ယူရို ၂၀၂၄ ဥရောပ ဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ စပိန် အသင်းက အင်္ဂလန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ စပိန်အသင်းက ဒုတိယပိုင်းစပြီး မကြာမီ ၄၇ မိနစ်မှာ လမင်းယမဲလ် ဘယ်တောင်ပံက ဆွဲလာပြီး ပို့ပေးတဲ့ဘောလုံးကို ညာတောင်ပံက ကစားသူ ဝီလီယံက သွင်းယူသွားခဲ့တာပါ။
ထရမ့်ကိုလုပ်ကြံတဲ့အဖြေကို ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (အက်ဖ်ဘီအိုင်) က ထိပ်တန်းဦးစားပေး ရှာဖွေနေဆဲဖြစ်ပြီး လုပ်ကြံသူလို့ စွပ်စွဲခံရသူဟာ ၂၀ အရွယ်အမျိုးသား Thomas Matthew Crooks ဖြစ်ပြီး ပင်န်ဆယ်ဗေးနီးယား ပြည်နယ် Bethel Park မှာ နေထိုင်သူဖြစ်တယ်လို့ တနင်္ဂနွေနေ့အစောပိုင်းမှာ FBI က ပြောပါတယ်။
လုပ်ကြံသတ်ဖြတ်မှုဆိုတာ အမေရိကန်ရဲ့ရပ်တည်ချက်နဲ့ကွဲလွဲပြီး အခုချိန်မှာ အားလုံးညီညွတ်တာထက် ဘာမှအရေးမကြီးဘူးလို့ သမ္မတဟောင်း Trump ကို လုပ်ကြံဖို့ကြိုးပမ်းမှုဖြစ်ပြီးနောက် တနင်္ဂနွေနေ့မှာ နိုင်ငံအဝန်းကို သမ္မတ Biden က မိန့်ခွန်းပြောပြီး အခုလို အကြမ်းဖက်မှုမှန်သမျှကို လက်ခံလို့မရဘူးလို့ ပြောသွားပါတယ်။
မနေ့က Pennsylvania ပြည်နယ် Butler မြို့ မဲဆွယ်စည်းရုံးပွဲ ကျင်းပနေတဲ့အချိန် သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားသူဟာ အသက် ၂၀ အရွယ် Matthew Crooks ဆိုသူဖြစ်တယ်လို့ FBI - ထောက်လှမ်းရေးဗျူရိုက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
အီရန်နိုင်ငံမှာ အသစ်တက်လာတဲ့ သမ္မတ မာဆုဒ်-ပဇစ်ကီရန် Masoud Pezeshkian က သူ့အစိုးရအဖွဲ့ဟာ အမျိုးသား အကျိုးစီးပွါးနဲ့ ငြိမ်းချမ်းရေး လိုအပ်ချက်အရ နိုင်ငံအားလုံးနဲ့ မျှတတဲ့ ဆက်ဆံမှုထားရှိမှာဖြစ်ကြောင်း ဒါပေမဲ့အထူးသဖြင့် အမေရိကန်နဲ့ ဆိုရင်တော့ ဖိအားပေးတာကို သူ့နိုင်ငံက တုံ့ပြန်မှာ မဟုတ်ဖူးလို့ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမှာ လူပေါင်း ၉၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဟာ ဟားမတ်စ် စစ်ဦးစီးချုပ် Mohammed Deif ကို ပစ်မှတ်ထားတိုက်ခိုက်တာ ဖြစ်ကြောင်း အစ္စရေးက ပြောပေမယ့် ဟားမတ်စ်တွေကတော့ မဟုတ်မှန်ကြောင်း ချက်ချင်းပဲ ငြင်းဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာတွေအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို ဘဏ်စာရင်းတွေဖွင့်ခိုင်းပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကအသုံးပြုနေတာကို ထိုင်းရဲတပ်ဖွဲ့ဖေါ်ထုတ်ဖမ်းဆီးမိခဲ့ပါတယ်။
ပေါ(လ်)နိုင်ငံ အလယ်ပိုင်းမှာ သောကြာနေ့ မနက်အစောပိုင်း မြေပြိုမှုကြောင့် လူ ၅၀ ကျော်လိုက်ပါလာတဲ့ ဘတ်စကား ၂ စီး ထရီရှုလီ မြစ်ရေထဲ မျောပါသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေက လွိုင်ကော်နဲ့ ဒီးမော့ဆို တခွင်မှာ ဒရုန်းတွေနဲ့ကင်းထောက်နေသလို၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေတော့ ရှိနေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။
NATO အတွင်းရေးမှုးချုပ် Stoltenberg ကလည်း ယူကရိန်းအတွက် နှစ်စဉ် ဒေါ်လာ ၄၃ ဘီလီယံ ထောက်ပံ့ဖို့ NATO က သဘောတူကြောင်းနဲ့ ယူကရိန်းရဲ့ ခုခံစစ်အတွက် NATO ရဲ့ အရှေ့ပိုင်းဒေသ ထောက်ပို့လုပ်ငန်းတွေအတွက် အရှေ့ပိုင်းဂျာမနီ Wiesbaden က ကွပ်ကဲရေးစခန်းကိုသုံးပြီး အကူညီပေးမှာဖြစ်ကြောင်း ကြာသပတေးနေ့က ပြောပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတလျှောက် ရုရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တရုတ်အစိုးရက သောကြာနေ့မှာ ပြောပါတယ်။ ဒါဟာ အမေရိကန်ဦးဆောင်တဲ့ အနောက်မဟာမိတ်နိုင်ငံတွေ ဝါရှင်တန်ဒီမှာတွေ့ဆုံခဲ့ပြီးနောက်မှာ အခုလို စစ်ရေး လေ့ကျင့်လာတာ ဖြစ်ပါတယ်။
