တရားလိုရှေ့နေတွေ၊ တရားရုံးဝန်ထမ်းတွေနဲ့ သူ့တို့ မိသားစုတွေအပေါ် မဝေဖန်ရ တားမြစ်ချက်ရုပ်သိမ်းပေးဖို့ သမ္မတဟောင်းထရမ့်ရဲ့ လျှောက်ထားချက်ကို နယူးယောက် အယူခံတရားရုံးက ကြာသပတေးနေ့မှာ ပယ်ချလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားတန်ပြန်ထောက်လှမ်းရေး မဟာဗျူဟာကို သမ္မတဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။ ရုရှား၊ တရုတ်၊ အီရန် နဲ့ မြောက်ကိုရီးယားတို့ဟာ ပြဿနာနိုင်ငံတွေဖြစ်ကြတယ်လို့ ဒီမဟာဗျူဟာက ပြောပါတယ်။
ရုရှားကအကျဥ်းချထားတဲ့ အကျဥ်းသား ၁၆ ဦးနဲ့ အနောက်နိုင်ငံတွေမှာအကျဥ်းချထားတဲ့ အကျဥ်းသား ၈ ဦး လဲတာကို အမေရိကန်က ကြာသပတေးနေ့မှာ အတည်ပြုလိုက်ပါတယ်။ သူတို့တွေ လွတ်မြောက်လာဖို့ သဘောတူညီချက်ရရှိတာဟာ အတိုင်းထက်အလွန် သံတမန်ရေးဆောင်ရွက်ချက် ဖြစ်တယ်လို့လည်း သမ္မတဂျိုးဘိုင်ဒန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဟာမတ်စ်အဖွဲ့ စစ်ဘက်အကြီးအကဲ မူဟာမက် ဒေ့ဖ် (Muhammad Deif) ဟာ ဂါဇာတောင်ပိုင်း Khan Younis မြို့ မှာ ဇူလိုင်လလယ်ပိုင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ အစ္စရေးက ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒေ့ဖ် (Deif) ဟာ အောက်တိုဘာ ၇ ရက် အစ္စရေးကိုတိုက်ခိုက်ခဲ့ရာမှာ အဓိက အစီအစဥ် ချခဲ့သူအဖြစ် အစ္စရေးက ယုံကြည်ပါတယ်။
“သမဝါယမက အခြေခံအားဖြင့်ကောင်းတယ်။ တကယ်ထိရောက်တာမျိုးလုပ်ရင် အကျိုးရှိတယ်။ မြန်မာပြည်မှာ မအောင်မြင်ခဲ့ဘူး။ နာမည်ပျက်ခဲ့တယ်။ လက်ရှိ အုပ်ချုပ်စီမံတဲ့စနစ်အရ အောင်မြင်စရာမရှိဘူး။ တကယ်လက်တွေ့ လုပ်နိုင်လားဆိုတာ အများကြီးသံသယရှိတယ်။ စိတ်ကူးပေါက်သလိုပြောနေတာမျိုးပါ။” (စီးပွါးရေးပညာရှင်တဦး)
စစ်ရေးတင်းမာပြီးတိုက်ပွဲဖြစ်နေတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေပြောပါတယ်။ စစ်ကိုင်းတိုင်း ကနီဘက်မှာလည်း စစ်သင်္ဘောတွေတိုက်ခိုက်ခံရလို့ စစ်ကောင်စီက လေကြောင်း ပစ်ကူတိုက်ခိုက်ပါတယ်။
အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံကြာမှာ သမိုင်းဝင် အကျဉ်းသားလဲလှယ်ရေး အစီအစဉ်တရပ်ကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ အမေရိကန်က ဒီနေ့ အတည်ပြုပြောကြားလိုက်ပါတယ်။ စုစုပေါင်း ၁၆ ယောက် ပြန်လည်လွတ်မြောက်လာခဲ့ပြီး၊ အပြန်အလှန်အားဖြင့် နိုင်ငံအသီးသီးမှာ ဖမ်းဆီးထားတဲ့ ရုရှား ၈ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၁၀၀ တောင် မလိုတော့တဲ့ အချိန်မှာ ကိုယ်စားလှယ်လောင်းတွေရဲ့ အနေအထား၊ မဲဆန္ဒရှင်တွေရဲ့ လိုလားချက် စတာတွေနဲ့ ပတ်သက်ပြီး Scott Sterns ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
တီဟီရန်မြို့တော်မှာ သတ်ဖြတ်ခံလိုက်ရတဲ့ ဟာမတ်စ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh ရဲ့ ဈာပန အခမ်းအနားကို အီရန်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ သူအသတ်ခံလိုက်ရတဲ့အတွက် ဒေသတွင်းမှာ ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာမယ့်အပေါ် စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ မိုးကြီးပြီးနောက်ပိုင်း မြေပြိုမှုတွေ ရက်ဆက် ဖြစ်တာကြောင့် အနည်းဆုံး လူ ၁၉၄ ယောက် သေဆုံးခဲ့ပြီး အပျက်အစီးတွေနဲ့ ရွှံ့တွေကြား ပိတ်မိနေတဲ့သူ အယောက် ၁၈၀ ကို ရှာနိုင်ဖို့ ကယ်ဆယ်ရေးလုပ်သားတွေက ခက်ခက်ခဲခဲ ဆက်လက် ကြိုးစားနေကြပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲရေကာတာ ဖွင့်ချလိုက်ပြီးနောက် ဘီလူးချောင်းတလျှောက်က ရေဘေးသင့် ကျေးရွာသားတွေ ဘေးလွတ်ရာ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေလည်း ထိခိုက်မှုတွေ ရှိခဲ့တာပါ။
