ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ကြမယ့် မြန်မာ MOUလုပ်သားတွေဟာ ဩဂုတ်လ ၁ ရက်ကစပြီး စစ်ကောင်စီသတ်မှတ်ထားတဲ့ ဘဏ်တွေကနေ ဝင်ငွေရဲ့ ၂၅ % လွှဲပြောင်းထားတဲ့ အထောက်အထားပြမှသာ ထိုင်းဘက်ကို ပြန်အလုပ်လုပ်ခွင့်ရမယ်လို့ မြန်မာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဇူလိုင်လ ၃၀ က အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။
အကျိုးအမြတ်မယူတဲ့ NGO အဖွဲ့အစည်းတခုက အမေရိကန်၊ နယူးယောက်မြို့ Brooklyn အရပ်မှာမှာရှိတဲ့ ငွေကြေးချို့တဲ့တဲ့ လူမှုအသိုင်းအဝိုင်းထဲက လူငယ်တွေကို ရေကူးသင်တန်းနဲ့ ရေဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်းတွေ အခမဲ့ပို့ချပေးနေပါတယ်။ ဒီအကြောင်း June Hsu နဲ့ Rendy Wicaksana တို့ရဲ့သတင်းကို မမြသဇင်အောင်ပြောပြပေးပါမယ်။
အမေရိကန်သမ္မတဟောင်းထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီက ဒုသမ္မတ ကမ်မလာဟဲရစ်ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ်မှာ တိုက်ခိုက်နေပြီး သူ့မကို လည်း “နယ်စပ်အုပ်ချုပ်သူ ဇာဘုရင်မ” ဆိုပြီး ခေါ်ဝေါ်ပြောဆိုနေကြပါတယ်။ VOA လူဝင်မှုကြီးကြပ်ရေးသတင်းထောက် Aline Barros ပေးပို့လာတဲ့သတင်းကို ကိုစံကျော်ပြောပြပါမယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲက အငြင်းပွားစရာ ရလဒ်အပေါ် မကျေနပ်ရာက ဆန္ဒပြပွဲတွေပေါ်ပေါက်နေချိန်မှာပဲ အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းမယ်လို့ သမ္မတ Nicolás Maduro က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
ဒီမိုကရက်ပါတီ သမ္မတလောင်း ဖြစ်လာနိုင်သူ ဒုသမ္မတ Kamala Harris ကာလီဖိုးနီးယားပြည်နယ် ရှေ့နေချုပ်အဖြစ် တာဝန် ထမ်းဆောင်စဉ်အတွင်း နယ်စပ်လုံခြုံရေးနဲ့ ပတ်သတ်ပြီး အတွေ့အကြုံတွေ အများကြီး ရှိခဲ့ကြောင်း ချေပ ပြောဆိုပါတယ်။
အနည်းဆုံး လူ ၁၅၁ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောဆိုထားတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းက မြေပြိုမှုတွေ အတော်များများ ဖြစ်ခဲ့တဲ့နေရာတွေမှာ ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ရွံ့တွေ၊ အဆောက်အဦပျက်တွေကြားမှာ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံ ရှာဖွေနေကြပါတယ်။
နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေပြီး အတိုက်အခံ အင်အားစုတွေ အသာစီးရလာနေတဲ့ သတင်းတွေ ထွက်ပေါ်လာနေချိန်မှာပဲ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ကျင်းပပြီး အရေးပေါ်ကာလ သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး၊ စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေတာကြောင့် ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။ တိုက်ပွဲတွေအတွင်း အရပ်သားတွေကို ဖမ်းဆီးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ အစ္စရေးတို့က တိုက်ခိုက် သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သူတို့ရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးရဲ့ ရုပ်အလောင်းကို ရှာဖွေနေကြောင်း Hezbollah အဖွဲ့က ဒီကနေ့ ဇူလိုင် ၃၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အီရန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ တီဟီရန်မြို့တော်ကို ရောက်နေတဲ့ ဟားမတ်စ်အဖွဲ့ ခေါင်းဆောင် Ismail Haniyeh ဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း ဟားမတ်စ်အဖွဲ့က ဒီနေ့ပဲ ပြောလိုက်ပါတယ်။
