ဟူသီသူပုန်တွေက သောကြာနေ့မှာ ယီမင်ကနေ ဒရုန်းနဲ့ Tel Aviv ကို တိုက်ခိုက်တဲ့ အတွက် ယီမင်အနောက်ပိုင်းမှာ ရှိတဲ့ ဟူသီသူပုန် ပစ်မှတ် အများအပြားကို စနေနေ့မှာ ပြန်လည်တိုက်ခိုက်ခဲ့တယ်လု့ိ အစ္စရေး စစ်တပ်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး အစိုးရက ပမာဏ ကန့်သတ်တာကို မလိုလားတဲ့ ကျောင်းသားဦးဆောင်တဲ့ ဒီသီတင်းပတ်အတွင်း ဆန္ဒပြပွဲတွေကို ခြေမှုန်းရာကနေ လူပေါင်း ၁၁၄ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့နောက် စနေနေ့မှာတော့ ၂ ရက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့လက်နှက်ကိုင်ပဋိပက္ခအတွင်း စာသင် ကျောင်းတွေတိုက်ခိုက်ခံရမှု အကြိမ် ၂၀၀ နီးပါးရှိပြီး၊ သေဆုံးဒဏ်ရာရသူရာဂဏန်းရှိ
ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ မူဆယ် ဒီလို စစ်ပွဲလွတ်တဲ့နေရာတွေကို ရောက်လာပေမဲ့လည်း နေရာသစ်မှာ ဝင်ငွေပုံမှန်ရနေဖို့၊ နေထိုင်ဖို့အတွက် အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်သူတွေက ဗွီအိုအေကို ပြောပါတယ်။
ရခိုင်တောင်ပိုင်းက သံတွဲမြို့ပေါ်ကို အာရက္ခတပ်တော် AA ဘက်က ထိန်းချုပ်လိုက်ပြီးနောက် လက်ကျန် စစ်ကောင်စီတပ်သားတွေဟာ ကွင်းဝိုင်းရေတပ်နဲ့ အနီးဆုံးနေရာတွေကို ဆုတ်ခွာပြီးတော့ ခုခံနေကြတာလည်းဖြစ်ပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာရွေးကောက်ပွဲမှာ နိုင်ခြေသိပ်မရှိဘူးလို့ ဒီမိုကရက်ပါတီဝင်တွေ လူသိရှင်ကြား ပြောဆိုလာကြသလို ပါတီ မဲဆွယ်ပွဲအတွက် အဓိက ရံပုံငွေထည့်သူတွေကပါ မထည့်ချင်ပဲဖြစ်လာတဲ့အတွက် သူဝင်မပြိုင်ပဲ နေဖို့ နီးစပ်လာပြီလို့ သတင်းတွေ ထွက်နေတာပါ။
အယ်လ်ခိုင်းဒါး ခေါင်းဆောင် Osama bin Laden အိုစမာဘင်လာဒင်ရဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ တာဝန်ယူခဲ့သူ Amin ul Haq ကို ဖမ်းမိတယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက သောကြာနေ့မှာ ပြောပါတယ်။ သူ့ကို အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ အကြီးတန်း တာဝန်ရှိသူအဖြစ် နိုင်ငံတကာက သတ်မှတ်ထားတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း သေဆုံးတဲ့သူ အရေအတွက်ဟာ မနေ့ကြာသပတေးနေ့ကအထိ ၃၂ ယောက် ထက်မနည်းရှိသွားပြီဖြစ်တယ်လို့ AFP သတင်းဌာနက ပြောပါတယ်။ မနေ့က ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင် ၁၀၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ ရဲကင်းစခန်း ၅၀ လောက်လည်း မီးရှို့ခံခဲ့ရတယ်လို့ ပြောပါတယ်။
မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် နည်းလမ်း ပေါင်းစုံနဲ့ ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ပါတီ ခေါင်းဆောင်လည်းဖြစ်၊ အမျိုးသားလုံခြုံရေး ဆိုင်ရာ ထိုင်းလွှတ်တော် ကော်မတီဥက္ကဋ္ဌလည်း ဖြစ်တဲ့ Rangsiman Rome က ဗွီအိုအေကို ပြောပါတယ်။
ဒီနေ့ ကျရောက်တဲ့ အာဇာနည်နေ့မှာ လွန်ခဲ့တဲ့ ၇၇ နှစ်က တိုင်းပြည်အတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီး ၉ ဦးကို အမှတ်ရ အောက်မေ့ ဂုဏ်ပြုပါကြောင်း ရန်ကုန် အမေရိကန်သံရုံး နဲ့ ဗြိတိသျှ သံရုံးတွေကလည်း ဒီကနေ့ အသီးအသီး ထုတ်ပြန် ပြောကပြပါတယ်။
