တပတ်ကြာမယ့် ခရီးစဥ်အတွင်း တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်မယ်လို့မျှော်လင့်ကြောင်း ဖိတ်ကြားခံရတဲ့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဗွီအိုအေကို ပြောပါတယ်။
ကျူးဘားနိုင်ငံမှာ တာဝန်ကျနေတဲ့ မြောက်ကိုရီးယား အဆင့်မြင့် သံအရာရှိတဦး တောင်ကိုရီးယားဘက်ကို ခိုလှုံလာကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။
ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင် Donald Trump ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုကျင်းပနေတဲ့ ပါတီ ညီလာခံ လုံခြုံရေး စိုးရိမ်မှုနဲ့ မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။ အမေရိကန် လျို့ဝှက်ထောက်လှမ်းရေး အဖွဲ့ တာဝန်ရှိသူတွေကတော့ ညီလာခံ လုံခြုံရေးကို အာမခံတဲ့အကြောင်း ပြောဆိုပါတယ်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးလာတဲ့ မြန်မာစစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ ဒါဇင်နဲ့ချီကို နယ်စပ်မှာဟန့်တားပြီး ပြန်လည် နှင်ထုတ်ခဲ့တယ်လို့ နှစ်နိုင်ငံနယ်စပ် နတ်မြစ်အနီးမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူ တဦးက ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီတွင်း ခေါင်းဆောင်တချို့က သမ္မတ ဘိုင်ဒန်ကို ရွေးကောက်ပွဲ ဆက်မပြိုင်တော့ဖို့ တောင်းဆိုတာတွေကို သမ္မတက ပယ်ချလိုက်ပါတယ်။ တကယ်လို့ ဘိုင်ဒန်ဟာ ဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စားလှယ် မဟုတ်ဘူးဆိုရင် ဘယ်သူ တက်မလဲ ဆိုတာကို Scott Stearns က သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
နယ်စပ်ကုန်သွယ်ရေး၊ ကျောက်မျက်ရတနာနဲ့ ခရီးသွားလုပ်ငန်းတို့လို ဝင်ငွေကောင်းရာ မြို့ကြီးအတော်များများကို စစ်ကောင်စီက အပြည့်အ၀ မထိန်းချုပ်နိုင်တော့ဘဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ရယူလာနေပါတယ်။ ဒီအခြေအနေမှာ နေ့စဉ်စားဝတ်နေရေးကနေ စီးပွားရေးလုပ်ငန်းကြီးတွေထိ လုပ်ငန်းလည်ပတ်မှုတွေ ပြောင်းလဲလာပါတယ်။
အခုရက်ပိုင်းတွေအတွင်း ကရင်ပြည်နယ် မြဝတီတောင်ဘက်ခြမ်း သောင်ရင်းမြစ်ဘေးမှာရှိတဲ့ ပလောတပိုစစ်ရှောင်စခန်းအပါအဝင် စခန်း ၃ ခုလောက်မှာ ကူးစက်မြန်တဲ့ရာသီတုပ်ကွေးနဲ့ဆင်တူတဲ့ ဖျားနာသူတွေ ရှိလာနေတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေကဆိုပါတယ်။
မြန်မာစစ်ကောင်စီဟာ ပြည်တွင်းစစ်ရှောင်ဒုက္ခသည်စခန်းတွေကို ထိန်းချုပ်ပြီး ဒုက္ခသည်တွေကို လူသားဒိုင်းတွေလို အသုံးချနေတယ်လို့ အမေရိကန်နိုင်ငံကပြောပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက် သံအမတ်ကြီး Robert Wood က ကုလသမဂ္ဂမှာ တနင်္လာနေ့က အဲဒီလို စွပ်စွဲပြောဆိုခဲ့တာပါ။
၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် Donald Trump ကို ပါတီညီလာခံကရွေးချယ်လိုက်ပါတယ်။ Milwaukee မှာကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီညီလာခံမှာပဲ သူနဲ့အတူယှဥ်ပြိုင်မယ့် ဒုသမ္မတလောင်းအဖြစ် အိုဟိုင်းယိုးပြည်နယ် အထက်လွှတ်တော်အမတ် JD Vance ကိုရွေးချယ်လိုက်ပါတယ်။
ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအများစုက ပုဂ္ဂလိကဘဏ်ခွဲတွေမှာ ငွေသားကို အရင်ရက်တွေလို ကျပ်၁၀ သိန်း၊ သိန်း ၂၀ ဆိုပြီး ကန့်သတ် ထုတ်ပေးတာမျိုးမဟုတ်တော့ဘဲ ငွေစာရင်းတခုကို ကျပ်သိန်း ၂၀၀ အထိ ပြန်ထုတ်ပေးနေကြောင်း ဒီနေ့ ကိုယ်တိုင်ငွေထုတ်လာသူတချို့က ဗွီအိုအေကို ပြောပါတယ်။
