တရုတ်နိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးခိုင်မာစေဖို့ ၂၀၂၅ ခုနှစ် ပြက္ခဒိန်မှာ တရုတ်နှစ်သစ်ကူးနေ့ကို တခြား အာဆီယံနိုင်ငံတွေလိုပဲ တရားဝင် ရုံးပိတ်ရက်အဖြစ် ထည့်သွင်းမယ်လို့ နိုင်ငံတော်ပိုင် MRTV က တနင်္လာနေ့ မှာ ကြေညာလိုက်ပါတယ်။
ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံပြန်ပို့ရေးကူညီဖို့ တရုတ်နိုင်ငံကိုရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာက အင်္ဂါနေ့မှာ အကူအညီတောင်းခံလိုက်ပါတယ်။
ကျောက်မဲမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခံခဲ့ရတာကြောင့် အဆောက်အဦတွေ ပြိုကျခဲ့ပြီး လူတွေ ထိခိုက် သေဆုံးခဲ့သလို၊ စီးပွားရေး လုပ်ငန်းတွေ ရပ်ဆိုင်း ထားရတာကြောင့် လူတွေ အတိဒုက္ခ ရောက်နေကြတဲ့ အကြောင်း ဒေသခံတွေက AFP သတင်းဌာနကို ပြောပါတယ်။
ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်လို့ ယူကရိန်းမှာ မနေ့က လူ ၃၇ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ထိခိုက် ဒဏ်ရာ ရခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကိစ္စ အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ ရှိနေသလို၊ ယူကရိန်း ကလည်း ဝမ်းနည်းဖွယ်ရာနေ့ အဖြစ် ဒီကနေ့ ကြေညာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၇ နှစ်နီးပါးက ပရဟိတ ရန်ပုံငွေ ရှာတဲ့ ပြက္ခဒိန်တခုမှာ ဓါတ်ပုံအတူ တွဲရိုက်ခဲ့ကြတဲ့ လူငယ် ဘောလုံးသမားလေး Lionel Messi နဲ့ ကလေးငယ်လေး တို့ နှစ်ဦးလုံးဟာ ဒီကနေ့မှာတော့ လူတွေ ထင်မှတ် မထားလောက်အောင် ကမ္ဘာကျော် ဘောလုံးသမားတွေ ဖြစ်လာပါတယ်။
ဒီလို တိုက်ပွဲတွေပြန်ဖြစ်လာတဲ့အတွက် မြန်မာ စစ်ကောင်စီဟာ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းနဲ့ အနောက်ဘက် ကမ်းရိုးတမ်းတလျှောက် စီးပွားရေးအရ အချက်အချာကျတဲ့ နေရာတွေကို ဆုံးရှုံးရခြေ ရှိနေတယ်လို့ Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။
မြောက်အန္တလန်တိတ် စစ်ရေးမဟာမိတ် NATO အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထိပ်သီး ဆွေးနွေးပွဲကို ဒီကနေ့ အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန်မှာ စတင်မှာဖြစ်ပြီး ရုရှားကျူးကျော်မှုနဲ့ ရင်ဆိုင်နေတဲ့ရတဲ့ ယူကရိန်းကို ကူညီရေးကိစ္စ အဓိက ဆွေးနွေးကြဖို့ ရှိနေပါတယ်။
ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မိဘမဲ့ကလေးငယ်တွေနဲ့ HIV/AIDS ဝေဒနာရှင် ၁၀၀ နီးပါးကို တာဝန်ယူ ကူညီစောင့်ရှောက်ပေးနေတဲ့ ကိုရာဇာ ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။
မြောက်အန္တလန်တစ် စစ်ရေး မဟာမိတ်အဖွဲ့က အသစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဝင်တွေအပါအဝင် နေတိုး မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေကို ဒီနေ့ သမ္မတ Joe Biden ဝါရှင်တန်မြို့တော်မှာ ကြိုဆိုတွေ့ဆုံပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တအန်းTNLAပူးပေါင်းတပ်တွေ အကြား တိုက်ပွဲပြင်းထန်နေပြီး တနင်္လာနေ့နဲ့ အင်္ဂါနေ့ ၂ရက်အတွင်းမှာ မိုးမိတ်မြို့နယ်က စစ်ကောင်စီတပ်စခန်း ၄ခုကို သိမ်းယူခဲ့ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ စစ်မှုထမ်းဥပဒေအောက် အမျိုးသမီးတွေကိုပါ စတင်စုဆောင်းနေပြီလို့ ဒေသခံတချို့က ဗွီအိုအေကိုပြောပါတယ်။ ဒါအပြင် အပတ်စဥ်အလိုက် စစ်သားသစ်စုဆောင်းနေရာမှာ လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခံနေရတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်တိုက်ပွဲအတွက် ဝင်ငွေရှာတဲ့အနေနဲ့ တရားမဝင် မူးယစ်ဆေးဝါးတွေ တိုးမြှင့် ထုတ်လုပ်ပြီး ထိုင်းနိုင်ငံထဲကို တင်သွင်း ရောင်းချတာတွေ ပိုလုပ်လာနေတယ်လို့ ထိုင်းစစ်တပ် အကြီးတန်း အရာရှိတဦးက မနေ့က ပြောဆိုပါတယ်။
