ဗြိတိန်နိုင်ငံမှာ လေဘာပါတီခေါင်းဆောင် Keir Starmer (ကီယာ စတာမာ) ဝန်ကြီးချုပ်သစ် ဖြစ်လာပါပြီ။ ကြာသပတေးနေ့က ကျင်းပတဲ့ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီ အပြတ်အသတ်ရှုံးခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း Rishi Sunak ရာထူးကနေ နှုတ်ထွက်ပေးခဲ့ရပါတယ်။
အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ ရှေ့သီတင်းပတ် ၈ ရက်နဲ့ ၉ ရက်မှာ ရုရှားနိုင်ငံကို ရောက်လာမှာဖြစ်ပြီး သမ္မတ Vladimir Putin နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ရုရှားသမ္မတရုံးက ထုတ်ပြန်ပါတယ်။
EU ဥရောပသမဂ္ဂအဖွဲ့ဝင် ဟန်ဂေရီဝန်ကြီးချုပ်ရဲ့ ရုရှားခရီးစဉ်ဟာ EU ရဲ့ ထောက်ခံချက် မပါဘဲသွားတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
ကုန်သွယ်ရေးမှာ အလွန်အရေးပါတဲ့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အရပ်သားတွေ ရာနဲ့ချီ အစုလိုက်အပြုံလိုက် မြို့ကို စွန့်ခွာထွက်ပြေးနေကြရပါတယ်။
တရုတ်အစိုးရက မျှတမှုမရှိဘဲ ပံ့ပိုးမှုတွေပေးနေတာကြောင့် တရုတ်ရဲ့လျှပ်စစ်ကားတင်ပို့မှုအတွက် အခွန်ကို ၃၈ % ယာယီတိုးမြှင့်ကောက်ခံမှာဖြစ်ကြောင်း အီးယူဥရောပသမဂ္ဂရဲ့ ကြာသပတေးနေ့ ပြောကြားချက်ကနေ အီးယူနဲ့တရုတ်ကြား လက်ရှိတင်းမာမှုတွေ ပိုတိုးမယ့် အန္တရာယ်ရှိနေပါတယ်။
ဗြိတိန်မှာ ပါလီမန်ရွေးကောက်ပွဲ ကနဦးမဲစစ်တမ်းတွေအရ Labor ပါတီက အများစုနဲ့ နိုင်ရနေတာမို့ လေဘာပါတီခေါင်းဆောင် Keir Stamer က ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာဖို့ ရှိနေပါတယ်။ လက်ရှိဝန်ကြီးချုပ် Rishi Sunak ရဲ့ Conservatives ပါတီကတော့ သမိုင်းမှာ မှတ်တမ်းဝင် ရှုံးနိမ့်ဖွယ်ရှိနေပါတယ်။
၂၀၂၄ ဇူလိုင်လ ၄ ရက် ကြာသပတေးနေ့ဟာ ဗြိတိန်လက်အောက်ကနေ အမေရိကန်နိုင်ငံရဲ့ ၂၄၈ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပြီး ၂၀ ရာစုနှစ်တွေမှာတော့ ဗြိတိန်နဲ့ အခိုင်မာဆုံး ဒီမိုကရေစီမိတ်ဆွေအဖြစ်နဲ့ ကမ္ဘာစစ် ၂ ကြိမ် စလုံးကိုရော ကမ္ဘာ့ပဋိပက္ခအမျိုးမျိုးကိုပါ အတူတကွ လက်တွဲကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ပါလက်စတိုင်းနဲ့ လက်ဘနွန်နယ်စပ်တလျှောက်မှာ အစ္စရေးတပ်တွေနဲ့ လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်နေကြတာ လနဲ့ချီကြာလာတာကြောင့် ဂါဇာစစ်ပွဲကနေ ဒေသတွင်းပဋိပက္ခတွေ ပိုကျယ်ပြန့်လာမှာကို စိုးရိမ်နေကြချိန်မှာပဲ ကြာသပတေးနေ့ကလည်း နှစ်ဘက် ထပ်မံ တိုက်ခိုက်ခဲ့ကြပါတယ်။
အစ္စရေးတပ်ဖွဲ့တွေနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာ စစ်သွေးကြွအဖွဲ့တွေဟာ ၂ နိုင်ငံ နယ်စပ်တလျှောက် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ရခိုင်ပြည်နယ်မှာ တချိန်ကလို လူမျိုးတုန်း အကြမ်းဖက်မှုတွေ နောက်တကြိမ် ကြုံရမယ့် အခြေအနေနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က သတိပေးလိုက်ပါတယ်။
