မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆန်ဈေးတွေ အမဆတန် အကျိုးအမြတ်တွေ ရယူရောင်းချခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား Hiroshi Kasamatsu ကို အစောဆုံး ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရ ပြောခွင့်ရ Yoshimasa Hayashi က မြန်မာစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။
ဒီအပတ်တော့ နော်သဇင်က စတူးဂတ်မြို့မှာရှိတဲ့ ရုက္ခဗေဒဥယျာဉ်ကို သွားရောက်လေ့လာခဲ့ပါတယ်။ အရမ်းအေးတဲ့ ရာသီဥတုပုံစံမျိုးရှိတဲ့ မြို့တစ်မြို့ဖြစ်ပေမယ့် တစ်ကမ္ဘာလုံးမှာရှိတဲ့ အပင်တွေကို ဖန်လုံအိမ်ထဲမှာ စိုက်ပျိုးပြသထားတာပါ။ နော်သဇင်နဲ့ အတူတူ လိုက်ကြည့်ရအောင်ပါ။
တနင်္ဂနွေနေ့တုန်းကတော့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေး လေ့ကျင့်ကြတာကို မြောက်ကိုရီးယားက အာရှပုံစံနေတိုးအဖွဲ့လို့ ခေါ်ခဲ့ပြီး အရေးပါတဲ့အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ တနင်္ဂနွေနေ့က သတိပေးခဲ့တာပါ။
သတ်မှတ်ဈေးနှုန်းထက် အမြတ်တင်ရောင်းချတယ်ဆိုတဲ့ ဆန်လုပ်ငန်းရှင် ၂၄ ဦးကို ဒဏ်ကြေးနဲ့အခွန်စည်းမျဉ်းတင်းကြပ်ပြီး ဆန်လုပ်ငန်းရှင် ၇ ဦးကိုတော့ တရားစွဲဆိုအရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ပြင်သစ်လွှတ်တော်ရွေးကောက်ပွဲ ပထမအသုတ်အပြီး မဲပေးခဲ့သူတွေရဲ့ သဘောထားစစ်တမ်းတွေမှာ မာရင်း လီပင်န်း ဦးဆောင်တဲ့ ပြင်သစ်လက်ယာစွန်းပါတီ National Rally (RN) ပါတီက မဲအများနဲ့ ရှေ့ကပြေးနေပြီး ပြင်သစ်သမ္မတ အီမန်နယူရယ် မက္ခရွန်ရဲ့ ဗဟိုနိုင်ငံရေး အင်အားစုကတော့ တတိယနေရာပဲ ရနေပါတယ်။
'အောင်ပွဲရရေးကို ဘာနဲ့မှ အစားမထိုးနိုင်ကြောင်း'- ဟာမတ်စ်စစ်သွေးကြွတွေ ရှုံးတဲ့အထိ ဟာမတ်စ်ဖမ်းထားတဲ့ ဓားစာခံတွေအရှင်ဖြစ်စေ၊ အသေဖြစ်စေ ပြန်လာတဲ့အထိ ဂါဇာရှိ ဟာမတ်စစ်တွေကို ဆက်လက် စစ်ဆင်နွှဲမှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သူ့အစိုးရအဖွဲ့ကို ပြောခဲ့ပါတယ်။
အိန္ဒိယရဲ့ တရုတ်နယ်စပ်က မှု တခု အတွင်း တင့်ကားတစီး ရေနစ်မြုပ်မှုကြောင့် အိန္ဒိယစစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ အရာရှိတွေက စနေနေ့မှာ ပြောပါတယ်။
မြောက်ကိုရီးယားနဲ့ တရုတ်ရဲ့ ကြီးထွားလာနေတဲ့ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ ဂျပန်၊ တောင်ကိုရီးယား မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အရှေ့တရုတ်ပင်လယ်ထဲမှာ ပထမဆုံး အကြိမ်အဖြစ် ဘက်စုံ စစ်ရေးလေ့ကျင့်နေတာဟာ စနေနေ့က ပြီးဆုံးခဲ့ပါတယ်။
ဆားဘီးယားနိုင်ငံ၊ ဘယ်လ်ဂရိတ်မြို့တော်က အစ္စရေးသံရုံးမှာ စနေနေ့က ဒူးလေး အသုံးပြုတဲ့ တိုက်ခိုက်မှု တခု ဖြစ်ခဲ့ပြီး အစောင့် ဆားဘီးယားရဲအရာရှိတဦး ဒဏ်ရာရခဲ့ကြောင်း ဆားဘီးယား ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အစ္စရေးက ထိုးစစ်ဆင်နေတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဒေသခံတွေဟာ ဗုံးကြဲခံထားရတဲ့ အဆောက်အအုံပျက်တွေ၊ ဒါမှမဟုတ် ဧရာမ အပျက်အစီး အမှိုက်ပုံကြီးတွေရဲ့ ဘေးက ယာယီ တဲစခန်းတွေမှာသာ နေထိုင်နေရကြောင်း အခြေအနေတွေက လက်သင့်မခံဖွယ် အနေအထား ဖြစ်နေတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။
