နယ်သာလန်နဲ့ ဒိန်းမတ်အစိုးရတွေက အမေရိကန် F-16 တိုက်လေယာဥ်တွေကို အမေရိကန်ထောက်ခံပံ့ပိုးမှုနဲ့အတူ ယူကရိန်းကိုလှူဖို့ ဆောင်ရွက်နေကြောင်း နယ်သာလန်ဝန်ကြီးချုပ် Dick Schoof ၊ ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen နဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
ဂါဇာအပစ်ရပ်ရေးဆွေးနွေးပွဲအတွင်း ဟာမတ်စ်က ဘာကိုပဲဆုံးဖြတ်စေ၊ ထောက်ခံမယ်လို့ ဟက်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ 'ဟာမတ်စ်ကျေနပ်တာ ကျနော်တို့ အားလုံးကျေနပ်ပါတယ်' လို့ အီရန် ကျောထောက် နောက်ခံပေးထားတဲ့ လက်ဘနွန် စစ်သွေးကြွအုပ်စုခေါင်းဆောင်က ရုပ်မြင်သံကြားမှာ ပြောပါတယ်။
မြန်မာဘဏ်တွေမှာ လူအများငွေထုတ်ရခက်လာချိန်၊ ဘဏ်လုပ်ငန်းရှင်တွေကို စစ်ကောင်စီက နေပြည်တော်ခေါ်ပြီး ဆွေးနွေးတာကြောင့် ဈေးကွက်ရိုက်ခတ်သွားတယ်လို့ ထောက်ပြနေကြပါတယ်။
နယူးယောက်မြို့ကြီးမှာ ကြွက်တွေ ပေါများလာနေတာကြောင့် စားကြွင်းစားကျန်တွေကို အသစ်ဖြန့်ဝေတဲ့ ဘီးတပ် အမှိုက်ပုံးထဲမှာ သေချာပစ်ဖို့ နယူးယောက် မြို့တော်ဝန် Eric Adams က တိုက်တွန်းထားပါတယ်။
တောင်ကိုရီးယားနိုင်ငံ Samsung အီလက်ထရောနစ် လျှပ်စစ်ပစ္စည်းကုမ္ပဏီက ဝန်ထမ်းတွေ အလုပ်ကနေ ခေတ္တရပ်နားပြီး သပိတ်မှောက် ဆန္ဒပြတာတွေ ဆက်လုပ်သွားမယ့်အကြောင်း အလုပ်သမားသမဂ္ဂက ပြောပါတယ်။
ဂါဇာအလယ်ပိုင်းဒေသကို အစ္စရေးက ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ဆက်လက် တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ ဒါဟာ ဂါဇာမှာ လူပေါင်း ၃၀ နီးပါးသေဆုံးခဲ့တဲ့ မနေ့က စာသင်ကျောင်းတိုက်ခိုက်ခံရမှုအပြီး ထပ်မံ တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ နောင်ချိုအခြေစိုက် အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ရက်သတ္တ ၂ပတ်ခန့် အပြင်းအထန် တိုက်ခိုက်ပြီးနောက် ဒီနေ့ ညနေ ၃နာရီ ဝန်းကျင်မှာ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းယူလိုက်ပါတယ်။
သံတွဲငပလီမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား တိုက်ပွဲတွေ ပြင်းထန်နေတာ အခုဆိုရင် သီတင်း ၃ ပတ် ကျော်သွားပြီ ဖြစ်ပါတယ်။ ငပလီမှာတော့ လက်ကျန် ခလရ (၅၅) တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်း ခုခံ တိုက်ခိုက်နေတာပါ။
လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA စတင် တိုက်ခိုက်တဲ့ ဇူလိုင် ၃ ရက်ကစပြီး ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ တရုတ်ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပါတယ်။ အခုဆိုရင် ဆက်သွယ်ရေး ပြတ်တောက်နေတာ တပတ်နီးပါးရှိကြောင်း လောက်ကိုင်မြို့ကို ဝင်ထွက်နေတဲ့ ရှမ်းမြောက်ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
လားရှိုးမြို့ အစိတ်အပိုင်းတချို့ထဲကို TNLA တပ်တွေ ဝင်ရောက် နိုင်ခဲ့ပေမဲ့ မြို့ကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ဖို့ကတော့ မလွယ်ဘူးလို့ TNLA အဖွဲ့က ဗိုလ်ချုပ်ကြီး တာဘုန်းကျော်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းဌာနက ပြောပါတယ်။
ရိုးမဘဏ်အကြီးအကဲ Serge Pun ခေါ် ဦးသိန်းဝေကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ စင်္ကာပူအစုရှယ်ယာဈေးက ရိုးမဘဏ်ရဲ့ အစုရှယ်ယာတွေ ဒီကနေ့ ဈေးပိတ်ချိန်မှာ ဒီနေ့ ၂၈.၄၇ ရာခိုင်နှုန်း ကျသွားကြောင်း The Strait Times သတင်းစာမှာ ရေးပါတယ်။
