ကရင်အမျိုးသားအစည်းအရုံး (KUN) ဒုဥက္ကဋ္ဌဟောင်း ဖဒိုနော်စီဖိုးရာစိန်ဟာ ဒီကနေ့ပဲ ထိုင်းနိုင်ငံမှာ ကွယ်လွန်သွားပါတယ်။ ကရင်အမျိုးသမီးအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးဟာင်းလည်းဖြစ်တဲ့ နော်စီဖိုးရာစိန်ဟာ အချိန်အတော်ကြာ နာမကျန်းဖြစ်နေခဲ့တာကြောင့် ထိုင်းနိုင်ငံမှာ ဆေးကုသနေခံယူနေရင်း ကွယ်လွန်ခဲ့တာပါ။
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒုသမ္မတ Kamala Harris ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်တဲ့အခါ သူနဲ့တွဲဖက် ဒုသမ္မတလောင်းအဖြစ် ဘယ်သူ့ကို လျာထားမလဲဆိုတာကို အမေရိကန် နိုင်ငံရေးမှာ အများက အာရုံစိုက်နေကြပါတယ်။
လာအိုနိုင်ငံမှာ ဒီသီတင်းပတ်ထဲ ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးမှာ အဖွဲ့ဝင် နိုင်ငံတချို့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးကြပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဟာလည်း အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့တာပါ။
နီပေါနိုင်ငံ ခတ္တမန္ဒူ မြို့တော် Tribhuvan နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်သွားတဲ့ ခရီးသည်တင် လေယာဉ် ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ပျက်ကျသွားပြီး လေယာဉ်ပေါ်ပါသူ ၁၈ ဦး သေဆုံးသွားပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေး ပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ် ပြန်လည်လွတ်မြောက်လာတဲ့အတွက် ကြိုဆိုတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ် သံတွဲ၊ အမ်းနဲ့ မောင်တောမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်စခန်း တွေကို အာရက္ခတပ်တော် AA က တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ရခိုင်ပြည်နယ် နေရာအများအပြားက တိုက်ပွဲတွေကြား အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံဖို့ ကြိုးစားတဲ့ ဖြစ်ရပ်ဟာ သေနတ်ကိုင် အကြမ်းဖက်မှုပေါ် တုံ့ပြန်ဖို့ နှိုးဆော်ချက် ဖြစ်သင့်တယ်လို့ အမေရိကန်ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရာရှိချုပ်က ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီပြဿနာ အကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အပေါ် အမြင်မတူတာတွေ ရှိနေပါတယ်။
၂၀၂၄ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံအတော်များများ ရွေးကောက်ပွဲတွေ ကျင်းပနေတာမှာ မဲပေးသူတွေ စိတ်ပြောင်းသွားစေတဲ့ သတင်းအတုအယောင်တွေကို အသံနဲ့ အတုလုပ်ပြီး လွှင့်တာမျိုး လုပ်လာနေပါတယ်။ အသံတုတွေကို ထောက်လှမ်းဖို့ AI ဉာဏ်ရည်တု နည်းပညာက ဘယ်လိုအထောက်အကူပေးနေပါသလဲဆိုတာ ဒေါ်ခင်မျိုးသက်က ပြောပြထားပါတယ်။
ညီညွတ်ရေးအစိုးရတရပ်ဖွဲ့စည်းဖို့ တရုတ်ကြားဝင်ညှိနှိုင်းတဲ့ ဟာမတ်စ် ဖာတာ ပါလက်စတိုင်း အဖွဲ့ ၂ ဖွဲ့ သဘောတူညီချက်တရပ်ကို ဥရောပသမဂ္ဂ (အီးယူ)က ထောက်ခံကြောင်း အီးယူ-နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell က အင်္ဂါနေ့ မှာ သတင်းထောက်တွေကို ဘရပ်ဆဲလ်မှာ ပြောပါတယ်။
မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု စာချုပ် ဒါမှမဟုတ် တင်ပို့ခွင့်ပါမစ်တွေရပ်ထားဖို့ တောင်အာဖရိက Gauteng ဒေသ အထက်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ တောင်အာဖရိက,ကနေ မြန်မာကို လက်နက်တင်ပို့ရေး သာမက၊ တခြားတိုင်းပြည်တွေအပေါ်လည်း ဒီအမိန့်က သက်ရောက်မှု ရှိလိမ့်မယ်လို့ Justice for Myanmar အဖွဲ့က ဆိုပါတယ်။
