး ဓားစာခံနှစ်ယောက်လည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဟာမတ်စ်က ပြောပါတယ်။ ပါလက်စတိုင်းတွေကို အစ္စရေးက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ဓားစာခံကို အစောင့်ကသတ်လိုက်တာဖြစ်တယ်လို့ ဟာမတ်စ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Abu Obaida က အပြစ်တင်လိုက်ပါတယ်။
ရုရှားရဲ့ Kursk ဒေသကို ရေရှည်ထိန်းထားဖို့ စိတ်မဝင်စားကြောင်း ယူကရိန်းက အင်္ဂါနေ့ကပြောပါတယ်။ ဒါပေမဲ့ ခုအချိန်မှာ ဒါကြောင့် ယူကရိန်းအရှေ့ပိုင်းကို ရုရှားတပ်တွေပိုပြီးပို့ဖို့ ကြိုးစားနေတာတွေ ခက်ခဲသွားနိုင်တယ် လို့ ယူကရိန်းက ပြောပါတယ်။
တောင်သာမြို့ တရုတ်ရေနံပိုက်လိုင်းစောင့်တဲ့တပ်စခန်းနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးခဲ့ပြီး မြင်းခြံနဲ့ တောင်သာမြို့အစပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံအနီး တိုက်ပွဲတွေကြောင့်လည်း စက်ရုံတွေပိတ်ထားလိုက်ရပါတယ်။
အမေရိကန်ကုမ္ပဏီ Boeing ဆီက အပါချီ တိုက်ရဟတ်ယာဥ် ၉၆ စီး ဝယ်ယူမယ့် ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ စာချုပ်ကို ပိုလန်က အင်္ဂါနေ့က လက်မှတ်ထိုးလိုက်ပါတယ်။ ၂၀၂၂ ခုနှစ် အိမ်နီးချင်း ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးကတည်းက ပိုလန်နိုင်ငံဟာ သူ့ရဲ့လက်နက်ကိုင်တပ်တွေ ခေတ်မီဖို့ အရှိန်မြှင့် လုပ်ဆောင်နေခဲ့တာပါ။
ဒုသမ္မတ Kamala Harris က သူ အစိုးရရှေ့နေ ဘဝကစလို့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စတွေ ဆောင်ရွက်ခဲ့တာကို ထောက်ပြ မဲဆွယ်နေချိန်မှာ Donald Trump ကတော့ လက်ရှိအစိုးရ လက်ထက်မှာ နိုင်ငံထဲ ရွှေ့ပြောင်း ဝင်ရောက်သူဦးရေ စံချိန်တင် အများဆုံး ဖြစ်လာတယ်လို့ ဝေဖန်ပြီး နေရပ် ပြန်ပို့မယ်လို့ ကတိပြု ပြောဆိုနေပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှာဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ကတည်းက ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့မှာ မဟုတ်ဘူးလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်တွေကို ဖြေကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းအဆမတန် တက်လာနေချိန် အလုပ်သမားတွေအတွက် တရက်တာလုပ်ခလစာ အနိမ့်ဆုံး ၆,၈၀၀ ကျပ် အဖြစ် စစ်ကောင်စီက တိုးမြှင့်သတ်မှတ်လိုက်ပေမဲ့ လက်တွေ့မှာ ပြေလည်နိုင်မှာမဟုတ်ဘူးလို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ဗွီအိုအေကိုပြောပါတယ်။
ဟာမတ်စ်အဖွဲ့ခေါင်းဆောင် သတ်ဖြတ်ခံလိုက်ရတဲ့ကိစ္စအတွက် လက်စားချေမှုတွေ မလုပ်ဆောင်ဘဲ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန် ၃ နိုင်ငံရဲ့ တောင်းဆိုမှုကို အီရန်က ပယ်ချလိုက်ပြီး ဒါဟာ နိုင်ငံရေးအရ ယုတ္တိမရှိတဲ့ တောင်းဆိုချက်ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၈ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အမေရိကန်ပြည်ထောင်စု Los Angeles မြို့ကို မနေ့က အိုလံပစ် အလံ ဆိုက်ရောက်လာပါတယ်။ အမေရိကန် အားကစားအသင်း Tracksuit ဝတ်ထားတဲ့ Los Angeles မြို့တော်ဝန် Karen Bass က ပြင်သစ်နိုင်ငံကနေ ဂျက်လေယာဉ်နဲ့ အလံကို သယ်လာခဲ့တာပါ။
