ပုပ်ရဟန်းမင်းကြီးဟာ ကမ္ဘာအနှံ့ ပဋိပက္ခအသီးသီးအတွင်းကလူသားတွေအတွက် စိုးရိမ်မကင်းကြောင်းပြောဆိုသလို မြန်မာနိုင်ငံကိုလည်း မေ့ထားလို့မရဘူးလို့ မိန့်ကြားသွားပါတယ်။
အင်္ဂလန်မြောက်ပိုင်းက Rotherham မြို့မှာ နိုင်ငံတွင်းခုံလှုံခွင့်လျှောက်ထားသူတွေရှိရာ ဟိုတယ်တခုကို ဆန္ဒပြသူတချို့ ဝင်ဖို့ကြိုးစားရင်း ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် Starmer က ဒီလုပ်ရပ်ကို အပြင်းအထန် ရှုတ်ချလိုက်ပြီး လက်ယာစွန်းလူဆိုးလူမိုက်တွေဆိုပြီး သုံးနှုန်းဝေဖန်ပါတယ်။
“အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှအရာရှိကြီးများနဲ့ ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအထိ ဆက်သွယ်မှုရရှိခဲ့ပြီး အခုအချိန်အထိ ဆက်သွယ်မှုပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲသတင်းများအရ အရာရှိကြီးတချို့ကို အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။”( စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း)
ဂါဇာ က အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ ခိုလှုံရာ ကျောင်းတခုကို အစ္စရေးက စနေနေ့မှာ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၁၅ ဦး သေဆုံးခဲ့ပါတယ်။
ရုရှားထိန်းချုပ်ထားတဲ့ Sevastopol မြို့မှာ ရေငုပ်သင်္ဘော တစင်းကို နှစ်မြှုပ်ပစ်လိုက်တယ်လို့ ယူကရိန်း စစ်တပ်က စနေနေ့မှာ ပြောပါတယ်။
အင်္ဂလန် အနောက်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းက မိန်းကလေးငယ် ၃ ဦး သတ်ဖြတ်ခံရမှုနောက်ပိုင်း မငြိမ်မသက် ဖြစ်နေတာ လေးရက်မြောက် ဖြစ်တဲ့ စနေနေ့မှာ ဗြိတိန်က လမ်းမတွေထက် အကြမ်းဖက်မှုတွေ ပြန်ပေါ်ပေါက်လာပြီး ရဲတပ်ဖွဲ့ဝင် အတော်များများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တရုတ်နယ်စပ်အနီး MNDAA ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကဆေးရုံတရုံကို မြန်မာ စစ်ကောင်စီစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ဒေသမီဒီယာတွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ သောကြာနေ့က ဖော်ပြပါတယ်။
စစ်ကောင်စီဝန်ကြီး အထူးသံတမန်ဦးကိုကိုလှိုင်ရဲ့ကမ္ဘောဒီးယား ခရီးစဥ်အတွင်း ဝန််ကြီးချုပ်ဟောင်း ဟွန်ဆန်၊ သားဖြစ်သူ လက်ရှိဝန်ကြီးချုပ်ဟွန်မန်နက်နဲ့ပါတွေ့ဆုံခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့အတူ စစ်ကောင်စီက သူ့ရဲ့လမ်းပြမြေပုံ ၅ ချက်ကိုဆောင်ရွက်နေပြီး ဖြစ်ပေါ်တိုးတက်မှုတွေကိုမျှဝေခဲ့တယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်းသပိတ်ကျင်းမြို့နယ်ထဲက အချက်အခြာကျတဲ့ ချောင်းကြီးရဲစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေကပြောပါ တယ်။
အမေရိကန်ဦးဆောင်တဲ့ (UNC) ကုလသမဂ္ဂကွပ်ကဲမှုတပ်ဖွဲ့ထဲ ဂျာမနီနိုင်ငံက သောကြာနေ့မှာ တရားဝင်ပူးပေါင်း ပါဝင်လိုက်ပါတယ်။ UNC အဖွဲ့ဝင်နိုင်ငံတွေက တောင်ကိုရီယားအပေါ် မြောက်ကိုးရီးယားရဲ့ ကျုးကျော်ရန်စမှုတွေကို ခုခံကာကွယ်ဖို့ ကတိကဝတ်ပြုထားတာပါ။
နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရှေ့နေချုပ် Karim Khan နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammed Hasan Mahmud တို့ နယ်သာလန်နိုင်ငံ The Hague မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံအခြေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရေးကိစ္စတွေ ဆွေးနွေးတဲ့အကြောင်း X လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်မှာ အင်္ဂါနေ့က ရေကြီး မြေပြိုုမှုတွေကြောင့် သေဆုံးသူ ၂၅၆ ဦးအထိ တိုးလာပြီး နောက်ထပ် ၂၂၀ လောက်ပျောက်နေတယ်လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ပြောပါတယ်။ Wayanad ခရိုင် Meppadi ဒေသမှာ အင်္ဂါမနက်အစောပိုင်းက မြေပြိုမှု ကြီးကြီးမားမား ၃ ခုဆက်တိုက်ဖြစ်ခဲ့တာပါ။
အစ္စရေးရဲ့ လက်ချက်နဲ့ သေဆုံးသွားတယ်လို့ ယူဆရဲ့ ဒီ သတ်ဖြတ်မှုကြောင့် ဂါဇာမှာဖြစ်နေတဲ့ အစ္စရေး-ဟာတ်စ် စစ်ပွဲဟာ ဒေသတွင်းပဋိပက္ခအဖြစ် ကျယ်ပြန့်လာမယ့်အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
မြန်မာနိုင်ငံမှာ အခုနှစ်ရေကြီးတာက မနှစ်က ၂၀၂၃ လောက် မများပေမဲ့ ရေကြီးတဲ့အချိန်ကာလ တလနီးပါး ကြာမြင့်လာတာကြောင့် စိုက်ပျိုး၊ မွေးမြူရေးမှာ ဆုံးရှုံးမှုတွေရှိပြီး နေရာရွှေ့ပြောင်းရတာတွေလည်း အများအပြား ရှိနေပါတယ်။
ရုရှားနိုင်ငံမှာ ချုပ်နှောင်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသားတွေ ဖြစ်တဲ့ Paul Whelan၊ Alsu Kurmasheva နဲ့ Evan Gershkovich တို့ဟာ မနေ့က ရုရှားနိုင်ငံနဲ့ သမိုင်းဝင် အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းလောက်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစီးပျက်ကျခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြုပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲမှာရှိတဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကမာစိုင်ကျေးရွာအနီးက သံကူ ကွန်ကရစ်တံတား ဩဂုတ်လ ၂ရက် ဒီကနေ့မှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီး ကျိုးကျသွားခဲ့တဲ့အတွက် ကားလမ်း ပိတ်ဆို့မှုတွေဖြစ်ခဲ့ပါတယ်။
လောက်ကိုင်မြို့ကို ဗုံးကြဲတိုက်ခိုက်တဲ့သတင်းနဲ့အတူ MNDAA ကိုးကန့်တပ်က ရမခနဲ့ ဆက်စပ်နေတဲ့ အမှတ်၉ တပ်မတော် ကုတင် ၁၀၀ ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ပြီး ကလေးလူနာ၊ ဆရာဝန်၊ သူနာပြုနဲ့ ဒဏ်ရာရသူအပါအဝင် ၁၀၀ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း Eleven Media ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ရုရှားနိုင်ငံနဲ့ သမိုင်းဝင် အကျဉ်းသား လဲလှယ်ရေး အစီအစဉ်အရ အမေရိကန် နိုင်ငံသား ၃ ယောက် မနေ့က အမေရိကန်ပြည်ထောင်စုပိုင် နယ်မြေကို ပြန်ရောက်လာတဲ့အပေါ် ကြည်နူးဝမ်းသာ ဖြစ်ရတဲ့အကြောင်း သမ္မတ Joe Biden က မနေ့ကညနေ ဝါရှင်တန်မြို့တော်အနီး Andrews လေတပ်စခန်းမှာ ပြောဆိုပါတယ်။
နယူးယောက်မြို့က အပြေးလေ့ကျင့်တဲ့ကလပ်တခုကို ကျန်းမာရေးအတွက်တင်သာမကပဲ ချစ်သူရည်းစားရှာချင်သူတွေအတွက်လည်း ရည်ရွယ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ လူရာနဲ့ချီ ဗုဒ္ဓဟူးနေ့တိုင်း ၃ မိုင်ပြေးပြီးတဲ့အခါ ဘားဆိုင်တွေမှာထိုင်ပြီး ဘဝလက်တွဲဖော်ရှာဖို့ ဒါမှမဟုတ်လည်း အသိအကျွမ်းမိတ်ဆွေဖွဲ့ဖို့ အချိန်ရကြမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်