ရုရှားနဲ့ယူကရိန်းတပ်တွေဟာ ရုရှားပိုင် Kursk ဒေသမှာ တတိမြောက်နေ့ ဆက်ပြီး တိုက်ခိုက်နေဆဲပဲလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါ
အီရန်နဲ့ အီရန်က ထောက်ပံ့နေတဲ့အဖွဲ့တွေ တိုက်ခိုက်လာနိုင်ခြေရှိနေတာကြောင့် သြဂုတ်လ ၈ ရက်မှာ F-22 တိုက်လေယာဉ်အုပ်စု ရောက်လာကြောင်း ဂျက်တိုက်လေယာဉ်တွေ ပုံကို အရှေ့အလယ်ပိုင်းဒေသ အမေရိကန်တပ်ဖွဲ့တွေကိုကွပ်ကဲတဲ့ အလယ်ပိုင်းစစ်ဌာနချုပ်က လူမှုမီဒီယာမှာ ပြသခဲ့ပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီကဟဲရစ္စ်နဲ့ ရီပတ်ဘလစ်ကင်ပါတီကထရမ့်တို့ လာမယ့်စက်တင်ဘာလထဲ စကားစစ်ထိုးပွဲ ၃ ကြိမ်ပြုလုပ်လိုတယ်လို့ သမ္မတဟောင်း Trump က ပြောပါတယ်။ စက်တင်ဘာ ၄ ရက်မှာ Fox၊ ၁၀ ရက်မှာ ABC နဲ့ ၂၅ ရက်နေ့မှာ NBC သတင်းဌာနတွေမှာ စကားစစ်ထိုးကြဖို့ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ဩဂုတ်လ ၈ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တွင်း လယ်သမားအတော်များများဟာ ဒီနှစ်စပါးစိုက်ပျိုးရာသီမှာ သူတို့ရဲ့ လယ်ဧက တချို့တဝက်လောက်ကိုပဲ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ် တွေမှာ ဒီလဆန်းပိုင်း ရေကြီးရေလျှံတာကြောင့် စပါးစိုက်ခင်းတွေ ပျက်စီးတာတွေရှိခဲ့ပါတယ်။
နတ်မြစ်ထဲမှာ အင်္ဂါနေ့က နစ်မြုပ်သွားတဲ့ လှေပေါ်ပါလာသူ ရိုဟင်ဂျာအလောင်း စုစုပေါင်း ၃၄ လောင်းကို ဆယ်ယူနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက ပြောပါတယ်။
ပြင်သစ်နိုင်ငံမှာကျင်းပနေတဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲကို ဒီနေ့မှာ ၁၃ ရက်မြောက်အဖြစ်နဲ့ဆက်လက်ယှဉ်ပြိုင်နေတာမှာ၊ ကနူး/ကယက် မီတာ ၅၀၀ တာတို လှေလှော်ပြိုင်ပွဲ အသင်းလိုက် ၄ ယောက်တွဲမှာတော့ ဂျာမနီက ပထမ ရွှေတံဆိပ်ရပြီး၊ သြစတြေးလျက ဒုတိယနဲ့ စပိန်က တတိယရသွားပါတယ်။
လက်ဘနွန်နိုင်ငံတောင်ပိုင်းက နေရာအတော်များများမှာရှိတဲ့ ဟဇ်ဘိုလာအဖွဲ့ရဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ ပြောလိုက်ပါတယ်။
ပြင်ဦးလွင်မြို့မှာ စစ်တပ်အသိုင်းအဝိုင်း၊ ဝန်ထမ်းနဲ့ ဒေသခံတွေ မြို့ကို စွန့်ခွါတိမ်းရှောင်နေကြပါတယ်။ ပြောင်းရွှေ့တဲ့ သူများတဲ့အတွက် ပြင်ဦးလွင်အဆင်းမှာ ယာဉ်တန်းပိတ်ဆို့တာတွေပါ ရှိနေပါတယ်။ ပြင်ဦးလွင်မြို့ရဲ့ နောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားတွေရဲ့ အုံကြွမှုကြောင့် ဒုတိယအကြိမ် လွတ်လပ်ရေးရရှိခဲ့ပြီလို့ ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ နိုင်ငံကို ဒီနေ့ပြန်ရောက်လာတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Muhammad Yunus ကပြောကြားလိုက်ပါတယ်။
ဗြိတိန်နိုင်ငံတဝန်း လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားသလို ဗုဒ္ဓဟူးနေ့က လူမျိုးရေးခွဲခြားမှု တန်ပြန်တဲ့ ဆန္ဒပြပွဲတွေကြောင့် မနေ့ညက အထိကရုန်းတွေ မရှိဘဲ အတော်လေးငြိမ်းချမ်းခဲ့တယ်လို့ လန်ဒန်မြို့တော်ရဲမင်းကြီးက ပြောပါတယ်။