ယူကရိန်းငြိမ်းချမ်းရေး ဒုတိယ ညီလာခံကျင်းပနိုင်ရေးနဲ့ ၂ နိုင်ငံ လုံခြုံရေးဆိုင်ရာ သဘောတူညီချက် ချုပ်ဆိုရေး ကိစ္စရပ်တွေ ဆွေးနွေးဖို့ Kyiv ကိုရောက်လာတဲ့ စလိုဗီးနီးယား သမ္မတ Natasa Pirc Musar ကို ယူကရိန်းသမ္မတ Volodymyr Zelenskyy က ကြိုဆိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမှာ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် သောကြာနေ့က Gandi နိုင်ငံတကာလေဆိပ်ရဲ့ခေါင်မိုး တစိတ်တပိုင်း ပြိုကျပြီး တဦးသေဆုံးရသလို ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
သမ္မတဟောင်း ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ သမ္မတဘိုင်ဒန်ရဲ့ ပြောဆိုမှုတွေ တုံ့ပြန်မှုတွေကို အများက စိတ်ပျက်ခဲ့တာတွေ့ရတဲ့နောက် စိုးရိမ်လာတဲ့ ဒီမိုကရက်တွေဟာ သူတို့ပါတီရဲ့ သမ္မတလောင်းအတွက် အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဘိုင်ဒန်နေရာမှာ အသက်ပိုငယ်သူကို အစားထိုး သင့်မသင့် ဆွေးနွေးလာကြတာပါ။
အီရန်ဟာ ဒီလအစောပိုင်းမှာပဲ တောင်ကိုဖေါက်ပြီးတည်ဆောက်ထားတဲ့ Fordow ဓါတ်ပေါင်းဖိုရှိရာ နေရာမှာ သူ့ရဲ့ နောက်ဆုံးထုတ် ယူရေနီယံ သန့်စင်စက် အသစ်တွေထဲက ထက်ဝက်လောက်ကို တပ်ဆင်ခဲ့တယ်လို့ IAEA အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားကြောင်း ရိုက်တာသတင်းက ရေးပါတယ်။
မြန်မာနိုင်ငံအခြေအနေဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု အန္တရာယ်ရှိနိုင်တာကိုတွေ့ရတဲ့အတွက် စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့ MAS က စင်္ကာပူဘဏ်အဖွဲ့အစည်းနဲ့ လက်တွဲပြီး တားဆီးဖို့ကြိုးစားခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံကို လက်နက်ရောက်စေမယ့် ငွေကြေးလွှဲပြောင်းမှု မလုပ်ခဲ့ကြောင်းပြောပါတယ်။
စစ်ကောင်စီလက်နက်ဝယ်ယူတာမှာ နိုင်ငံတကာဘဏ်တွေ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တချို့ ပါဝင်နေတယ်လို့ လူ့အခွင့်အရေးကောင်စီကို တင်ပြတဲ့ အစီရင်ခံစာကို မြန်မာဘက်က ကန့်ကွက်လိုက်ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်တောင်ပိုင်း သံတွဲမှာ စစ်ကောင်စီဘက်က မြေပြင်ကသာမက ရေကြောင်းရော လေကြောင်းနဲ့ပါ တိုက်ခိုက်နေသလို အာရက္ခတပ်တော် AA ဘက်ကလည်း ဆက်လက် ထိုးစစ်ဆင် တိုက်နေပါတယ်။
ညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ပြန်စနေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့က တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးမှုတွေလည်း ရှိနေပါတယ်။ လက်ရှိအချိန်အထိ ကျောက်မဲနဲ့ မိုးကုတ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
ထိုင်းနဲ့ မြန်မာနိုင်ငံကြား ငွေကြေးအလွှဲအပြောင်းလုပ်မှုတွေမှာ တရားမဝင်လုပ်ခဲ့တာ မရှိဘူးလို့ Siam Commercial Bank (SCB) က ရှင်းလင်း တုံ့ပြန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၅ ရက်ကျင်းပမယ့် ရွေးကောက်ပွဲကျင် သူအနိုင်ရခဲ့မယ်ဆိုရင် သမ္မတတာဝန် စမယူခင်မှာထဲက ယူကရိန်းကိုကျူးကျော်တိုက်နေတဲ့ ရုရှားစစ်ပွဲ အဆုံးသတ်တာ တွေ့ရမယ်လို့ ဒေါ်နယ်ထရမ့်က သမ္မတလောင်း စကားစစ်ထိုးပွဲမှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်