ဒါဟာ ပြန်ဖမ်းဆီးတာမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် ပြောဆိုဆွေးနွေးဖို့ ခေါ်ထားတာလို့ စစ်ကောင်စီပြောခွင့်ရက ပြောဆိုထားပေမဲ့ လက်တွေ့မှာ ဆွေးနွေးမှု တစုံတရာ မရှိဘူးလို့လည်း နီးစပ်သူတွေက ပြောပါတယ်။
သီတင်းပတ်ပေါင်းများစွာ ဒီမိုကရက်ပါတီတွင်းဖိအားပေးမှုတွေနဲ့ ခန့်မှန်းပြောဆိုမှုတွေနောက် အမေရိကန် သမ္မတဘိုင်ဒန်ဟာ ရွေးကောက်ပွဲ ထပ်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒုသမ္မတဟဲရစ်စ်ကို သမ္မတလောင်းအဖြစ် ထောက်ခံလိုက်ခဲ့ပါတယ်။ ဒီသတင်းက လာမယ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲအပေါ် ဘယ်လိုသက်ရောက်နိုင်ပါသလဲ။
လာအိုနိုင်ငံမှာ ဒီသီတင်းပတ်ထဲကျင်းပဖို့ရှိတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မြန်မာဘက်က နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်တဲ့ ကိုယ်စားလှယ်ပဲ တက်ရောက်ခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက သဘောတူထောက်ခံတယ်လို့ နိုင်ငံခြားရေးဌာန ထိပ်ပိုင်းအရာရှိတဦးက ပြောပါတယ်။
ဒီမိုကရက်ပါတီကအမတ်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ဘဏ္ဍာရေးအလှူရှင်တွေက လာမယ့် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်သမ္မတလောင်းအဖြစ် ဒုတိယသမ္မတ ကင်မလာဟဲရစ်ကို တနင်္လာနေ့မှာ ထောက်ခံလိုက်ကြပါတယ်။ ဒါပေမဲ့ ဩဂုတ် ၁၉ ကနေ ၂၁ အထိကျင်းပမယ့် ဒီမိုကရက်ပါတီညီလာခံကနေ မစ္စ် ကင်မလာဟဲရစ်ကို တရားဝင်ရွေးချယ်ရဦးမှာပါ။
လာမယ့် နိုဝင်ဘာ အမေရိကန်သမ္မတးကောက်ပွဲမှာ သူပါဝင်ယှဥ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ သမ္မတ Joe Biden က တနင်္ဂနွေနေ့မှာ ကြေညာပြီးနောက် ဒုသမ္မတ Kamala Harris ကို ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ထောက်ခံလိုက်ပါတယ်။ VOA သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ကျန်းမာရေး အခြေအနေ ဆိုးရွားလာနေတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ရဲ့ တာဝန်တွေကို စစ်ကောင်စီ ခေါင်းဆောင်က လွှဲပြောင်းယူလိုက်ကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီး ဒုသမ္မတဖြစ်တဲ့ Kamala Harris ဟာ ဒီမိုကရက်တစ်ပါတီရဲ့ ပါတီကိုယ်စားပြု လာမယ့်ရွေးကောက်ပွဲ သမ္မတလောင်းအဖြစ် တရားဝင်ရွေးချယ်ခံရနိုင်ခြေ ရှိနေပါတယ်။ သူ့ရဲ့ ဘဝဇာတ်ကြောင်း၊ ပြီးခဲ့တဲ့လေးနှစ် နိုင်ငံရေးဖြတ်သန်းမှုတွေနဲ့ ပတ်သက်လို့ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ဂါဇာကမ်းမြောင်ဒေသက စာနာထောက်ထားမှုဆိုင်ရာ စစ်မဲ့ဇုံသတ်မှတ်နေရာမှာ နေထိုင်သူတွေ အပါအဝင် အရပ်သားတွေ အားလုံးဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ အစ္စရးစစ်တပ်က ဒီကနေ့ အမိန့်ထုတ်လိုက်ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာ ဆန္ဒပြပွဲတွေကို တားမြစ်ထားတဲ့ ဥပဒေကို ချိုးဖောက်မှုနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၇ ယောက်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
