ဗြိတိန်နိုင်ငံ တလွှားမှာ စနေနေ့က လူမျိုးရေးခွဲခြားမှု မရှိစေဖို့ ထောင်နဲ့ချီပြီး တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။ Southport မှာ မိန်းကလေးငယ် ၃ ဦး ဓားထိုး အသတ်ဖြတ်ခံရတဲ့နောက် လက်ယာစွန်းရောက်သူတွေက ပြောင်းရွှေ့ အခြေချသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာတာကို ဆန္ဒပြကြတာ ဖြစ်ပါတယ်။
ပါရီအိုလံပစ်အားကစားပြိုင်ပွဲရဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို စနေနေ့က ကစားရာမှာ အမေရိကန် အမျိုးသမီးဘောလုံးအသင်းက ဘရာဇီးလ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိပြီး ပဉ္စမမြောက် အိုလံပစ်ရွှေတံဆိပ် ဆွတ်ခူးသွားပါတယ်။
ယူကရိန်းတပ်တွေ ဝင်ရောက်လာတာကြောင့် အရေးပေါ် အခြေနေ ကြေညာထားတဲ့ ရုရှားတောင်ပိုင်းက Kursk ဒေသမှာ၊ ဒေသခံ ၇၆,၀၀၀ ကျော်ကို ဘေးလွှတ်ရာ ရွှေ့ပြောင်း ပေးခဲ့တယ်လို့ ရုရှားအစိုးရ ဒေသဆိုင်ရာ အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်က ရဲစခန်းနဲ့ စစ်တပ် ထောက်ခံတဲ့ ပျူရွာတရွာမှာ တပ်စွဲထားတဲ့ တပ် စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ၂ ဖက် ကျဆုံးမှုတွေ ရှိတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မြိုင် ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
စစ်ကောင်စီဟာ ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားတဲ့ ငွေလွှဲစနစ်တွေကနေ အိမ်ပြန်လွှဲကြဖို့ သြဂုတ်လ ၆ ရက်က ထပ်မံ ဖိအားပေးလာပါတယ်။ ဒါပေမဲ့ နိုင်ငံခြားငွေစျေးနှုန်း ပြင်ပပေါက်စျေးတွေ တနေ့တခြား တက်လာတဲ့အတွက် အများစုက ငွေပိုရတဲ့ ဟွန်ဒီစနစ်ကိုပဲ အဓိက အသုံးပြုနေကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက လာရှိုးမြို့ကို MNDAA ကိုးကန့်တပ်ဖွဲ့တွေက သိမ်းယူပြီး နောက်မှာ တရုတ်နိုင်ငံမှာ ကျင်းပဖို့စီစဉ်ထားတဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့တွေရဲ့ ဟိုင်ဂင် ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ငြင်းပယ်လိုက်တဲ့နောက်မှာ တရုတ် အထူးကိုယ်စားလှယ် နေပြည်တော်ကို ရောက်လာခဲ့တာပါ။
လူ့အခွင့်အရေးအဖွဲ့တွေ ကန့်ကွက်တဲ့ကြားက ဒီအင်တာနက် Online ရာဇဝတ်မှုတွေကို ပစ်မှတ်ထားတဲ့ ဥပဒေမူအတွက် ၃ နှစ်ကြာ ညှိုနှိုင်းခဲ့အပြီး အခုနောက်ဆုံး နယူးယောက်မှာ မူကြမ်းရေးဆွဲရေးကော်မတီ အဖွဲ့ဝင်နိုင်ငံတွေ ၂ ပတ်ကြာဆွေးနွေးခဲ့ပြီးတဲ့နောက်မှာ အားလုံးက သဘောတူခဲ့ကြတာပါ။
လစာကောင်းကောင်းရမယ်လို့ ဖျားယောင်းသွေးဆောင်ပြီး အရှေ့တောင်အာရှနိုင်ငံတွေက အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ အိန္ဒိယနိုင်ငံသားတွေ ဆွဲဆောင်ခံနေရတဲ့ကိစ္စကို အရေးကြီးတဲ့ကိစ္စအဖြစ် အိန္ဒိယအစိုးရက ကိုင်တွယ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာကျင်းပနေတဲ့ အိုလံပစ်အားကစားပြိုင်ပွဲ ၁၄ ရက်မြောက် ဒီနေ့မှာ ပြင်သစ်နဲ့ စပိန်ကန်ကြမယ့် အမျိုးသားဘောလုံး ဗိုလ်လုပွဲ၊ မာရသွန်ရေကူးပြိုင်ပွဲ၊ မီတာ ၄၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပွဲ စတဲ့ အားကစားပွဲတွေ ကျင်းပနေပါတယ်။
နိုဝင်ဘာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ် လွှမ်းမိုးနိုင်ဖို့ရည်ရွယ်တဲ့ အွန်လိုင်းတိုက်ခိုက်မှုတွေကို အီရန်က တိုးမြှင့်လုပ်ဆောင်နေတယ်လို့ Microsoft နည်းပညာကုမ္ပဏီကြီးက ဒီနေ့ သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ဖို့ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်းတွေဟာ အခုအခါမှာ လက်တွဲဖက် ဒုသမ္မလောင်းတွေကို ရွေးချယ်ပြီးပါပြီ။ ဒါပေမယ့်လည်း အခုလို ရွေးချယ်လိုက်တဲ့သူတွေဟာ လာမယ့် နိုဝင်ဘာမှာကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဘယ်လောက် အထောက်အကူ ဖြစ်မှာပါလဲ။
ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း ကင်ဆာရောဂါနဲ့ မနေ့ ဩဂုတ်လ ၈ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ ကင်ဆာရောဂါအတွက် တရုတ်နိုင်ငံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ ပစိဖိတ်ကမ်းရိုးတမ်းဒေသမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတခု လှုပ်နိုင်တာကြောင့် ပြည်သူတွေ ဘေးကင်းရာ ထွက်ခွာဖို့ ပြင်ထားဖို့ ဂျပန်ဘူမိဗေဒဌာနက ဘယ်တုန်းကမှနဲ့ မတူတဲ့ သတိပေးမှုထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲဟာ မူဆယ်မြို့ကို ဝိုင်းရံထားတဲ့ ညီနောင် မဟာမိတ်တွေက စစ်ကောင်စီတပ်တွေကို လက်နက်ချဖို့ ကမ်းလှမ်းကြောင်း သတင်းထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ဖြစ်ပွားခဲ့တာလို့လည်း ပြောပါတယ်။
သံတွဲအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်အပါအဝင် ပြစ်မှုမျိုးစုံနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား စုစုပေါင်း ၃၇၂ ယောက်ကို ကယ်တင်ပြီး ဘေးလွတ်ရာကို ကယ်ထုတ်လိုက်တဲ့အကြောင်း အာရက္ခ တပ်တော် AA က မနေ့ ဩဂုတ်လ ၈ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ် လွှတ်တော်မှာ အမတ်နေရာ ၁၅၁ နေရာ အနိုင်ရခဲ့တဲ့ Move Forward ပါတီကို လူထုပါတီလို့ အဓိပ္ပါယ်ရတဲ့ Prachachon လို့နာမည်သစ်ပေးပြီး နည်းပညာပိုင်း စွန့်ဦးတီထွင်သူ အသက် ၃၇ နှစ်အရွယ် Natthaphong Ruengpanyawut ကိုခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ပါတယ်။
အစ္စရေး ဟားမတ်စ် စစ်ပွဲတွေကြား ပါလက်စတိုင်းတွေရဲ့ keffiyeh (ကက်ဖေရဲ) ရိုးရာပုဝါတွေကို ကမ္ဘာတဝှမ်း သတိပြုမိလာကြပါတယ်။ စစ်ပွဲတွေကြောင့် အာရပ်မျိုးနွယ်တွေရဲ့ ရိုးရာယဥ်ကျေးမှုဖက်ရှင်ကွယ်ပျောက်သွားမှာကို တချို့ကလည်းစိုးရိမ်ကြပါတယ်။ VOA သတင်းထောက် Keith Lane သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပါမယ်။
ရုရှားနဲ့ အနောက်အင်အားကြီးနိုင်ငံတွေကြား ဩဂုတ်လ ၁ ရက်နေ့က သမိုင်းဝင် အကျဉ်းသားလဲလှယ်ရေးလုပ်ခဲ့ကြပြီး နောက်တပတ်မှာပဲ ပြန်လွတ်လာတဲ့ ရုရှားနိုင်ငံရေးအကျဉ်းသားတချို့ ဂျာမနီနိုင်ငံကို ခိုလှုံဖို့ရောက်လာကြပါတယ်။ Marcus Harton သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပေးပါမယ်။
အမေရိကန်သမ္မတ ကိုယ်စားလှယ်လောင်းတွေဟာ သူတို့သာအာဏာရမယ်ဆိုရင် တိုင်းပြည်ကို ဘယ်လိုပုံစံမျိုးနဲ့ အုပ်ချုပ်မလဲ ဆိုတာ အမေရိကန်လူထုကို တင်ပြ သိမ်းသွင်းစည်းရုံးရပါတယ်။ ဒီထဲမှာ ငွေကြေးဖေါင်းပွပြီး ကုန်စျေးနှုန်းကြီးလာတဲ့ကိစ္စလည်း ပါဝင်ပါတယ်။
ဘင်္ဂလားဒေ့်ရှ်နိုင်ငံမှာ ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့အတွက် နိုဘယ်ဆုရှင် Muhammad Yunus ဒါကာမြို့တော်ကိုရောက်လာတဲ့အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဟာ သူတို့အတွက် ပိုပြီးတော့ ကောင်းမွန် လှပတဲ့အနာဂတ်ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။ ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်ပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်