မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆန်ဈေးတွေ အမဆတန် အကျိုးအမြတ်တွေ ရယူရောင်းချခဲ့တယ်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီးထားတဲ့ လုပ်ငန်းရှင် ၁၁ဦး ထဲက Aeon Orange စျေးဝယ်စင်တာအကြီးအကဲ ဂျပန်နိုင်ငံသား မစ္စတာ ကာဆာမာဆု (Kasamatsu Hiroshi) ကို ဇူလိုင် ၁၁ ရက်နေ့ မနေ့က ရုံးထုတ်ခဲ့ပါတယ်။
ရှမ်းမြောက်က နောင်ချိုမြို့ကို တအာင်းတပ် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး မြို့တွင်းကို လက်နက်ကြီးကျရောက်၊ ကရင်နီပြည်နယ်မှာ ၆ လတာ ကာလအတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း၊ စသည်
အမေရိကန်လုံခြုံရေးအတွက် ခိုင်မာအားကောင်းတဲ့ NA နေတိုးမဟာမိတ်အဖွဲ့ဟာ အရင်ကထက်ပို ခိုင်မာအားကောင်းလာပြီး အဖွဲ့ဝင်နိုင်ငံတနိုင်ငံ တိုက်ခိုက်ခံရမယ်ဆိုရင် ကျန်တဲ့နိုင်ငံတွေက ဝိုင်းဝန်းကာကွယ်ဖို့ ဂတိပြုထားတယ်ဆိုတာကိုလည်း သမ္မတ Biden က NATO ထိပ်သီးအစည်းအဝေးအဆုံးသတ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ကြာသပတေးနေ့ ဝါရှင်တန်ဒီစီက NATO ၇၅ နှစ်မြောက် ထိပ်သီးအစည်းဝေးမှာ အဖွဲ့ဝင်တွေက ယူကရိန်းကို နောက်ထပ်ပံ့ပိုးပေးကြဖို့ အဓိကဆွေးနွေးခဲ့ကြသလို အနောက်နိုင်ငံတချို့က ရုရှားကျူးကျော်မှုကကြုံလာရတဲ့ ကမ္ဘာတလွှားရှုပ်ထွေးမှုနဲ့ နောက်စိန်ခေါ်မှုတခုဖြစ်တဲ့ လက်နက်ပြိုင်ဆိုင်မှုကို ရင်ဆိုင်ဖို့ပါပြင်ဆင်လာကြပါတယ်။
ဂါဇာအပစ်ရပ်ရေး နောက်ဆက်တွဲ ဆွေးနွေးဖို့ ညှိနှိုင်းရေးမှူးတွေကို ကိုင်ရိုကို စေလွှတ်မယ်လို့ အစ္စရေးက ကြာသပတေးနေ့မှာ ကြေညာခဲ့သလို အမေရိကန်၊ အီဂျစ်နဲ့ ကာတာ ညှိနှိုင်းရေးကိုယ်စားလှယ်တွေဟာ ဂါဇာအပစ်ရပ်စဲရေး သဘောတူညီချက်ရဖို့ တွန်းအားပေးနေကြပြီး သဘောတူညီချက်ရဖို့ နီးလာနေပြီလို့ သတင်းတွေမှာဖေါ်ပြပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်နဲ့ တောင်ပိုင်းသံတွဲ ငပလီကမ်းခြေက စစ်ကောင်စီ တပ်စခန်းနှစ်ခုကို ဒီရက်ပိုင်းထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ဘက်က ထုတ်ပြန်ပါတယ်။
ဂါဇာတောင်ပိုင်းက စစ်သွေးကြွတွေ ဒုံးနဲ့ပစ်တဲ့နေရာလို့ ယူဆထားတဲ့ပစ်မှတ်တွေကို အစ္စရေးက ဒီကနေ့ ဇူလိုင် ၁၁ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ Rafah မြို့ကနေ စစ်သွေးကြွတွေ ပစ်လိုက်တဲ့ ဒုံးကျည် ၅ ခုကိုလည်း အောင်မြင်စွာ ကြားဖြတ်ဖျက်ချနိုင်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးစစ်တပ်က ဒီနေ့ ပြောလိုက်ပါတယ်။
မြန်မာစစ်ကောင်စီကို လက်နက်တင်ပို့ဖို့ ရောင်းဝယ်ရာမှာ ထိုင်းနိုင်ငံက ဘဏ်တွေကို အသုံးမပြုအောင် အရေးယူ ဆောင်ရွက်သွားမယ့် အကြောင်း ထိုင်း အမျိုးသား လုံခြုံရေးဆိုင်ရာ ပါလီမန် ကော်မတီ ဥက္ကဋ္ဌက ဒီနေ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို TNLA က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အင်အားထောင်ချီတဲ့ ဝတပ်တွေဟာ တန့်ယန်းမြို့ကို ရောက်ရှိလာပါတယ်။