ယူကရိန်းအရှေ့ခြမ်းက ယူကရိန်းနိုင်ငံသားတွေအနေနဲ့ ရုရှားယဉ်ကျေးမှုနဲ့ ဆက်နွယ်တယ်လို့ ခံယူသူတွေ ရုရှားကို ပြောင်းနေဖို့ ယူကရိန်းသမ္မတက နှင်ထုတ်တယ်လို့ ရုရှားအစိုးရက ပြောနေပါတယ်။ ဒါပေမဲ့ ယူကရိန်းသမ္မတက အဲဒီလိုမျိုး ပြောတာမဟုတ်ဘူးဆိုတဲ့အကြောင်း VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
ဘောလုံးကွင်းမှာကစားနေကြတဲ့ ဆယ်ကျော်သက်နဲ့ကလေး ၁၂ ယောက် ဂိုလန်ကုန်းမြင့်မှာ သေဆုံးအောင် တိုက်ခိုက်မှုအတွက် တာဝန်ရှိတဲ့ ဟက်ဇ်ဘိုလာတပ်မှူးကိုပစ်မှတ်ထားပြီး ဘေရွတ်ကိုတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က အင်္ဂါနေ့ ညနေပိုင်းမှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံတွင်း ခုခံတော်လှန်ရေးအင်အားစုတွေကို ပိုမိုထောက်ပံ့နိုင်မယ့် ချည်းကပ်မှု မူဝါဒတရပ်ကို အရေးပေါ်လိုအပ်နေတယ်လို့ အမေရိကန်နိုင်ငံရေးမှာ ဩဇာကြီးတဲ့ အထက်လွှတ်တော်အမတ် Mitch McConnell အပါအဝင် ပါတီကြီးနှစ်ပါတီက အထက်လွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်ပါတယ်။
နှစ်နိုင်ငံဆွေးနွေးကြဖို့ တရုတ်ဝန်ကြီးချုပ်ကို ယူကရိန်းက အင်္ဂါနေ့မှာ ဖိတ်ခေါ်လိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba တရုတ်နိုင်ငံကိုသွားရောက်ခဲ့ပြီးနောက် ခုဖိတ်ကြားချက် ဖြစ်လာတာပါ။
"ဒီလ ၂၅ ရက်နောက်ပိုင်းဆို တော်တော်ကို အခြေအနေဆိုးတယ်။ ဆီက မရတာကများတယ်။ ကားသမားတွေက စျေးတွေ တင်တောင်းမှာပဲ။ ခရီးသည်တွေပဲ နာမှာပဲ။ ကျနော်တို့ကလည်း အပြင်မှာဝယ်ပြီဆိုကတည်းက လူရဲ့ဝန်ဆောင်ခတွေ ရှိတယ်လေ။ မန္တလေး အရင်တုန်းက ၃ သိန်းခွဲ၊ အခုဆို ၄ သိန်းခွဲတောင်းတယ်။" (ရန်ကုန်-မန္တလေးခရီးသွားလုပ်ငန်းရှင်)
ရေမရှိတဲ့ရပ်ကွက်က။ လာဆော့ရင်းနဲ့ ကောင်မလေး ခန့်မှန်းခြေ ၁၃-၁၄ လောက် တယောက်ပါတယ်။ ယောက်ကျားလေး ၇ နှစ်၊ ၈ နှစ်၊ ၂ ယောက် ပါတယ်။ အဲ့ထဲက ကောင်လေးနှစ်ယောက်မျောသွားတယ်။ မြောင်းရဲ့အထာကိုမသိတော့ ကောင်လေးတယောက်က အဲ့မြောင်းထဲဝင်သွားတယ်။ အခုချိန်ထိဆယ်တုန်း မရသေးဘူး။" (ပဲခူး ဒေသခံ)
လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာစစ်သွေးကြွကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အနေနဲ့ လက်ဘနွန်တောင်ပိုင်းရှိ နေရာ ၇ ခုကို အစ္စရေးဘက်က လေကြောင်းကရော၊ တာဝေးပစ် အမြှောက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ ပြောပါတယ်။
တောင်နဲ့ အရှေ့တရုတ်ပင်လယ်တွေမှာ တရုတ်နိုင်ငံက တိုးမြှင့်လုပ်ဆောင်မှုတွေအပေါ် ဒေသတွင်းနိုင်ငံတွေနဲ့အတူ စိုးရိမ်ကြောင်းနဲ့ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အရေးကြီးမှုတွေကိုလည်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr နဲ့ တွေ့ဆုံရာမှာ ဝန်ကြီးဘလင်ကန်က အလေးထား ပြောကြားခဲ့တာပါ။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း ကျေးရွာသားတွေ ထိခိုက်သေဆုံးမှုတွေနဲ့ နေရပ်စွန့်ခွာရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ဆင်ရေးတွေအတွင်း ကျေးရွာတွေက နေအိမ်ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး MNDAA ကိုးကန့်နဲ့ ပူးပေါင်းတပ်တွေက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်