သမ္မတဘိုင်ဒန်အတွက် ရွေးကောက်ပွဲအောင်နိုင်ခြေဟာ ရက်ပိုင်းအတွင်းမှာပဲ ကျဆင်းလာနေကြောင်းနဲ့ သူ့ရဲ့ရွေးကောက်ပွဲ ရှုံးနိမ့်မှုကနေ လွှတ်တော်နှစ်ရပ်လုံးမှာလည်း ဒီမိုကရက်တွေထိန်းချုပ်နိုင်ဖို့မျှော်လင့်ချက်ကိုပါ ထိခိုက်လာနိုင်ခြေရှိနေတယ်လို့ သမ္မတကို သတိပေးနေကြတာဖြစ်ပါတယ်။
ယာယီသမ္မတဦးမြင့်ဆွေဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး - ခြေလက်တုန်ပြီး အစားသောက်ပျက်တဲ့ အတွက် ဆေးစစ်ရာမှာ အာရုံကြောနှေးကွေးတုန့်ဆိုင်းတဲ့ရောဂါနဲ့ အာရုံကြောအားနည်းတဲ့ရောဂါတွေခံစားနေရတာကို တွေ့ရကြောင်းနဲ့ တိုးတက်ကောင်းမွန်လာခြင်းမရှိသေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်အတွင်းက ကျွန်းစုတွေကို သူတို့ ပိုင်ဆိုင်တယ်လို့ ဗီယက်နမ်နိုင်ငံက ကုလသမဂ္ဂကို တင်ပြတောင်းဆို လိုက်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ပြောကြားလိုက်ပါတယ်။ ဒေသတွင်း အိမ်နီးချင်း ဖိလစ်ပိုင်နိုင်ငံက အလာတူး တောင်းဆိုပြီး တလအကြာမှာပဲ ဗီယက်နမ်ဘက်က တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်သစ် Keir Starmer ဟာ ဗြိတိန် နဲ့ ဥရောပနိုင်ငံတွေကြား ဆက်ဆံရေးပြန်လည် တည်ဆောက်တဲ့အနေနဲ့ ဥရောပခေါင်းဆောင် ၄၅ ယောက်ကျော် နဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် ဧရိယာမှာရှိတဲ့ ဒေသခံတွေဟာ သူတို့ရဲ့နေရပ်ဆီကို အခုချိန်ထိ ပြန်မလာနိုင်သေးပါဘူး။
ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump က ဒုတိယ သမ္မတလောင်းအဖြစ် ရွေးချယ်ထားတဲ့ Ohio ပြည်နယ်က အထက်လွှတ်တော်အမတ် J.D. Vance ဟာ မနေ့ ဗုဒ္ဓဟူးနေ့က ပါတီညီလာခံမှာ ဒုသမ္မတလောင်းအဖြစ်နဲ့ တနိုင်ငံလုံးကို ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်မှာ ကိုဗစ်ရှိကြောင်း မနေ့ ဗုဒ္ဓဟူးနေ့တုန်းက စစ်ဆေးတွေ့ရှိပြီးနောက် သူနေထိုင်ရတာ ကောင်းပါတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဇူလိုင်လ ၁၆ ရက်၊ အင်္ဂါနေ့က နေပြည်တော် အေလာလေဆိပ်ကို ပစ်မှတ်ထားပြီး လျော့တိုက်ဒုံးနဲ့ ပစ်ခတ်တာခံခဲ့ရတဲ့အကြောင်း စစ်ကောင်စီ လုံခြုံရေးအဖွဲ့ဝင်တချို့က AFP သတင်းဌာနကို ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ထိခိုက်ပျက်စီးမှု မရှိဘူးလို့ သတင်းရက်ကွက် သုံးခုရဲ့ ပြောဆိုချက်ကိုလည်း ကိုးကားဖေါ်ပြပါတယ်။
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆန်ဈေး အဆမတန် အကျိုးအမြတ်ယူ ရောင်းချခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား Hiroshi Kasamatsu ကို ရှေ့သီတင်းပတ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ထပ်မံ ရုံးထုတ်စစ်ဆေးမယ့်အကြောင်း တရားရေး သတင်းရပ်ကွက်က ပြောဆိုတာကို Nikkei Asia သတင်းမှာ ရေးသားထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်လာဖို့နဲ့ ပြန်မလာရင် အိမ်တွေ ယာတွေ သိမ်းဆည်းမယ့်အကြောင့် စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေက ခြိမ်းခြောက်တာ ခံနေရတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာစစ်ကောင်စီကို လက်နက်တင်ပို့ဖို့ ရောင်းဝယ်ရာမှာ ထိုင်းနိုင်ငံက ဘဏ်တွေကို အသုံးပြုပြီး ငွေကြေးလွှဲပြောင်းတာတွေ လုပ်နေတယ်ဆိုတဲ့ ကုလအထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ရှေ့သီတင်းပတ် ထိုင်းဘဏ်လုပ်ငန်းရှင်တွေနဲ့ အစိုးရ တာဝန်ရှိ အဖွဲ့အစည်းတွေ တွေ့ဆုံဖို့ စီစဉ်နေပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ဂျွန်းဘား အားကစားမှာ ပါဝင်တဲ့ မိန်းကလေးငယ် လူဉီးရေ နည်းပါးလာပါတယ်။ ကလေးအလုပ်သမားများတဲ့ ပါကစ္စတန်နိုင်ငံမှာ ပါကစ္စတန် ညီအမ ၂ ယောက်ကတော့ ကျောင်းလည်းမထွက်ဘဲ ဂျွန်းဘား အားကစားကို အားစိုက် ကြိုးပမ်းနေပါတယ်။ VOA သတင်းထောက် Sidra Dar ပေးပို့တဲ့ သတင်းလွှာကို မအိသန့်စင် တင်ဆက်ထားပါတယ်။