Wisconsin ပြည်နယ်၊ Milwaukee မြို့မှာ ဒီနေ့ စတင် ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကာလအတွင်း တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြပွဲနဲ့ ချီတက်ပွဲတွေ ကျင်းပဖို့ စီစဉ်နေပါတယ်။
ဂါဇာကမ်းမြောင်ဒေသတလျှောက် လေကြောင်းကတိုက်ခိုက်မှုတွေ ဒီကနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒါဟာ ဂါဇာမှာ ဟာမတ်စ်အဖွဲ့ အကြီးတန်းခေါင်းဆောင်တဦးကို ပစ်မှတ်ထား တိုက်ခိုက်မှုအတွင်း လူ ၉၀ သေဆုံးခဲ့ရပြီး နောက်တနေ့မှာ အခုလို တိုက်မှုတွေ ဆက်လုပ်လာတာပါ။
ရခိုင်တောင်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ သံတွဲ ငပလီကမ်းခြေတလျောက်မှာရှိတဲ့ ဟိုတယ်ဇုန်ထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ဟိုတယ် တချို့ မီးလောင်နေတာရှိသလို သံတွဲမြို့ပေါ်မှာလည်း စစ်အင်အား ဖြည့်တင်းထားတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
"ရွေးကောက်ပွဲ ကမ်ပိန်းတွေလုပ်နေစဉ်ကာလမှာ အခုလိုမျိုး အသက်အန္တရယ်ကို လုပ်ကြံခံရဖို့ ကြိုးစားတဲ့ အမှုအခင်းမျိုးကြုံရတာတော့ ဒီမိုကရေစီအတွက်လည်း ကောင်းတဲ့လက္ခဏာလို့တော့ ကျွန်မတော့ မမြင်ပါဘူး။..."
ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် MNDAA အဖွဲ့ အပြည့်အဝ ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီက မနေ့ မနက်ပိုင်းက လေကြောင်းကနေ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAA က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့အနီးက ကျေးရွာတွေမှာ စစ်တပ်နဲ့ PDF ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေတာမှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူဘဲ မိုးကုတ်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
သမ္မတဟောင်း Trump အပေါ် ပါတီတွင်းထောက်ခံမှုနဲ့ ပြိုင်ဘက် လက်ရှိသမ္မတ Joe Biden ရွေးကောက်ပွဲမှာ ဝင်ပြိုင်သင့် မပြိုင်သင့်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတဲ့အပေါ် ဖလော်ရီဒါပြည်နယ် Saint Johns မြို့က နိုင်ငံရေးသုံးသပ်သူ ဉီးဆန်းအောင်ထွန်းရဲ့ သုံးသပ်ချက်အမြင် ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပါတယ်။
သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို ဒီသီတင်းပတ် နှောင်းပိုင်း ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တရားဝင် ကြေညာဖို့ စီစဉ်ထားတဲ့ ရီပတ်ဘစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒီနေ့ Wisconsin ပြည်နယ် Milwaukee မြို့မှာ စတင် ကျင်းပပါမယ်။
Donald Trump ကိုလုပ်ကြံဖို့ကြိုးစားခဲ့တဲ့လုပ်ရပ်ကို ကမ္ဘာ့ခေါင်းဆောင်တွေ ဝိုင်းဝန်းပြစ်တင်ရှုတ်ချကြတဲ့ထဲမှာ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ၊ သြစတေးလျ၊ သြစတီးရီးယား ၊ ဘရာဇီးလ်၊ တရုတ်နိုင်ငံတို့အပြင် အီဂျစ်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အစ္စရေးလ်၊ အီတလီ၊ ဂျပန်၊ မက္ကဆီကို စတဲ့နိုင်ငံခေါင်းဆောင်တွေပါဝင်ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဆိုးသွမ်းရက်စက်မှုတွေ အနိုင်ရမသွားအောင် တနိုင်ငံလုံး ခိုင်မာစွာဆက်လက်ရပ်တည်ရေးဟာ အရင်ကထက် ပိုပြီးအရေးကြီးလာပြီလို့ သမ္မတဟောင်း Donald Trump က တနင်္ဂနွေနေ့မှာပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်