အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်တို့နှစ်ယောက် ကြာသပတေးနေ့ညက ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ပထမဆုံး စကားစစ်ထိုးပွဲမှာ ပွဲစစချင်းမှာပဲ အပြန်အလှန် ထိုးနှက် ငြင်းခုံခဲ့ကြပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပိုပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုအနေနဲ့ Burma Act မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေနောက်ဆက်တွဲအဖြစ် BRAVE Burma Act ဥပဒေမူကြမ်းတရပ် တင်သွင်းဖို့ရှိတယ်လို့ Burma Caucus အဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် Bill Huizenga (ဘင်လ် ဟိုင်ဇင်ဂါ) က ကြေညာလိုက်ပါတယ်။
"ဆေးလုံးတွေဘာတွေ ဝယ်မယ့်နေရာကလည်း အဝေးကြီးတွေဆိုတော့လေ။ အဲဒီရွာကလူကြီးတွေ ကျနော့်ဆီလာကြတယ်။ ကူညီပေးနိုင်မယ့် အဖွဲ့အစည်းများရှိရင်တော့ စားဆေးတို့၊ ထိုးဆေးတို့ပေါ့နော်။ အဲဒါတွေ အကူအညီအမြန်ဆုံး လိုအပ်တယ်လို့တော့ လာပြောတယ်။ အဲဒီရွာတွေမှာ အရင်တုန်းကတော့ အဲလိုဖြစ်တယ်ဆိုတာ မကြားဖူးဘူး
တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးဖြစ်တဲ့ လီရှန်ဖူးနဲ့ ဝေဖန်ဟီတို့ကို လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။
စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ပဲခူးမြို့မှာကျင်းပခဲ့တာမှာ အနယ်နယ်အရပ်ရပ်က ဆရာတော်၊ သံဃာတော်တွေ ရာနဲ့ချီ ကြွရောက်လာပြီး တရားဓမ္မတွေ ဟောကြားခဲ့သလို၊ လူပေါင်း ရာချီ ဆရာတော်ကြီးကို နောက်ဆုံးလာရောက် ဂါရဝပြုခဲ့ကြပါတယ်။
စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ပဲခူး ဆင်ဖြူကွင်းသုသာန်မှာ ဒီကနေ့ မီးပူဇော်ခဲ့ပါတယ်။။ ကျန်ရှိတဲ့ အရိုးပြာတွေကို စစ်တောင်းမြစ်ထဲမှာ မျှောသွားဖို့လည်း စီစဉ်ထားပါတယ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် အမှတ် ၅၄ ကို ကြမ်းခင်းစျေးသစ်နဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာ ထပ်မံ လေလံတင် ရောင်းချဖို့ တရားရုံးက အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
ကုလသမဂ္ဂအတွင်းအရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် Julie Bishop နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn တို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ လူသားချင်းစာနာကူညီမှု လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ကပြောကြားလိုက်ပါတယ်။
သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်တို့ ဒီကနေ့ ဇွန်လ ၂၇ ညမှာ ကျင်းပမယ့် စကားစစ်ထိုးပွဲမှာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကာလက ကျင်းပခဲ့တဲ့ စကားစစ်ထိုးပွဲမှာလို ကသောင်းကနင်း မဖြစ်ရအောင် စည်းကမ်းအသစ်တွေ ချထားပါတယ်။
ရှမ်းပြည်နယ် နောင်ချို၊ ကျောက်မဲနဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့တွေမှာ စစ်ကောင်စီနဲ့ TNLA-PDF ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သား ထိခိုက်မှုတွေ ဆက်ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီက သမ္မတဂျိုးဘိုင်ဒန် (Joe Biden) နဲ့ ရီပတ်ဘလစ်ကန်ပါတီဘက်က သမ္မတဟောင်းဒေါ်နယ်ထရမ့် (Donald Trump) တို့ ဒီနေ့ညမှာ ပထမဆုံးအကြိမ် စကားစစ်ထိုးကြမှာဖြစ်ပါတယ်။
၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် သမ္မတကိုယ်စားလှယ်လောင်းနှစ်ဦး ဒီနေ့ ပထမအကြိမ်စကားစစ်ထိုးကြမှာပါ။ ဒီနေ့ စကားစစ်ထိုးပွဲမှာ ဘယ်လို အကြောင်းအရာတွေ ဦးစားပေး ဆွေးနွေးငြင်းခုန်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ VOA သတင်းထောက် Carolyn Presutti ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် သမ္မတ Joe Biden နဲ့ သမ္မတဟောင်း Donald Trump တို့ရဲ့ ပထမဆုံး စကားစစ်ထိုးပွဲကို ဒီနေ့ ကျင်းပပါလိမ့်မယ်။ ဒီစကားစစ်ထိုးပွဲကနေ ဘာတွေ မျှော်လင့်နိုင်မလဲ Atlanta ပြည်နယ်ကနေ VOA သတင်းထောက် Calla Yu သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ဖို့အတွက်ဆိုရင် လူတဦးဟာ ဘယ်အချက်တွေရှိနေဖို့လိုအပ်ပါသလဲ၊နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုသတ်မှတ်ချက်တွေ ပြဌာန်းထားပါသလဲဆိုတာ ဗွီအိုအေ ပုံပြရုပ်သံမှာ မအေးသန္တာကျော် ပြောပြထားပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မကောင်းတဲ့သူတွေက AI ဉာဏ်ရည်တု နည်းပညာနဲ့ လုပ်ကြံသတင်းတွေ ဖန်တီးပြီး ပြိုင်ဘက် နိုင်ငံရေးသမားတွေထက် အသာရစေဖို့ နဲ့ နိုင်ငံခြားအစိုးရတွေရဲ့ အကျိုးကို မြှင့်တင်ဖို့ လုပ်ဆောင်တတ်ကြပါတယ်။ အခုလာမယ့် ၂၀၂၄ ရွေးကောက်ပွဲအပေါ် AI နည်းပညာက ဘယ်လိုလွှမ်းမိုးဖို့ကြိုးစားနေပါသလဲ။
အမေရိကန်ပြည်ထောင်စုမှာ ၁၉၇၃ ခုနှစ်က ချမှတ်ထားတဲ့ သန္ဓေသားဖျက်ချခွင့်ဆိုင်ရာ ဥပဒေကို လွန်ခဲ့တဲ့ နှစ်နှစ်က အမေရိကန် တရားရုံးချုပ်က ပြောင်းလဲပြင်ဆင်ခဲ့တာကြောင့် အမေရိကန်နိုင်ငံရေး အခင်းအကျင်းကိုရိုက်ခတ်ခဲ့ပါတယ်။ ဒီအကြောင်းအရာက ၂၀၂၄ နိုဝင်ဘာ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အဓိကပြဿနာတခုအဖြစ်ဆက်ရှိနေတာပါ။
ဂါဇာစစ်ပွဲဟာ ဂျော်ဒန်မြစ်အနောက်ဘက်ခြမ်း West Bank အပါအဝင် ဒေသတွင်းနေရာအနှံ့ ကြီးထွားပျံ့နှံ့သွားမှာကို စိုးရိမ်ကြောင်း ကုလ အကူအညီပေးရေးအကြီးအကဲ Martin Griffiths က ဇွန် ၂၆ ရက်မှာ ပြောလိုက်ပြီး ဒီအခြေအနေအတွက် အကူအညီပေးရေးအေဂျင်စီတွေအနေနဲ့ အလုံအလောက် ပြင်ဆင်ထားပေမယ့် စိုးရိမ်ဖွယ်အနေအထားလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေဆက်ဖြစ်နေပြီး နောက်ဆက်တွဲ သက်ရောက်မှုတွေကို စိုးရိမ်ကြောင်းနဲ့ မြန်မာနိုင်ငံအတွင်းက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးဖို့ အိန္ဒိယ နိုင်ငံရေးခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားဝန်ကြီးဌာနရဲ့ ၂၀၂၃ ခုနှစ်အတွက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ဆက်ဖြစ်နေတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစု လူမျိုးစုနဲ့ ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေအကြောင်း မီးမောင်းထိုး ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်