မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းဌာနတခုက သတင်းထောက် ၂ ယောက်ကို စစ်ကောင်စီက အပြစ်ဒဏ်ချလိုက်တဲ့အပေါ်မှာ ရှုတ်ချကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း စတင်ပြီးနောက် ရှမ်းပြည်နယ် လားရှိုးမှာ ၆ ရက်မြောက်နေ့အဖြစ် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ရေးအရ အတိုးအဆုတ်ရှိနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေနဲ့ ဥရုချောင်းရေတို့ကြောင့် မြို့ရဲ့ နေရာတော်တော်များများ ရေနစ်မြှုပ်နေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။
ယူကရိန်းနဲ့ ရုရှားကြားမှာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နိုင်တဲ့ အခြေအနေတွေကို နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ ဖန်တီးပေးဖို့ လိုတယ်လို့ တရုတ်သမ္မတရှီကျင့်ပင် (Xi Jinping) က ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ရဲ့ တရုတ်ခရီးစဉ်အတွင်း သမ္မတရှီကျင့်ပင်က အဲဒီလို ပြောလိုက်တာပါ။
မြန်မာစစ်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေးအတွက် လေယာဉ်လောင်စာဆီတင်ပို့မှုတွေကို မလုပ်ကြဖို့ တောင်းဆိုနေတဲ့ ကြားမှာပဲ စစ်ကောင်စီအတွက် လေယာဉ်ဆီ ပို့ဆောင်မှုတွေကို နောက်ထပ် ခြေလှမ်းအသစ်တွေနဲ့ လုပ်တာတွေ ရှိနေတယ်လို့ Amnesty International အဖွဲ့က ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ အခု တနင်္လာနေ့မှာတော့ ရုရှားနိုင်ငံကို နှစ်ရက်ကြာခရီးစဉ်သွားရောက်မှာဖြစ်ပါတယ်။ ရုရှားက အိန္ဒိယပြိုင်ဘက် တရုတ်နဲ့ ဆက်ဆံရေးထဲထဲဝင်ဝင်ရှိနေချိန်မှာပဲ အိန္ဒိယနဲ့ဆက်ဆက်ဆံရေးကိုလည်း ထိန်းထားပါတယ်။
ပြင်သစ်ပါလီမန်ရွေးကောက်ပွဲ မဲရလဒ်ခန့်မှန်းချက်တွေအရ လွှတ်တော်နေရာအများစုကို လက်ဝဲညွန့်ပေါင်းအဖွဲ့က မထင်မှတ်ဘဲ အသာစီးရနေပါတယ်။ လက်ရှိသမ္မတ Emmanuel Macron ရဲ့ အလယ်အလတ်ဝါဒီပါတီက ဒုတိယနေရာမှာရှိနေပြီး လက်ယာစွန်းပါတီက တတိယလိုက်ပါတယ်။
ဟာမတ်စ်နဲ့ အစ္စရေးစစ် အခု တနင်္ဂနွေနေ့မှာ ၉ လပြည့်လာချိန်မှာပဲ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နုတ်ထွက်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေးတွန်းအားပေးတဲ့အနေနဲ့ တိုင်းပြည်တဝန်း လမ်းမကြီးတွေကိုပိတ်ဆို့ပြီး အစ္စရေးဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။
သံတွဲဒေသတိုက်ပွဲတွေအတွင်း သံတွဲလေဆိပ်အပါအဝင် သံတွဲမြို့ဝန်းကျင် စစ်ကောင်စီတပ်စခန်းတွေနဲ့ တပ်ရင်းဌာနချုပ်တွေကို AA ဖက်က သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်း ၄၀၀ ကျော်နဲ့ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိတယ်လို့ AA အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်က အီရန်သမ္မတသစ် ဖြစ်လာတဲ့ မာဆု ပဇာရှကီယန်း Masoud Pezeshkian ကို ဂုဏ်ပြုကြောင်း ကရင်မလင်နန်းတော်က စနေနေ့မှာ ထုတ်ပြန်ပါတယ်။
" အင်္ဂလန်အသင်းဟာ အခု တကြိမ်မှာတော့ ပင်နယ်တီ ၅ ဂိုးလုံး ဝင်အောင် သွင်းယူနိုင်ခဲ့တဲ့ အပြင် ဂိုးသမား ဂျော်ဒန်ပစ်ဖော့ဒ်ကလည်း ဆွစ်ဇာလန်ရဲ့ ပင်နယ်တီ ၁ လုံးကို ကာကွယ်နိုင်ခဲ့လို့ အင်္ဂလန်အသင်းက ပင်နယ်တီ ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ "
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာ (Keir Starmer) က အရင် ကွန်ဆာဗေးတစ် အစိုးရလက်ထက်က အဆိုပြုခဲ့တဲ့ နိုင်ငံတွင်း ခိုလှုံခွင့်တောင်းခံသူတွေကို ရဝမ်ဒါနိုင်ငံကို ပို့မယ့် အငြင်းပွားဖွယ် မူဝါဒကို ဖျက်သိမ်းလိုက်ကြောင်း စနေနေ့မှာ ကြေညာပါတယ်။
သဘောတူညီချက်က အာမ မခံနိုင်သေးကြောင်း နှစ်ဖက်စလုံးက သတိပေးပါတယ်။ ပထမအဆင့် သဘောတူညီချက် အသက်ဝင်လာချိန်မှာ အစ္စရေးဘက်က အမြဲတမ်း အပစ်ရပ်စဲရေးအတွက် ဆက်လက် ညှိနှိုင်းသွားပါမယ်ဆိုတာ စေ့စပ်ဖျန်ဖြေပေးနေသူတွေဆီက စာနဲ့ရေးသား ဖော်ပြထားတဲ့ အာမခံချက်မျိုး ဟားမတ်စ်ဘက်က လိုချင်နေသေးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အိန္ဒိယ မဏိပူပြည်နယ်၊ အင်ဖာထောင်ထဲမှာ အခွင့်အရေးတချို့ရဖို့ အစာအငတ်ခံ ဆန္ဒပြနေတဲ့ မြန်မာအကျဉ်းသားတွေဟာ ကျန်းမာရေး အခြေအနေကြောင့် သူတို့ရဲ့ဆန္ဒပြမှုကို ဗုဒ္ဓဟူးနေ့မှာ ရပ်ဆိုင်းလိုက်ပါတယ်။ လတ်တလော အခြေအနေအရ ဆုံးဖြတ်ရတာဖြစ်ပြီး တောင်းဆိုတာတွေ ရဖို့ အစာအငတ်ခံ ထပ်လုပ်ဖို့ရှိကြောင်း ပြောပါတယ်။
တာဝန်ပြီးဆုံးလို့ပြန်တော့မယ့်တရုတ်သံအမတ်ကြီးချန်ဟိုင်နေပြည်တော်မှာစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလာရောက်နှုတ်ဆက်စဉ်ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ပတ်သက်လို့ဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့တရုတ်ရဲ့အခန်းကဏ္ဍသတင်းပေးပို့ချက်ကိုကိုဇော်မိုးကျော်ပြောပြပါမယ်။
အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာမိုဒီဟာ လာမယ့် တနင်္လာနေ့မှာ ရုရှားနိုင်ငံကို ၂ ရက် ခရီးစဉ်လာရောက်မှာ ဖြစ်ကြောင်း ရုရှားအစိုးရက သတင်းထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ် ဥရောပဖလား EURO 2024 အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့် ပွဲစဥ◌်တွေမှာ စပိန်အသင်းက အိမ်ရှင် ဂျာမနီ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အကြိုဗိုလ်လုပွဲကို အစောဆုံး တက်သွားနိုင်ခဲ့ပါတယ်။
ရှမ်းပြည်နယ် နောင်ချိုမြို့နားက မန္တလေး-လားရှိုး ရထားလမ်းပေါ်က နာမည်ကျော် ဂုတ်ထိပ်တံတားကို TNLA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပါတယ်။ ဇူလိုင် ၄ ရက် ကြာသပတေးနေ့က သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂုတ်တွင်းကားလမ်းတဝိုက်မှာတော့ တိုက်ပွဲတွေ ဆက်ပြီးဖြစ်နေပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် သံတွဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ငပလီကမ်းခြေက လူနေအိမ်တွေမှာ ဝင်ရောက် နေရာယူနေတဲ့အပြင် ရခိုင်အရပ်သားတချို့ကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည် လွိုင်ကော်မြို့မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေရာမှာ စစ်ရေးဗျူဟာအရ နှစ်ဘက်စလုံး အတိုးအဆုတ် နည်းလမ်းနဲ့တိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်