ထိုင်းနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ Move Forward Party ကို ဖျက်သိမ်းမယ် မသိမ်းဘူးဆိုတာ မနက်ဖြန် ဗုဒ္ဓဟူးနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေ ပေါ်လာပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဆက်လက် လက်ခံထားဖို့ အရေးကြီးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Matthew Miller က မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ ဒုက္ခရောက်နေတဲ့အပေါ် အာရက္ခတပ်တော် AA ခေါင်းဆောင်တွေကြောင့်လို့ စစ်ကောင်စီ အကြီးအကဲက ပြစ်တင်ပြောဆိုလိုက်တဲ့အပေါ် တုံ့ပြန်ချက်တွေ ထွက်ပေါ်လာပါတယ်။
အမေရိကန် B-52 ဗုံးကြဲလေယာဉ်တွေဟာ ရုရှားလေပိုင်နက်ကို ဝင်ရောက်ပျံသန်းဖို့လုပ်ပေမဲ့ ရုရှားတိုက်လေယာဉ်တွေက တားဆီးလိုက်နိုင်တယ်လို့ ရုရှားကာကွယ်ရေးဌာနက ပြောပါတယ်။ ဟုတ်မှန်ပါလား။ အသေးစိတ်ကို အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
အမေရိကန် ရွေးကောက်ပွဲ ကာလအတွင်း မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေ အများကြီးရှိလာခဲ့တာပါ။ ဒီလို အပြောင်းအလဲများလာတဲ့ ရွေးကောက်ပွဲကာလအတွင်း ဆိုရှယ်မီဒီယာကို အသုံးပြုပြီး ကိုယ်ထောက်ခံတဲ့ ကိုယ်စားလှယ်လောင်းအတွက် ဗီဒီယိုတွေလည်း အပြိုင်အဆိုင်တင်နေကြတာပါ။ Tina Trinh ရဲ့ သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ AI ခေါ် ဉာဏ်ရည်တုနည်းပညာ အသုံးပြုမှုအသစ်တွေကို အသုံးပြုဖို့ လုပ်ဆောင်နေပါတယ်။ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ပြည်နယ် Seattle မြို့မှာဆိုရင် AI စက်ရုပ်တွေဟာ လုပ်ငန်းခွင် အန္တရာယ်ဖြစ်နိုင်ချေတွေနဲ့ လုပ်ငန်းတိုးတက်မှု မှတ်တမ်းတွေကို လုပ်ဆောင်ပေးနေပါတယ်။
ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ကစက္ကူစက်ရုံကို အလုပ်သမားတွေကိုအကြောင်းမကြားဘဲ ပိတ်သိမ်းခဲ့ပြီး နစ်နာကြေးပေးတာလည်းနည်းနေတာကြောင့် Myanmar Humanitarian Action Centre (MHAC) မဟာမိတ်အဖွဲ့က လိုက်ပါဆောင်ရွက်ပေးခဲ့တာမှာ မြန်မာအလုပ်သမား ၃၈၀ အတွက် နစ်နာကြေး ဘတ်ငွေ ၁၈ သန်းကျော်ရခဲ့တယ်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြားဖြတ်အစိုးရတရပ်ဖွဲ့စည်းလိုက်တာကို အမေရိကန်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ဝန်ကြီးချုပ်နုတ်ထွက်ပြီး ပြည်ပကိုတိမ်းရှောင်သွားခဲ့ပြီး တဲ့နောက် ဘင်္ဂလားဒေ့ရှ်မှာ ကြားဖြတ်အစိုးရဖွဲ့စည်းမယ်လို့ စစ်တပ်က ကြေညာလိုက်တာပါ။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုအခြေအနေတွေနဲ့ပတ်သက်ပြီး အမျိုးသားလုံခြုံရေးအကြံပေးအဖွဲ့နဲ့ တနင်္လာနေ့မှာ တွေ့ဆုံဖို့ရှိသလို ဂျော်ဒန်ဘုရင် Abdullah နဲ့လည်း တယ်လီဖုန်းဆက်ပြောဆိုဖို့ရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖုန်းနဲ့အင်တာနက်သုံးစွဲမှုတွေကို ကန့်သတ်တာ၊ ဖြတ်တောက်တာ၊ အွန်လိုင်းဆင်ဆာလုပ်တာ၊ ထောက်လှမ်းတာတွေ ပိုလုပ်လာတယ်လို့ ပြည်တွင်းသုံးစွဲသူတွေကပြောပါတယ်။ စစ်တမ်းတွေအရ မြို့နယ်ပေါင်း ၉၀ ကျော်မှာ ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။
အမေရိကန် ဒုတိယ သမ္မတ Kamala Harris ဟာ လာမယ့် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲမှာ သူ့ရဲ့ လက်တွဲဘက် ဒု သမ္မတလောင်း ရွေးချယ်ဖို့ စိစစ်နေတာ အတော် ခရီးရောက်နေပါပြီ။ သြဂုတ် ၆ ရက် Pennsylvania ပြည်နယ်မှာ ကျင်းပမယ့် မဲဆွယ်စည်းရုံးပွဲအတွင်း ဒုသမ္မတလောင်း ဘယ်သူဖြစ်မယ်ဆိုတာကို ကြေညာဖို့လည်း ရှိနေတာပါ။
ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ကြောင်း ကြေညာထားတဲ့ စဉ့်ကူးမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဒါဇင်ကျော် သေဆုံးကြောင်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ နယ်မြေတွေ လက်လွှတ် ဆုံးရှုံးမှုတွေရှိခဲ့အကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။
ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြန်မာနိုင်ငံနေရာ တော်တော်များများမှာ စက်သုံးဆီရှားပါးနေတာ သီတင်း ၁ ပတ် ကျော်ပြီလို့ ကိုယ်တိုင်ကြုံသူတွေက ပြောပါတယ်။ လိုသလောက် မရတာကြောင့် ပြင်ပမှာ ဈေးကြီးပေး သုံးစွဲနေရတယ်လို့လည်း ပြောပါတယ်။
ဗီယက်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ စစ်သင်္ဘောတစင်းဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီကနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကို ဆိုက်ကပ်ပြီး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ စတင်ဖို့ ပြင်ဆင်နေပါတယ်။
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅ ယောက် ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အမေရိကန် ဒုသမ္မတ Kamala Harris ဟာ လာမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရရက်တစ်ပါတီရဲ့ ဒုသမ္မတလောင်းအဖြစ် သူနဲ့အတူ ယှဉ်ပြိုင်မယ့်သူကို ရွေးချယ်ဖို့ လျာထားခံရသူ ၃ ဦးကို တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒီနေ့ ညနေ တိုင်းပြည်ကို မိန့်ခွန်းပြောကြားမယ့်အကြောင်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လူအသေအပျောက်တွေ ဖြစ်ခဲ့တဲ့အထိ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပြီးနောက် ဝန်ကြီးချုပ် Sheikh Hasina ဒီကနေ့ပဲ ရာထူးက နုတ်ထွက်သွားကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။
အီရန်ကတိုက်ခိုက်လာခဲ့ရင် အစ္စရေးကိုကာကွယ်ဖို့ ဒေသတွင်းကို အမေရိကန်စစ်သင်္ဘောတွေ ဝင်ရောက်လာတာနဲ့အတူ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုတွေတိုးမြင့်လာပါတယ်။
နောက်ထပ်ကြည့်ရှုရန်