တနင်္လာနေ့က ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump နဲ့ စီးပွါးရေးလုပ်ငန်းရှင် ကုဋေကြွယ်သူဋ္ဌေး Elon Musk တို့နှစ်ဦး တွေ့ဆုံမေးမြန်းခန်းကို Elon Musk ရဲ့ X လူမှုကွန်ယက်က တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ် နည်းပညာပိုင်းချို့ယွင်းမှုတွေကြောင့် ထုတ်လွှင့်မှု ကြန့်ကြာခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ စနစ်တကျ ညှဉ်းပန်းနှိပ်စက်တာ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာနဲ့ ကလေးငယ်တွေကို နှိပ်စက်တာ စတာတွေအပါအဝင် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM က အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ချင်းပြည်နယ်မှာ အရေးပါတဲ့ ဟားခါး-ထန်တလန် ကားလမ်းတလျှောက် စစ်ကောင်စီတပ်စခန်းတွေကို ဒေသခံ တော်လှန်ရေးအဖွဲ့တွေ ထိုးစစ်ဆင်နေရာက တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းယူထားတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နမ့်ဆန်ကို တနင်္လာနေ့ ညသန်းခေါင်အချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ ပျက်စီးမှုတွေ ရှိခဲ့ကြောင်း ဒေသခံအဖွဲ့အစည်းတွေက ပြောပါတယ်။
ဂရိနိုင်ငံမှာ တနင်္ဂနွေနေ့ကတည်းက စတင်လောင်ကျွမ်းခဲ့တဲ့ တောမီး Athens မြို့တော် မြောက်ဘက် ဆင်ခြေဖုံးအထိ အကြီးအကျယ် ပျံ့နှံလာနေတဲ့အတွက် အမြင့်ဆုံး အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားရသလို မီးငြိမ်းသတ်ရေး ဥရောပ သမဂ္ဂရဲ့ အကူအညီကို တရားဝင် တောင်းခံထားရပါတယ်။
တရုတ်နိုင်ငံခြားရေး၀န်ကြီး Wang Yi ဟာ ထိုင်းနိုင်ငံမှာ ပြုလုပ်မည့် မဲခေါင် နိုင်ငံများ အစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ ရှိကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
အမေရိကန် လူငယ်မဲတွေ နဲ့ ထရမ့် သို့မဟုတ် ဟဲရစ် သမ္မတ ဖြစ်လာနိုင်မလား၊ လူငယ်မဲဆန္ဒရှင်တွေ အကြား ထောက်ခံမှုတွေ၊ စိတ်အားတက်ကြွတာတွေ တိုးလာတာကို နှစ်ဘက်စလုံးက စီစဉ်သူတွေကတော့ မြင်ကြရပါတယ်။ ဒါပေမဲ့လည်း သမိုင်းမှတ်တမ်းတွေ အရတော့ လူငယ်တွေဟာ ရွေးကောက်ပွဲမှာ မဲလာပေးတာ နည်းပါတယ်။
ဂရိနိုင်ငံ၊ မြို့တော်အေသင်အနီးထိရောက်လာတဲ့ ပြင်းထန်လှတဲ့တောမီးကြီးတွေဟာ တနင်္လာနေ့မှာတော့ မြို့စွန်ထိ ကူးစက်လာပါတယ်။ အိမ်တွေ ကားတွေ မီးဘေးသင့်ပြီး လမ်းတွေလည်း မီးခိုးတွေ ပြာမှုန်တွေနဲ့ ဖုံးအုပ်ကုန်သလို ရာနဲ့ချီတဲ့လူတွေလည်း ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရပါတယ်။
ရုရှားက Kursk ဒေသထဲ ယူကရိန်းတို့ ကျူးကျော်လာတာဟာ ယူကရိန်းအရှေ့ပိုင်း Donbas ဒေသထဲက ရုရှားတို့ရဲ့ထိုးစစ်ကို အာရုံလွှဲဖို့ ကြိုးပမ်းချက်သာဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin က တနင်္လာနေ့မှာ ပြောပါတယ်။ စစ်ပွဲအဆုံးသတ်ရေးညှိနှိုင်းတဲ့အခါ အနေအထားကောင်းတခုကိုရဖို့ ကြိုးပမ်းမှုလို့လည်း ပူတင်ကပြောပါတယ်။
ရခိုင်ပြည်နယ်မောင်တောနဲ့ ရှမ်းပြည်နယ်လားရှိုးတို့မှာ ပြင်းထန်တဲ့တိုက်ပွဲ တွေကရှောင်ဖို့ ကြိုးပမ်းကြတဲ့အရပ်သားတွေ သတ်ဖြတ်ခံနေကြရတဲ့ သတင်းတွေကြားနေရပြီး ပြင်းထန်လာတဲ့ပဋိပက္ခတွေကြား သန်းနဲ့ချီတဲ့ပြည်သူတွေက မြေဇာပင်ဖြစ်ကြရတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရုံး၊ လက်ထောက်ပြောခွင့်ရ Farhan Haq ကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်