ရခိုင်ဒေသတွင်းမီဒီယာတခုဖြစ်တဲ့ စစ်တွေအခြေစိုက် DMG သတင်းဌာနက သတင်းထောက်တဦးနဲ့ ရုံးဝန်ထမ်းတဦးကို ဥပဒေမဲ့ ထောင်ဒဏ်ချမှတ်တဲ့အပြင် DMG ၀န်ထမ်းတွေကို ဖမ်း၀ရမ်းထုတ်တဲ့လုပ်ရပ်ဟာ သတင်းသမားတွေအပေါ် စစ်ကောင်စီရဲ့ အညှိုးထားဖိနှိပ်မှုကို ပြသနေကြောင်း DMG တာ၀န်ခံအယ်ဒီတာ ကိုနေ၀င်းစံ က ဗွီအိုအေကို ပြောပါတယ်။
ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တွေကို အိမ်ခြံမြေ ရောင်း၀ယ်ရေး သတ်မှတ်ချက် ချိုးဖောက်မှုတွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးတာတွေ ရှိခဲ့ပြီးနောက်ပိုင်း အများပြည်သူအတွက် ဘဏ်၀န်ဆောင်မှု လုပ်ငန်းတွေ အကန့်အသတ်တွေကြီးမားလာပါတယ်။
အမေရိကန် မက်ဆီကိုနယ်စပ်မှာ ခိုလှုံခွင့်တောင်းခံတာကို ယာယီရပ်ဆိုင်းပြီးတဲ့နောက် သမ္မတဘိုင်ဒန်က အမေရိကန် နိုင်ငံသား နဲ့ လက်ထပ်ထားတဲ့အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချသူတွေကို အကာအကွယ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ထရမ့်ကတော့ ပြန်ပို့တာတွေကို အကြီးအကျယ်လုပ်မယ်လို့ ပြောထားပါတယ်။
Gaza City ထဲ စစ်ဆင်ရေးတွေတိုးလာတာ၊ ထောင်ချီတဲ့ ဒေသခံတွေကို နေရာရွှေ့ခိုင်းတာဟာ အပစ်ရပ်ဆွေးနွေးပွဲတွေအပေါ် သက်ရောက်လာနိုင်ကြောင်း၊ ဓားစာခံတွေပြန်လွှတ်ပေးရေးဆွေးနွေးမှုတွေပျက်သွားရင် အစ္စရေးလ်ဝန်ကြီးချုပ်နဲ့ အစ္စရေးလ်စစ်တပ်မှာ အပြည့်အဝတာဝန်ရှိကြောင်း ဟာမတ်စ် ထိပ်တန်းခေါင်းဆောင် Haniyeh ကပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ထဲကနေ ထိုင်းနိုင်ငံအတွင်းပိုင်းထဲက ပင်းမြစ်ထဲကို ရေတွေလွှဲပို့တဲ့အခါ မျိုးရင်းမဟုတ်တဲ့ ကျူးကျော်ငါးမျိုးစိတ်တွေဝင်ရောက်လာတာကြောင့်ရော မျိုးဗီဇတွေ ရောထွေးသွားနိုင်တာကြောင့်ပါ မြစ်ထဲကမျိုးရင်းငါးကောင်ရေကျဆင်းသွားမှာကို ကျွမ်းကျင်သူတွေစိုးရိမ်နေပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာပြန်အရွေးခံဖို့ အခိုင်အမာဆုံးဖြတ်ထားကြောင်းနဲ့ သမ္မတဟောင်း Donald Trump နဲ့လတ်တလောစကားစစ်ထိုးပွဲမှာ ကောင်းကောင်းမဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဘေးထွက်ထိုင်ပေးဖို့ပြောဆိုနေတာတွေရပ်ချိန်တန်ပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီမိုကရက်လွှတ်တော်အမတ်တွေကိုတနင်္လာနေ့မှာ စာပို့ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာ မနေ့ တနင်္ဂနွေနေ့က ဒုတိယအကျော့ ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲတွေမှာ Marine Le Pen ဦးဆောင်တဲ့ လက်ယာယိမ်းအုပ်စု အာဏာရမယ့်အရေးကို လက်ဝဲယိမ်းအုပ်စုက ဟန့်တားနိုင်ပြီး မဲအသာစီးရခဲ့ပါတယ်။
နေတိုးမဟာမိတ်အဖွဲ့တည်ထောင်တဲ့ ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမြို့မှာ ဇူလိုင်လ ၉ ရက်နေ့မှာ ထိပ်သီးစည်းဝေးပွဲ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာဘဲ နေတိုးခေါင်းဆောင်တွေက ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းကို ထပ်ဆင့် ပံ့ပိုး ကူညီပေးဖို့ ဆောင်ရွက်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်