မဟာမိတ်အဖွဲ့ဟာ အကြီးမားဆုံးစမ်းသပ်မှုကို ခံနေရချိန်မှာ စုပေါင်းအင်အားတွေကနေ ငြိမ်းချမ်းရေးအတွက် တည်ဆောက်ကြဖို့ သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ သမ္မတ Joe Biden က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ယူရို ၂၀၂၄ ဥရောပဖလားမှာတော့ စပိန်အသင်းဖိုင်နယ်တက်သွားတဲ့အချိန်မှာပဲ၊ တချို့အသင်းကြီးတွေနဲ့ နာမည်ကြီးကစားသမားတချို့ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရပါတယ်။အမေရိကန်မှာကျင်းပနေတဲ့ ကိုပါအမေရိကဖလား ဘောလုံးပွဲဘက်က အသင်းတွေအပေါ် သုံးသပ်ချက်တွေကို အခုတပတ် အားကစားကဏ္ဍမှာ ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
စားပွဲနေရာရဖို့ ၁ နှစ်လောက် စောင့်ရမယ့် စပိန်နိုင်ငံ ဘာစီလိုနာမြို့က ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင်ကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေသွားပြီး အရသာခံကြရအောင်ပါ။
ဒီနှစ်ရွေးကောက်ပွဲအတွက် ပထမဆုံး ကျင်းပတဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ ထိထိရောက်ရောက်ယှဉ်ပြိုင် နိုင်စွမ်းမရှိတဲ့အပေါ် သမ္မတဂျိုးဘိုင်ဒန်ဝေဖန်မှုတွေ တိုးလာနေပါတယ်။ အမေရိကန်မဲဆန္ဒရှင်တွေကြား သမ္မတဘိုင်ဒန်ဆက်ပြိုင်မှာနဲ့ ပတ်သက်ပြီး အမြင်သဘောထား အမျိုးမျိုး ရှိနေပါတယ်။
လတ်တလောနှစ်တွေအတွင်း သံသယအမြင်တွေရှိနေတဲ့ကြားက တူရကီသမ္မတ ရီးဆက် တာရစ် အာဒိုဝမ်ဟာ အင်္ဂါနေ့က ဝါရှင်တန်မြို့တော်မှာ စတင်တဲ့ နေတိုးအဖွဲ့အစည်းအဝေးတက်ရောက်လာခဲ့ပြီး အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်ကောင်းဖို့ မျှော်လင့်ပါတယ်။ Dorian Jones အစ္စတန်ဘူလ်မြို့က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းတင်ပြမှာပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာစွန့်လွှတ်ဖို့ နားချပေးရေး သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြီးခဲ့တဲ့ ဇွန်လကကုန် တိုက်တွန်းခဲ့တဲ့အကြောင်း စင်္ကာပူ အခြေစိုက် Channel News သတင်းမှာ ဖေါ်ပြပါတယ်။
“ အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ လာမယ့်လတွေမှာ ယူကရိန်းကို နည်းဗျူဟာကျတဲ့ လေကြောင်းကာကွယ်ရေးလက်နက် ဒါဇင်နဲ့ချီ ကူညီသွားဖို့ရှိကြောင်း” ဇူလိုင် ၉ ရက်နေ့ ညနေပိုင်း ဝါရှင်တန်ဒီစီမှာကျင်းပတဲ့ NATO မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ သမ္မတဘိုင်ဒန်ပြောသွားပါတယ်။
ဒီနေ့ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာကျင်းပတဲ့ယူရို ၂၀၂၄ ဥရောပဖလား ပထမ ဆီမီးဖိုင်နယ်ပွဲမှာ စပိန်က ပြင်သစ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဖိုင်နယ်ကိုတက်သွားပါပြီ။ စပိန်အသင်းဟာ ဇူလိုင် ၁၄ ရက်နေ့မှာ အင်္ဂလန်နဲ့နယ်သာလန်ပွဲ နိုင်တဲ့အသင်းနဲ့ နောက်ဆုံးဗိုလ်လုပွဲကို ကစားရမှာဖြစ်ပါတယ်။
ဒုက္ခသည်ခိုလှုံရာစခန်းအဖြစ်ပြောင်းထားတဲ့ ကျောင်းအဆောက်အဦးကို အစ္စရေးကလေကြောင်း တိုက်ခိုက်တာကြောင့် ဂါဇာတောင်ပိုင်းမှာ အင်္ဂါနေ့က ပါလက်စတိုင်း အနည်းဆုံး ၂၅ ယောက် သေဆုံးသွားပြီး သေဆုံးကြသူတွေထဲမှာ အမျိုးသမီးနဲ့ကလေး ၇ ယောက် ပါဝင်တယ်လို့ ဆေးရုံပြောရေးဆိုခွင့်ရှိသူ Weam Fares က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်