မြန်မာနဲ့အိန္ဒိယ ၂ နှစ်နိုင်ငံကြား ငွေကြေးနဲ့ တိုက်ရိုက်ကုန်သွယ်မှုတွေ စတင်လိုက်ပြီး၊ ငွေပေးချေမှုအတွက် ရူးပီးငွေ တကုဋေကျော်ကို မြန်မာဘက် ဒီကနေ့ပဲ လွှဲပြောင်းပေးလိုက်ကြောင်း အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်းတချို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက အချက်အခြာကျတဲ့ လားရှိုးမြို့မှာ ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး အနည်းဆုံး အရပ်သး ၅ ဦး သေဆုံးခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လာမယ့် ၂၀၂၄ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဆက်ပြီးအရွေးခံသွားမှာဖြစ်တယ်လို့ မနေ့ ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အားလပ်ရက် သီတင်းပတ်ကုန်မှာ ခရီးထွက်သူတွေ ဒီနှစ်မှာ စံချိန်တင်မယ်လို့ ခန့်မှန်းနေကြပါတယ်။ တနင်္ဂနွေနေ့ အမေရိကန် လေဆိပ်တွေမှာ ခရီးသွား ၃ သန်းကျော်မယ်လို့လည်း သယ်ယူပို့ဆောင်ရေး လုံခြုံရေးဌာနက ခန့်မှန်းထားတာပါ။
မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု Genocide အမှုနဲ့ ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ မှာ စွဲထားတဲ့အမှုကို ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ Maldives နိုင်ငံတွေက ကြားဝင်ပြီး ပါဝင်ခွင့်ပြုထားကြောင်း ICJ က မနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အခုနောက်ဆုံး ပြောင်းလဲဖြစ်ထွန်းမှုတွေအပေါ် မူတည်ပြီး တုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က တိုက်တွန်းလိုက်ပါတယ်။
ယူဂန်ဒါနိုင်ငံကိုရောက်လာတဲ့ ဆူဒန်ဒုက္ခသည်တွေမှာ ဘာသာစကားအခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေအတွင်းရောက်လာတဲ့ ဒုက္ခသည် အယောက် ၄ သောင်းလောက်ဟာ အဂလိပ်စာ မကျွမ်းကျင်တာကြောင့် အလုပ်ရှာရခက်နေပါတယ်။ ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေကို ကူညီဖို့ အဖွဲ့အစည်းတခုက ကြိုးပမ်းနေပါတယ်။
တခြားနိုင်ငံတွေနည်းတူပဲ ယူကရိန်းနိုင်ငံထဲက အသက် ၅၀ နဲ့ ၆၀ အရွယ် သက်ကြီးအလုပ်အကိုင်ရှာဖွေသူတွေအဖို့ အလုပ်အကိုင်ရရှိနိုင်မှုဟာ လူငယ်တွေလောက် မလွယ်ကူပါဘူး။ ဒါပေမယ့် ယူကရိန်းရဲ့ လက်ရှိ စစ်ပွဲကာလ အလုပ်သမားရှားပါးမှုကို အခွင့်ကောင်းယူပြီးတော့ အဖွဲ့အစည်းတစ်ခုက ဒီအခြေနေတွေကို ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။
မြန်မာနိုင်ငံအကျပ်အတည်းကိုဖြေရှင်းရာမှာ နောက်လာမယ့် အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို အင်ဒိုနီးရှားက ပံ့ပိုးကူညီမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ (Retno Marsudi) က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်