မြန်မာနိုင်ငံအတွင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် ထိုင်း-မြန်မာ နယ်စပ် ကုန်စည် သယ်ယူပို့ဆောင်ရေးမှာ ရနောင်းဘက်ကနေ ပင်လယ်ကိုဖြတ်တဲ့ ဆိပ်ကမ်းကို ပိုပြီး အသုံးပြုလာတာကြောင်း အကျိုးဖြစ်ထွန်းတဲ့အကြောင်း ထိုင်း သယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီး ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Wisconsin ပြည်နယ် Milwaukee မြို့မှာ ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယနေ့မှာ အရင်က ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်ရေး Donald Trump နဲ့ ယှဉ်ပြိုင်ခဲ့သူတွေ တက်ရောက် မိန့်ခွန်းပြောကြားကြပြီး Trump ကို ထောက်ခံခဲ့ကြပါတယ်။
“အကြမ်းဖက်မှုပေါင်းစုံ ဖြစ်ပေါ်လာအောင် ပြောဆို၊ လုပ်ဆောင်မှုတွေ လျော့နည်းသွားအောင်၊ အဲဒီလို လုပ်ရပ်တွေကို ပြစ်တင် ရှုတ်ချကြဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်” - လို့ သမ္မတ Biden က ပြောသွားတာပါ။
ရီပတ်ဘလစ်ကန်ပါတီ ပါတီညီလာခံ ကျင်းပနေတဲ့ ဒုတိယမြောက်နေ့ အင်္ဂါနေ့က ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်ခြေရှိတဲ့ Nevada ပြည်နယ်မှာ သမ္မတဂျိုးဘိုင်ဒန် မဲဆွယ်စည်းရုံးပွဲ ကျင်းပပါတယ်။
Wisconsin ပြည်နယ် Milwaukee မြို့မှာ ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယနေ့မှာ အရင်က ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်ရေး Donald Trump နဲ့ ယှဉ်ပြိုင်ခဲ့သူတွေ တက်ရောက် မိန့်ခွန်းပြောကြားကြပြီး Trump ကို ထောက်ခံခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ ရွှေပြောင်းအလုပ်သမားတွေအတွက် စစ်ကောင်စီရဲ့ ထောက်ခံစာမပါပဲ ထိုင်းအစိုးရက ထုတ်ပေးတဲ့ အလုပ်လုပ်ကိုင်ခွင့် ကဒ်တခုတည်းကိုပဲ ခွင့်ပြုဖို့ တောင်းဆိုထားတဲ့ စာကို မြန်မာ့အလုပ်သမားအရေးတက်ကြွသူတချို့က ထိုင်းလွှတ်တော် ကို ဒီကနေ့ သွားရောက်ပေးအပ်ခဲ့ပါတယ်။
ဇွန်လကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရခိုင်တောင်ပိုင်း သံတွဲမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်တယ်လို့ သတင်းတွေထွက်ပြီး ၂၄နာရီအတွင်း စစ်ကောင်စီဟာ သံတွဲကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
တိုင်းရင်းသားညီနောင်မဟာမိတ်တွေနဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ စတင်ပြီး ရက်ပေါင်း ၂၀ ကျော်အတွင်း လက်နက်ထိမှန်သေဆုံးသူဦးရေ ၇၀ နီးပါးရှိနေပြီလို့ ဒေသတွင်း အဖွဲ့အစည်းတွေက ပြောပါတယ်။
စစ်ကောင်စီဟာ တရုတ်နဲ့ ကုန်သွယ်ရေး လမ်ကြောင်းသစ်တခုကို စစ်မဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ကနေ ပြန်စတင်နိုင်ဖို့ ကြိုးပမ်းနေကြောင်း ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒုသမ္မတလောင်း ဘယ်သူဖြစ်မလဲဆိုတဲ့ လပေါင်းများစွာ ခန့်မှန်းမှုတွေ အပြီး Donald Trump က သူနဲ့ လက်တွဲဖက် ယှဉ်ပြိုင်သူ အဖြစ် J.D. Vance ကို ရွေးလိုက်ပါတယ်။၁၉၅၂ ခုနှစ် ရစ်ချက်နစ်ဆင် လက်ထက်ကတည်းက ဆိုရင် Vance က အသက်အငယ်ဆုံး ရီပါဗလစ်ကန် ဒုသမ္မတလောင်းဖြစ်ပါတယ်။