သြစတြေးလျနိုင်ငံတဝှမ်းက လုပ်ငန်းခွင်မျိုးစုံမှာ ဝန်ထမ်းသစ် ရှာဖွေရတာ ခက်ခဲနေတာကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေကို အလုပ်ခန့်နေကြပါတယ်။ Queensland အရပ်က ဓာတ်ဆီဆိုင်တွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေ အလုပ်လုပ်ကိုင်နေကြပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် စနေနေ့က ပင်ဆားဗေးနီးယားပြည်နယ် မဲဆွယ်စည်းရုံးပွဲမှာ သမ္မတဟောင်း Donald Trump ကိုလုပ်ကြံဖို့ကြိုးပမ်းမှုက အမေရိကန်နိုင်ငံရေးလောကကို ဘယ်လို ဂယက်ရိုက်နိုင်ပါသလဲ။ လာမယ့် နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲကို ဘယ်လိုသက်ရောက်မှုရှိနိုင်လဲဆိုတာ မဲဆန္ဒရှင်တွေက သုံးသပ်နေကြပါတယ်။
"အခုဟာတော့ ပြောလို့မရသေးဘူးဗျ။ များသောအားဖြင့်တော့ သိပ်ပြီးတော့ မဖြစ်နိုင်ဘူးဗျ။ အခြေအနေက တော်တော်တင်းမာနေတာ။ အခုက ဘယ်လိုမှကို ဘာမှစီစဉ်လို့မရတာ။ အခုက နီးနေတော့လေ။ အကုန်လုံး သွားလမ်းလာလမ်းလည်း အကုန်ပိတ်တော့ အဆင်မပြေတော့ဘူး။" (တောင်ပြုန်းပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ)
ရီပတ်ဘလီကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့် နဲ့ ဒုတိယသမ္မတလောင်း အိုဟိုင်းယိုး အထက်လွှတ်တော်အမတ် ဂျေဒီဗန့်စ်တို့ ဦးဆောင်နေတဲ့ အမေရိကန်ရီပတ်ဘလီကန်ပါတီညီလာခံ တတိယနေ့မှာ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒတို့ကို အဓိကထား ပြောကြဖို့ရှိပါတယ်။
အမေရိကန်ရီပတ်ဘလီကန် ပါတီညီလာခံမှာ ထရမ့်ရဲ့လုံခြုံရေးကို လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့တွေက ပိုပြီး မြှင့်တင်ပေးနေတာကို အင်္ဂါနေ့ည ညီလာခံမှာ တွေ့ရပါတယ်။ လက်ဆွဲနှုတ်ဆက်တာ၊ အနီးကပ်နှုတ်ဆက်တာတွေမလုပ်နိုင်အောင် လုံခြုံရေးတာဝန်ရှိသူတွေက ထရမ့်ကိုဝန်းရံထားကြပါတယ်။
"campus fees တွေက ၁၀,၀၀၀ ကနေ ၁၂,၀၀၀ ထိ တက်သွားတာမျိုး ရှိတယ်။ အဲ့တော့ တပူပေါ်တပူဆင့်ဖြစ်သွားတာပေါ့။ ကျောင်းစရိတ်လည်း သွင်းရတော့မယ်။ ဘတ်ဈေးတွေကလည်း တက်လာတယ်။ campus fees တွေကလည်း တက်လာတယ်။ ဒီလိုမျိုးကြုံရတော့ ကျောင်းသားတွေ အနေနဲ့ အခက်အခဲတွေ ဖြစ်နေတာပေါ့။” (မင်းလူမောင်-ထိုင်းတက္ကသိုလ်ကျောင်းသား)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က အဆင့်မြင့်ဟိုတယ်တခုအတွင်း ဗီယက်နမ်နွယ်ဖွား ၆ ဦး သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဟာ (Cyanide) ဆိုင်ယာနိုက်အဆိပ်ခပ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ကနဦး ခွဲစိတ် စစ်ဆေးမှုတွေအရ သိရှိရကြောင်း ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ ပြောပါတယ်။
အစ္စရေး ဂျက်တိုက်လေယာဥ်တွေဟာ လက်ဘနွန်တောင်ပိုင်းက ဟစ်ဇဘိုလာ စစ်ဘက် အဆောက်အဦကို လေကြောင်းကနေ ဒီကနေ့ ဇူလိုင် ၁၇ ရက်နေ့မှာ တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကြီး အမြှောက်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်