ဂျပန်နိုင်ငံ နာဂါဆာကီ (Nagasaki) မြို့အပေါ် ဒုတိယကမ္ဘာစစ်အတွင်း အနုမြူဗုံးကြဲချခံခဲ့ရတဲ့ နှစ်ပတ်လည်အခမ်းအနားကို အစ္စရေးကို မဖိတ်တဲ့အတွက် အမေရိကန်အပါအဝင် နိုင်ငံတချို့ကသံအမတ်ကြီးတွေ မတက်ဘူးလို့ ပြောကြားခဲ့ကြပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး ၃၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ်နဲ့ မြန်မာနိုင်ငံ မြို့နယ်အတော်များများက တော်လှန်ရေးအင်အားစုတွေ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး ချီတက် ဆန္ဒပြပွဲ ကျင်းပခဲ့ကြသလို၊ ဆွေးနွေး ဟောပြောပွဲတွေလည်း ကျင်းပခဲ့ကြပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးက နေရာ ၄နေရာကို ဒီကနေ့မနက် အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KIO ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ စတော်ဘယ်ရီသီး အားလုံးနီးပါးဟာ ကယ်လီဖိုးနီးယား ပြည်နယ်က ထွက်တာပါ။ ဒီ စတော်ဘယ်ရီသီး တွေကို သူ့အချိန်နဲ့ သူဆွတ်ခူးနိုင်ဖို့ စိုက်ပျိုးရေးသုံး စက်ရုပ်တွေနဲ့ ဆွတ်ခူးနေတဲ့ အကြောင်း VOA သတင်းထောက် Genia Dulot တောင် ကယ်လီဖိုးနီးယားကနေ ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
အမေရိကန်နိုင်ငံရေးမှာ ပြည်ပကဝင်ရောက်စွက်ဖက်မှုတွေက အခုနှစ်ပိုင်းတွေမှာ လူတွေပိုသတိပြုမိလာပြီး အမျိုးသားလုံခြုံရေး၊ ရွေးကောက်ပွဲ မှန်မှန်ကန်ကန် ကျင်းပနိုင်မှုအပြင် အပြန်အလှန် ဆက်ယှက်မှုတွေရှိတဲ့ ကမ္ဘာကြီးမှာ ဒီမိုကရေစီရဲ့ တကယ့်အဓိပ္ပာယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာတွေ ဖြစ်လာခဲ့ပါတယ်။
ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ အကြမ်းဖက်တိုက်ခိုက်ဖို့ ပြင်ဆင်မှုတခုကို ဖော်ထုတ်ဖမ်းဆီးရမိပြီး ဗီယင်နာမှာ ကျင်းပဖို့ ရှိတဲ့ Taylor Swift တေးဂီတဖျော်ဖြေပွဲ သုံးခုလုံးကို ဖျက်သိမ်းလိုက်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခကျယ်ပြန့်မလာစေဖို့ တခြားနိုင်ငံတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုအနေနဲ့ သံတမန်ရေးအရ အပြင်းအထန်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရသူ John Kirby က ပြောပါတယ်။
ယူကရိန်းနဲ့ နယ်ချင်းစပ်နေတဲ့ ရုရှားအနောက်တောင်ပိုင်းက Kursk ဒေသကို နှစ်ရက်မြောက်အဖြစ် ယူကရိန်းတပ်တွေက စစ်ဘက်အရပ်ဘက်မခွဲဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားသမ္မတ Vladimir Putin က သူ့ဝန်ကြီးအဖွဲ့ကို ပြောလိုက်ပါတယ်။
ကန့်ဘလူတောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပူးပေါင်း အင်အား ၅၀၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးနေကြပြီး ကျေးရွာ ၁၃ ရွာလောက်က နေအိမ်တွေ မီးရှို့ခံခဲ့ရတာကြောင့် စစ်ဘေးရှောင်နေရသူတွေအတွက် နေထိုင်စားသောက်ရေးနဲ့ ဆေးဝါးလိုအပ်ချက်တွေများနေကြောင်း ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်