အမေရိကန် ဒုသမ္မတကမ်မလာဟဲရစ်က သူ့အပေါ် သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ လူမျိုးရေးအရ စွပ်စွဲတိုက်ခိုက်မှုဟာ အရင်က လုပ်နေကျ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ တက္ကဆက်ပြည်နယ် Houston မြို့က အာဖရိကန်-အမေရိကန် တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေရဲ့ အစည်းအရုံးတခုမှာ မနေ့က တုံ့ပြန်ပြောဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကနေ အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးကြဖို့ အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲ (Asean Regional Forum-ARF) မှာပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေက ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အမျှ ဒေသခံတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်မှုတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတယ်လို့ အကူအညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ စက်သုံးဆီ ရှားပါးမှုနဲ့ ကြုံနေရတယ်လို့ ကိုယ်တိုင်ကြုံတဲ့ နယ်ခံတွေက ပြောကြပါတယ်။ စက်သုံးဆီရဖို့ အချိန်ကြာ တန်းစီ စောင့်ဆိုင်းရတာတွေ ရှိသလို၊ ဝယ်မရတဲ့အထိ ကြုံရသူတွေလည်း ရှိနေတာပါ။
အာဖရိကတိုက်ဒေသတချို့မှာ အဓိကအသုံးပြုနေကြတဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ဆေးဝါး Artemisinin ကို ငှက်ဖျား ကပ်ပါးပိုးကနေ ခံနိုင်ရည်ရှိတဲ့ လက္ခဏာတွေ ပြသနေပါတယ်။ ကျန်းမာရေးဆိုင်ရာမူဝါဒတွေကို ချက်ချင်းအပြောင်းအလည်းမလုပ်ရင် နောက်ထပ်သန်းနဲ့ချီပြီး သေဆုံးနိုင်ချေရှိတယ်လို့လည်း အစီရင်ခံစာတစောင်ထုတ်ပြန်ထားပါတယ်။
အစ္စရေးရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း လက်ဘနွန်နိုင်ငံ ဘေရွက်မြို့မှာ ဟက်ဇ်ဘိုတပ်မှူးတဦးသေဆုံးခဲ့တာနဲ့ အီရန်မှာ ဟာမတ်စ်နိုင်ငံရေးခေါင်းဆောင်တဦး လုပ်ကြံခံရတာတွေကြောင့် အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ အန္တရာယ်ကြီးကြီး တိုးမြင့်လာတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက အရေးပေါ်ကာလထပ်တိုးလိုက်တာဟ စစ်အုပ်ချုပ်မှုကို အပြင်းအထန်ဆန့်ကျင်နေကြတဲ့ မြန်မာလူထုရဲ့ ဆန္ဒသဘောထားနဲ့ ကွဲလွဲနေတယ်လို့ အမေရိကန်ပြည်ထောင်စုက တုံ့ပြန်လိုက်ပါတယ်။
တရုတ်က စက်တင်ဘာ ၁ ရက်ကစပြီး ဒရုန်းတင်ပို့ရောင်းချမှုထိန်းချုပ်ထားတာတွေ ပြန် ထိန်းညှိတင်းကြပ်သွားမှာဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စက်မှု ထောက်ပံ့ပို့ဆောင်ရေး ဘေးကင်းလုံခြုံဖို့ အပျော်ထမ်းသုံးဒရုန်းအမျိုးအစားတချို့တင်ပို့မှု ယာယီထိန်းချုပ်ထားတာ ဖျက်သိမ်းမယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။
TNLA ဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့တွေက ရှမ်းမြောက် မိုးမိတ်မြို့ကို အလုံးစုံသိမ်းယူနိုင်ခဲ့ပြီလို့ ဒေသတွင်း သတင်းများအရသိရပါတယ်။ မိုးမိတ်က စစ်ကောင်စီ လက်ကျန်တပ်စခန်းတခုဖြစ်တဲ့ မိုးမိတ်ဗျူဟာကုန်းကို ဇူလိုင်လ ၃၁ ရက်နေ့ မနက် ၁၁ နာရီမှာ ရှင်းလင်းသိမ်းပိုက်ခဲ့တယ်လို့ TNLA ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်