အမေရိကန်နိုင်ငံ အဆင့်မြင့်လုံခြုံရေးဌာန (secret service) ညွှန်ကြားရေးမှူးဟာ ရာထူးက အင်္ဂါနေ့မှာ အနားယူလိုက်ပါ တယ်။ သမ္မတဟောင်းဒေါ်နယ်ထရမ့် လုပ်ကြံခံရမှုကလွတ်မြောက်သွားခဲ့ပေမဲ့ အဆင့်မြင့်လုံခြုံရေးဌာနက အကာအကွယ် မပေးနိုင်ခဲ့တာကြောင့် ညွှန်ကြားရေးမှူး ကင်ဘာလေ ချိတဲလ် နုတ်ထွက်ဖို့ ဖြစ်လာခဲ့တာပါ။
ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ သမ္မတ Joe Biden ကြေညာလိုက်ပြီးနောက် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဘယ်သူဖြစ်လာမလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။ Anita Powell ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ပစ်ခတ်မှုမှာ အဆင့်မြင့်လုံခြုံရေး ယူထားတဲ့ အထူးအဖွဲ့ Secret Service က ဟန့်တားဖို့ပျက်ကွက်ခဲ့တာနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေရှေ့မှောက်မှာ လုံခြုံရေးဆိုင်ရာအဖွဲ့ ညွှန်ကြားရေးမှူး Kimberly Cheatle မနေ့က သက်သေထွက်ဆို ဖြေရှင်းပါတယ်။
ကျန်းမာရေး အခြေအနေ ဆိုးရွားလာနေတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ တာဝန်တွေကို စစ်ကောင်စီ အကြီးအကဲက လွှဲပြောင်းယူလိုက်တဲ့ သတင်းကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ စစ်ကောင်စီကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာလို့ ဆိုပေမဲ့ အကဲခတ်တွေကတော့ အာဏာကို ပိုမိုချုပ်ကိုင်ဖို့ ရည်ရွယ်တယ်လို့ ယူဆနေကြတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ဒီသီတင်းပတ်ထဲ တိုက်ပွဲတွေ ဖြစ်ပွားရာက ဒေသခံ ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ တနင်္လာနေ့နဲ့ ဒီကနေ့ အင်္ဂါနေ့ ၂ ရက်အတွင်းမှာပဲ အလောင်း ၂ ဒါဇင်လောက် ရှာဖွေတွေ့ရှိခဲ့ပြီး လက်တွေ့မှာ ပိုများနိုင်တယ်လို့လည်း ပြောပါတယ်။
ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေလွတ်မြောက်ဖို့ အချိန်မဝေးတော့ဘူးလို့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်ကိုရောက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကပြောပါတယ်။
လားရှိုးတဝိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦးနဲ့ တပ်သား စုစုပေါင်း ၃၁၇ ယောက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇူလိုင် ၂၁ ရက်နေ့က လက်နက်ချပြီး ပူးပေါင်းလာတဲ့အကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီသီတင်းပတ်ထဲ လာအိုနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးမှာ မြန်မာ့အရေး အပါအဝင် ဒေသတွင်း ကိစ္စတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအတွင်း ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြတဲ့ ကိုဂျင်မီ၊ ဖြိုးဇေယျာသော်၊ လှမျိုးအောင်နှင့် အောင်သူရဇော်တို့ကို စစ်ကောင်စီက ကွပ်မျက်ခဲ့တဲ့ ၂ နှစ်ပြည့် အောက်မေ့ဖွယ်အဖြစ် ရန်ကုန် အမေရိကန်သံရုံးက လူမှုကွန်ယက်မှာ ဖေါ်ပြပါတယ်။
နိုဝင်ဘာလ အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းကို ရှေ့လ ပါတီညီလာခံမှာ ရွေးချယ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဒုသမ္မတ Kamala Harris ဟာ လုံလောက်တဲ့ ထောက်ခံမှုတွေ ရနေပါပြီ။
နောက်ထပ်ကြည့်ရှုရန်