မြဝတီ ဖားလူးဒေသမှာ လိမ်လည်လှည့်ဖျားခံရပြီး ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၈ ယောက်ကို ကယ်ဆယ်ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံးက မနေ့က လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA ကိုးကန့်တပ်ဖွဲ့က ဒီလကုန်အထိ တဘက်သတ် အပစ်ရပ်ကြောင်း ကြေညာထားပေမဲ့ TNLA တအန်းအမျိုးသားတပ်မတော်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ မပြိုင်တော့ဖို့ သမ္မတဂျိုးဘိုင်ဒန် ကြေညာလိုက်ပြီးနောက် သမ္မတလောင်းအဖြစ် ဒုသမ္မတကမ်မလာဟဲရစ်စ်ကို ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ အလှူရှင်တွေက ထောက်ခံမှုတွေလည်း တိုးလာနေပါတယ်။
ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြား ကားလမ်းတလျှောက်က အရေးပါတဲ့ စစ်ကောင်စီ တပ်စခန်း ၃ ခုကို ထိန်းချုပ်လိုက်ကြောင်း ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ပြောပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပမယ့် အိုလံပစ် အားကစားပြိုင်ပွဲတွေဟာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်း စစ်ရေး ပဋိပက္ခတွေအကြား ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရဖို့ အခါသမယ ဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပုပ်ရဟန်းမင်းကြီး မိန့်ကြားလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အလွှာစုံဆက်ဆံရေး လှုပ်ရှားမှုတွေ ခြေလှမ်းပိုစိပ်လာပါတယ်။ FPNCC လို တိုင်းရင်းသားအဖွဲ့တွေတင်မကဘဲ စစ်ကောင်စီရဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေကစလို့ မီဒီယာအပါအဝင် ဘာသာရေးအသင်းအဖွဲ့တွေအဆုံး ထိတွေ့ဆက်ဆံမှုတွေ ပိုလုပ်တာလာပါ။
လာမယ့်နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်တော့မှာမဟုတ်ကြောင်းပြောလိုက်တဲ့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်ကိုလေးစားကြောင်း ဗြိတိန်အပါအဝင် စပိန်၊ အိုင်ယာလန်နဲ့နော်ဝေစတဲ့ မဟာမိတ်နိုင်ငံ ခေါင်းဆောင်အများအပြားက ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ သူ ‘ဝင်ပြိုင်တော့မှာမဟုတ်ဘူး’ ဆိုပြီး သမ္မတ Joe Biden ရုတ်တရက် ကြေညာလိုက်တာကို ဒီမိုကရက်တစ်ပါတီအတွင်း လွှတ်တော်အမတ်တွေ အံ့အားသင့်နေကြပြီး အထင်ကရခေါင်းဆောင်တွေကတော့ ကြိုဆိုတဲ့ကြေညာချက်တွေ ထုတ်ပြန်ကြပါတယ်။
သမ္မတ Biden ရဲ့ ထောက်ခံမှုကို ဂုဏ်ယူဝမ်းမြောက်စွာလက်ခံတဲ့အကြောင်းနဲ့ ပါတီကိုယ်စားပြု သမ္မတလောင်း အဖြစ် အဆိုပြုတာကိုလက်ခံမှာဖြစ်ကြောင်း ဒုသမ္မတ Kamala Harris က X လူမှုကွန်ယက်မှာ ရေးသားပါတယ်။
လေကြောင်းတိုက်ခိုက်မှာရှောင်ပြီး အရပ်သားတွေ ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ပေးဖို့၊ စာသင်ကျောင်းတွေအပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံတွေကို အကာအကွယ်ပေးဖို့ အတွက် အထူးသဖြင့် မြန်မာစစ်တပ်အပါအဝင် ပဋိပက္ခအတွင်း ပါဝင်နေကြတဲ့ အဖွဲ့အားလုံးကို ရန်ကုန်ရှိ ဗြိတိသျှသံရုံးက ထပ်မံ တောင်းဆိုလိုက်ပါတယ်။
လာမယ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ထပ်ပြီး အရွေးခံတော့မှာ မဟုတ်တဲ့အကြောင်း သမ္မတ Joe Biden က ဒီနေ့ ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်