ယူကရိန်းစစ်ပွဲမှာ အနောက်အုပ်စနေတိုးအဖွဲ့က အပြည့်အဝ ပူးပေါင်းပါဝင်လာနေတယ်လို့ ရုရှားက ပြောကြားလိုက်ပြီး နေတိုးအဖွဲ့ရဲ့ ခြိမ်းချောက်မှုအန္တရာယ်မျိုးစုံကို ထိန်းချုပ်နိုင်ရေး တုန့်ပြန်ဖို့ ပြင်ဆင်နေတယ်လို့ ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov ရဲ့ ပြောဆိုချက်ကိုကိုးကားပြီး အစိုးရပိုင်သတင်းမှာ ရေးပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ ကျင်းပနေတဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ် နေတိုးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲ နောက်ဆုံးနေ့ ဖြစ်တဲ့ ဒီကနေ့မှာ နေတိုးခေါင်းဆောင်တွေနဲ့ ယူကရိန်း ခေါင်းဆောင်တွေ တွေ့ဆုံကြဖို့ ရှိနေပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ ရခိုင်ပြည်နယ်အတွင်းကို ကုန်စည်တွေစီးဆင်းနေတဲ့ လမ်းကြောင်းကို ဗဟိုလိုင် လူငယ်အဖွဲ့က ပိတ်ထားတာကြောင့် ရာနဲ့ချီတဲ့ ရခိုင်ကုန်သည်တွေ ပိတ်မိနေပြီး အခက်ကြုံနေရပါတယ်။
မြန်မာအာဏာသိမ်း စစ်ကောင်စီဟာ သူတို့ ထိန်းချုပ်လို့ မရတော့တဲ့ တိုင်းပြည်ကို ဖျက်ဆီးဖို့ ကြိုးစားနေပုံ ရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ဒီကနေ့ သတိပေးလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကစစ်ရှောင်တွေ အများဆုံးသွားရောက် ခိုလှုံနေကြတဲ့ တောင်ကြီးမြို့ပေါ်မှာ စစ်ရှောင်တွေအတွက် လုံလောက်တဲ့ နေရာထိုင်ခင်း မရှိသလို၊ အိမ်ငှားရမ်းဖို့အတွက်လည်း ငွေကြေးအများအပြား သုံးစွဲနေရပါတယ်။
မြို့တော် ဂျာကာတာအနေနဲ့ အင်ဒိုနီးရှားရဲ့ နိုင်ငံရေးမြို့တော် အဖြစ်ကနေ ဒီနှစ်ထဲ ပျက်ပြယ်နိုင်ခြေရှိနေပါတယ်။ ပြဿနာအမြောက်အများနဲ့ရင်ဆိုင်ကြုံတွေနေရပေမယ့်လည်း ဂျာကာတာမြို့တော်အနေနဲ့ကတော့ စီးပွားရေးမြို့တော်အဖြစ်နဲ့ ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်။
ဆေးခြောက်ကို တရားဝင်လုပ်ပြီးနောက် နယူးယောက်မြို့ကြီးမှာ ဆေးခြောက်တရားမဝင်ရောင်းတဲ့ ဆိုင်တွေအများအပြား ပေါ်ပေါက်လာတာကို တာဝန်ရှိသူတွေရင်ဆိုင်နေရပါတယ်။ လမ်းထောင့်တိုင်းမှာလိုလိုတရားမဝင် ဆေးခြောက် ဆိုင်တွေပေါ်လာပါတယ်။ Aron Ranen သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်ကတင်ပြပေးပါမယ်။
အဒိုဘီ လို့ခေါ်တဲ့ ရှေးခေတ် ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ နေအိမ်အဆောက်ဦတွေ ဆောက်လုပ်တဲ့နည်းဟာ တောမီးအန္တရာယ်အပြင် ငလျင်လှုပ်တာ၊ လေပြင်းတိုက်ခတ်တာ၊ ရေကြီးရေလျှံတာလို သဘာဝဘေးအတွက် အကာကွယ်ပေးသလို ဥတုရာသီနဲ့ လိုက်လျောညီထွေရှိပြီး ရေရှည်ခံတာကို တွေ့ရပါတယ်။ ဒီအကြောင်း ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ပထမအကျော့ စကားစစ်ထိုးပွဲအတွင်း အသက် ၈၁ နှစ်အရွယ် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ စွမ်းဆောင်ရည် အားနည်းတယ်လို့ သုံးသပ်နေကြပြီး အသက် ၇၈ နှစ်အရွယ် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကတော့ အဲဒီအပေါ် ထိုးနက်ပြောဆိုခဲ့ပါတယ်။ အခုသီတင်းတပတ်ကြာအပြီး တုန့်ပြန်မှုတွေဘယ်လိုဆက်ရှိနေပါလဲ။
ယူရို ၂၀၂၄ ဥရောပဖလား ဘောလုံးပြိုင်ပွဲ ဒုတိယ ဆီမီးဖိုင်နယ်ပွဲမှာ အင်္ဂလန်အသင်းက နယ်သာလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်သွားပါတယ်။ ဒီပွဲမှာ နယ်သာလန်အသင်းက Xavi Simons က အဖွင့်ဂိုးကို ပွဲစပြီး ၇ မိနစ်မှာ သွင်းယူသွားခဲ့တာပါ။
ဗြိတိန်ဝန်ကြီးချုပ်သစ် ကီးယား စတန်းမားနဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်န်စကီးတို့ဟာ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီမှာကျင်းပနေတဲ့ မြောက်အတ္တလန်တိတ် စစ်ရေးစာချုပ်အဖွဲ့ နေတိုးရဲ့ ထိပ်သီးအစည်းဝေးဘေးပန်းမှာ တွေ့ဆုံကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်