ကမ္ဘာတဝန်းက Microsoft ကွန်ပျူတာ app တွေနဲ့ ဝန်ဆောင်မှုတွေ ဒီကနေ့ ရုတ်တရက် ရပ်သွားခဲ့တာကြောင့် ဘဏ်တွေ၊ ငွေချေစနစ်တွေ၊ ဖုန်းလိုင်းတွေ၊ ရုပ်သံလိုင်း ထုတ်လွှင့်မှုနဲ့ ပို့ဆောင် ဆက်သွယ်ရေး လုပ်ငန်းတွေ အကြီးအကျယ် အခက် ကြုံနေရပြီး ဖြေရှင်းဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နဲ့ ယူကရိန်းသမ္မတ Volodymyrr Zelenskyy တို့ ဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဝန်ကြီးချုပ်ရဲ့ နေအိမ် အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ တွေ့ဆုံခဲ့ကြပါတယ်။
အစ္စရေးနိုင်ငံ Tel Aviv မြို့လယ်ကို ဒီကနေ့သောကြာနေ့ မနက်ပိုင်းက အီရန်နိုင်ငံလုပ် ဒရုန်းနဲ့ ပစ်ခတ် တိုက်ခိုက်တာခံရလို့ လူတဦး သေဆုံးပြီး လေးဦးဒဏ်ရာ အနည်းငယ်ရခဲ့တယ်လို့ အစ္စရေးစစ်တပ်နဲ့ အရေးပေါ် ဌာနတွေက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေပြင်းထန်နေတဲ့လားရှိုးအနီး သိန္နီမြို့မစျေးကို မနေ့ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ရှမ်း SNLD ပါတီ တာဝန်ရှိသူတချို့အပါအ၀င် အနည်းဆုံး ၁၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံတွက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာကျင်းပမယ့် သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကားရောက် မြန်မာတွေအကြားမှာလည်း အမြင်သဘောထား အမျိုးမျိုး ကွဲပြားနေပါတယ်။ ရီပတ်ဘလစ်ကန်ပါတီရဲ့ မူဝါဒတွေကို ထောက်ခံသူတွေ ရှိသလို၊ ဒီမိုကရက်တစ်ပါတီကို မဲပေးမယ့်သူတွေလည်း ရှိနေကြပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံတဝန်းက နေရာတချို့မှာ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့အတူ ကျင်းပခဲ့ကြပါတယ်။
လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် အနိုင်ရခဲ့မယ်ဆိုရင်၊ သူ့အနေနဲ့ ဖယ်ဒရယ် ဗြူရိုကရေစီ အုပ်ချုပ်ရေးယန္တရားတခုလုံးကို သမ္မတရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာထားဖို့ ကြိုးပမ်းလာနိုင်ချေ ရှိနေပါတယ်။
ဓါတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့ အရေပြားတု မျက်နှာပြင်တွေရဲ့ Tissue တွေကို ပြုံးလာအောင် ဖန်တီးလို့ ရပြီဖြစ်တဲ့အကြောင်း ဂျပန်သိပ္ပံပညာရှင်တွေက ကြေညာလိုက်ပါတယ်။ စက်ရုပ်တွေရဲ့ မျက်နှာအတွက် ဖန်တီးထားတဲ့ သက်ရှိ လူရဲ့ အရေပြား ဆဲလ်တွေလိုမျိုး မျက်နှာပုံစံ အရေပြားကို ပြုံးလာအောင် ဖန်တီးတာမှာ အောင်မြင်သွားတာပါ။
အောက်စ်ဖို့နားက Blenheim နန်းတော်မှာ ကြာသပတေးနေ့ကျင်းပတဲ့ ဥရောပနိုင်ငံရေးအသိုင်းအဝိုင်း ထိပ်သီးအစည်းဝေး EPCS ဖွင့်ပွဲ အခမ်းအနားမှာ ဗြိတန်ဝန်ကြီးချုပ် Keir Starmer က ဥရောပနိုင်ငံတွေအနေနဲ့ ရုရှားရန်လိုမှုခံနေရတဲ့ ယူကရိန်းရဲ့တွန်းလှန်စစ်အတွက် ညီညီညွတ်ညွတ် ထောက်ခံပံ့ပိုးမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
RNC ရီပတ်ဘလီကန်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံနောက်ဆုံးရက်ဖြစ်တဲ့ အခု ကြာသပတေးနေ့ ညပိုင်း၊ မြန်မာစံတော်ချိန် သောကြာနေ့မနက် ၉ နာရီဝန်းကျင်မှာ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump က ပါတီညီလာခံကနေ သူ့ကို ပါတီသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့တဲ့အပေါ် တရားဝင် လက်ခံမိန့်ခွန်းစကား ပြောကြားမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်