အမေရိကန် နယူးဂျာစီပြည်နယ် အထက်လွှတ်တော်အမတ် Bob Menendez ဟာ နယူးဂျာစီလုပ်ငန်းရှင် ၃ ယောက်ဆီက ငွေ၊ ရွှေ နဲ့ ဇိမ်ခံကားတစီး လာဘ်ယူခဲ့တာကြောင့် အပြစ်ရှိကြောင်း အင်္ဂါနေ့က ဆုံးဖြတ်လိုက်ပါတယ်။ နယူးယောက်မြို့ ဖက်ဒရယ်တရားရုံးမှာ ဂျူရီအဖွဲ့က ခုလို ဆုံးဖြတ်လိုက်တာပါ။
ရီပတ်ဘလီကန်ပါတီညီလာခံရဲ့ ဒုတိယနေ့မှာ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို အဓိကထားပြောဆိုနေကြချိန်မှာ ထရမ့်အပေါ် လုပ်ကြံမှုထပ်ဖြစ်လာနိုင်ကြောင်းနဲ့ တာဝန်ရှိသူတွေကသတိပေးလိုက်သလို လူဝင်မှုကြီးကြပ်ရေးဟာ ၂၀၁၅ သမ္မတရွေးကောက်ပွဲတုန်းက ရီပတ်ဘလီကန်ပါတီတွင်း အခြေခံအင်အားစု ရရှိစေခဲ့တဲ့ကိစ္စလည်းဖြစ်ပါတယ်။
တရုတ်၊ အီရန်၊ မြောက်ကိုရီးယားနဲ့ ရုရှားအန္တရာယ်ကို ရင်ဆိုင်ပြင်ဆင်ဖို့ စစ်မဟာဗျူဟာတွေကို ပြန်လည်သုံးသပ်မယ်လို့ ဗြိတိန်နိုင်ငံက အင်္ဂါနေ့မှာပြောပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ဟာ အမေရိကန်နိုင်ငံ နီးဗားဒါးပြည်နယ်မှာ အမေရိကန်အချိန် အင်္ဂါနေ့ နေ့လည်မဲဆွယ်စည်းရုံးရာမှာ တနိုင်ငံလုံးညီညွတ်ကြဖို့ ထပ်မံဆော်ဩသွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံရေးက ပြင်းထန်လွန်းလာတယ်လို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် အဆင့်မြင့် Grand Hyatt ဧရာဝဏ် ဟော်တယ်ကြီးထဲမှာ ဗီယက်နမ်နွယ်ဖွား အမေရိကန်နိုင်ငံသား နှစ်ယောက်နဲ့ ဗီယက်နမ်နိုင်ငံသား ၄ ယောက်၊ စုစုပေါင်း ၆ ယောက်သေဆုံးနေတာကို တွေ့ရတဲ့အကြောင်း ထိုင်းရဲတွေက ပြောပါတယ်။
မြန်မာ စစ်ကောင်စီအတွက် လေယာဉ်ဆီပို့ဆောင်တဲ့ ကုမ္ပဏီစာရင်းတွေထဲ ပါဝင်တယ်ဆိုတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့ရဲ့ အစီရင်ခံစာပါ ဖေါ်ပြချက်ကို စင်္ကာပူအခြေစိုက် Sahara Energy International Pte လောင်စာဆီကုမ္ပဏီက မနေ့က ငြင်းဆိုလိုက်ပါတယ်။
ဇူလိုင်လ ၁၃ ရက်၊ စနေနေ့က သမ္မတဟောင်း Donald Trump လုပ်ကြံမှု ဖြစ်ရပ်အပြီးမှာတော့ လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်ကြမယ့် သမ္မတ Joe Biden နဲ့ သမ္မတဟောင်း Trump တို့ နှစ်ဦးလုံးက တိုင်းပြည်မှာ စုစည်းညီညွတ်မှု ရှိကြဖို့ တိုက်တွန်း ပြောဆိုနေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မြို့ မှာ အင်္ဂါနေ့အစောပိုင်းက အစိုးရကို ဆန့်ကျင်ဆန္ဒပြကျောင်းသားတွေနဲ့ အစိုးရလိုလားတဲ့ကျောင်းသားတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ အတွက် လုံခြုံရေးအဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေသုံးပြီး လူစုခွဲခဲ့တယ်လို့ ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ကပြောပါတယ်။
အမေရိကန်သမ္မတဟောင်းလည်းဖြစ် ရီပတ်ဘလစ်ကန်သမ္မတကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့ Donald Trump ဟာ Wisconsin ပြည်နယ် Milwaukee မြို့မှာကျင်းပတဲ့ RNC ရီပတ်ဘလစ်ကန်နိုင်ငံလုံးဆိုင်ရာ ညီလာခံ တက်ရောက်ခဲ့ပါတယ်။ မဲဆွယ်ပွဲအတွင်း ပစ်ခတ်လုပ်ကြံခံရအပြီး ၂ ရက်အကြာမှာ ကျင်းပတဲ့ RNC ညီလာခံကို တက်ရောက်ခဲ့တာပါ။
အမေရိကန်ပြည်ထောင်စု၊ Wisconsin ပြည်နယ်၊ Milwaukee မြို့မှာ ကျင်းပနေတဲ့ ရီပတ်ဘလီကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မနေ့က သမ္မတဟောင်း Donald Trump ရောက်လာတယ်ဆိုရင်ပဲ သူ့ကို ထောက်ခံသူတွေ ကြိုဆိုခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်