သောကြာနေ့ပွဲစဉ်တွေမှာတုန်းကတော့ Carlos Alcaraz က ပြိုင်ဖက် Daniil Medvedev ကို ၅ ပွဲကစားခဲ့ရာမှာ ၃ ပွဲ ၁ ပွဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။ Novak Djokovic ကတော့ သူ့ရဲ့ပြိုက်ဖက် အသက် ၂၂ နှစ်အရွယ် အီတလီ ကစားသမား Lorenzo Musetti ကို ၃ ပွဲအပြတ်နဲ့ နိုင်ခဲ့ပါတယ်။
စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်က ပြန်လာတဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ ဒီရက်ပိုင်း တွေ့ဆုံခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
သမ္မတဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီ အမတ်တချို့အပြင်၊ ဟောလိဝုဒ် မင်းသားကြီး George Clooney အပါအဝင် ပါတီရဲ့ ထိပ်တန်း မဲဆွယ်ရန်ပုံငွေ ထည့်ဝင်သူတချို့ကပါ သမ္မတဘိုင်ဒန်ကို ရွေးကောက်ပွဲ ဆက်မပြိုင်ဖို့ တောင်းဆိုကြပေမဲ့ သမ္မတကတော့ သူ နောက်ဆုတ်မှာ မဟုတ်ကြောင်းနဲ့ အနိုင်ရဖို့ ယုံကြည်ကြောင်း ပြောပါတယ်။
မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGF) နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် စုစုပေါင်း တရာကျော်လောက်ဟာ ဇူလိုင်လ (၁၁) ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခ်နက်ဖ်မှာ လာရောက်ခိုလှုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Dhaka Tribune သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်တွေကို ခေါ်ယူ ဆွေးနွေးတာတွေ ရှိခဲ့ပြီးတဲ့နောက် ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်ဖို့ အများကြီး ပိုခက်လာတယ်လို့ ကိုယ်တိုင် ကြုံတွေ့ရသူတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း စီးပွားရေးအကြပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခအကြား ခရီးသွားလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်နေပြီး အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်တွေကို ပုံမှန်လာရောက်လေ့ရှိတဲ့ ပုဂံမှာ တချို့ရက်တွေ ခရီးသည်တွေ ခြောက်ကပ်နေတဲ့အကြောင်း ဒေသခံတွေ ပြောဆိုတာကို AFP သတင်းမှာ ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင် ၇ နိုင်ငံရှိတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု BIMSTEC အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ဒီနေ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဒီနေ့ ကျင်းပပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ပါတယ်။
မြန်မာစစ်ကောင်စီကို လက်နက်တွေ ဝယ်ယူနိုင်အောင် ထိုင်းနိုင်ငံက ဘဏ်ကြီးတွေက ကူညီ လုပ်ဆောင်ပေးတာတွေ ရှိခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေကို ထိုင်းဘဏ်ကြီးတွေက ကာကွယ် ပြောဆိုလိုက်ပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည် လားရှိုးနဲ့ နီးနေတဲ့ တန့်ယန်းမြို့မှာ UWSA ဝပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့တွေ ဖြန့်ကျက် နေရာယူထားပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိအောင် ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်