ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်၊ နယ်စပ်မှာနေသူတွေရဲ့ နေထိုင်ရပ်တည်မှုကို ထိခိုက်လာသလို တိုက်ပွဲတွေ နယ်စပ်ကျော်ဝင်လာမှာ၊ ဒုက္ခသည်တွေ အစုလိုက် ထပ်ရောက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ Reuters သတင်းဆောင်းပါးတပုဒ်ကို မဆုမွန် ပြောပြပါလိမ့်မယ်။
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဂါဇာစစ်ပွဲ ပိုကျယ်ပြန့်ပြီး ဒေသအတွင်း ကူးစက်လာအောင် လုပ်လာနေတဲ့အပေါ် တူရကီသမ္မတ Recep Tayyip Erdogan က ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့မှာ ဝေဖန် ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းက နာမည်ကျော်ကမ်းခြေရှိရာ ငပလီမှာ ဒီကနေ့လည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ အမ်းနဲ့ မောင်တောမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာနေတာပါ။
စစ်ကောင်စီနဲ့ တအန်း တိုင်းရင်းသားလက်နက်ကိုင် TNLA တပ်ဖွဲ့တွေကြား ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားရာက အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်စခန်းတွေကို TNLA က ထိန်းချုပ်လိုက်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ထိုင်းနိုင်ငံက ဘဏ်တွေဟာ မြန်မာစစ်ကောင်စီအတွက် အဓိက ချိတ်ဆက် လုပ်ဆောင်ပေးနေတဲ့ ဘဏ်တွေအဖြစ် ပြောင်းလဲ နေရာယူလာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ရဲ့ ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်မှာ ဖေါ်ပြပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ ထိပ်တန်းလျှို့ဝှက် သတင်းတွေကို အင်တာနက်မှာ ဖောက်ချခဲ့တာကြောင့် သူလျိုမှုနဲ့ တရားစွဲဆိုခံထားရတဲ့ WikiLeaks ဝက်ဘ်ဆိုဒ် တည်ထောင်သူ Julian Assange ဒီနေ့ ဩစတေးလျနိုင်ငံ Canberra မြို့ကို ပြန်ရောက်သွားပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အကျပ်အတည်း လုံခြုံရေးကောင်စီရဲ့ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်တာဟာ မြန်မာပြည်သူတွေအတွက် အလွန်ကြီးမာပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်နိုင်တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ တင်ပြသွားပါတယ်။
ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံမှာ သုံးနှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးလာပြီး မနှစ်က အာဖဂန်နစ္စတန်ကို ကျော်တက်သွားပြီလို့ UNODC ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO အကြီးအကဲသစ်အဖြစ် နယ်သာလန် ဝန်ကြီးချုပ် Mark Rutte ကို မဟာမိတ်အဖွဲ့ဝင်တွေ ဒီနေ့ပဲ ရွေးချယ်လိုက်ပါတယ်။ ယူကရိန်းစစ်ပွဲအရှိန်မြင့်လာသလို၊ အနာဂတ်မှာ နေတိုးအဖွဲ့အပေါ် အမေရိကန်ရဲ့ မရေရာတဲ့ သဘောထားတွေ ရှိနေချိန်မှာ ခေါင်းဆောင်သစ် ရွေးချယ်လိုက်တာပါ။
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး AA အာရက္ခတပ်တော်က စစ်တွေကို ချဉ်းကပ်လာတဲ့ အတွက် မြန်မာစစ်ကောင်စီဘက်က စစ်သင်္ဘောတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Saint Martin ကျွန်း ဝန်းကျင်ကို စေလွှတ်နေတဲ့အကြောင်း မျက်မြင်သက်တွေက ပြောပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်တွင်း ဖိနှိပ်မှုတွေအတွက် လူ့အခွင့်အရေး လှုပ်ရှားသူတွေ စိုးရိမ်နေချိန်မှာပဲ မန္တလေး အိုးဘိုထောင်မှာ လူငယ်နိုင်ငံရေး အကျဉ်းသားတဦး ရိုက်နှက်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံကို ပဲ့ကိုင်ဖို့ နိုင်ငံသားတွေက သမ္မတနဲ့ လွှတ်တော်ကို ရွေးချယ်တင်မြှောက်ပါတယ်။ ဒါပေမဲ့ မူဝါဒတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပြင်ဆင်နိုင်တဲ့ နည်းလမ်းတွေ သမ္မတတွေမှာ ရှိပါတယ်။ အဲဒါတွေထဲ လူသိများတာတခုကတော့ Executive Order ဆိုတဲ့ “သမ္မတ အမိန့်အာဏာ” ထုတ်ပြန်တာပဲ ဖြစ်ပါတယ်။
အီးယူ ဥရောပသမဂ္ဂထဲ အဖွဲ့ဝင်အဖြစ် ယူကရိန်းဝင်ရောက်ရေးအတွက် နှစ်ဘက်ဆွေးနွေးမှုတွေကို အင်္ဂါနေ့မှာ စတင်ခဲ့ပါတယ်။ အဖွဲ့ဝင်ဖြစ်ရေးလုပ်ငန်းစဉ်ဟာ နှစ်နဲ့ချီ ကြာမြင့်နိုင်သလို ဒီကိစ္စကို ရုရှားက တလျှောက်လုံး တားဆီးဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။
ဂါဇာမြောက်ပိုင်းမှာ အစ္စရေးတပ်တွေရဲ့ အင်္ဂါနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် Qatar အခြေစိုက် ဟာမတ်စ် နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh ရဲ့ ဆွေမျိုးမိသားစုဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဒေသတာဝန်ခံတွေနဲ့ သေဆုံးသူတွေရဲ့မိသားစုတွေက အတည်ပြုပါတယ်။
ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာ ဘိဝံသ ပျံလွန်တော်မူခဲ့တဲ့ ဇွန်လ ၁၉ ရက်က ပစ်ခတ်မှုဖြစ်စဥ်အမှန်ကို စစ်ကောင်စီက စိစစ်ဖေါ်ထုတ်နေတယ်လို့ ဇွန်လ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်တဲ့အတိုင်း လုပ်ဆောင်ဖို့ Amnesty International လူ့အခွင့်ရေး အဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန် တောင်းဆိုပါတယ်။
မြန်မာနိုင်ငံမှာ စားသုံးကုန်ဈေး မတက်အောင် စစ်ကောင်စီက ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေကို ဖိအားပေးနေတဲ့ တချိန်တည်းမှာပဲ ကုန်ပစ္စည်းရှားပါးမှုနဲ့ ကြုံနေရပါတယ်။ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေက ဆိုင်တွေမှာ ဆန်၊ ဆီ စတဲ့ အခြေခံစားကုန်တွေ ပြတ်လတ်နေတယ်လို့လည်း ဝယ်ယူစားသုံးသူတွေက ပြောပါတယ်။
ဂါဇာမြောက်ပိုင်းမှာ အစ္စရေးဘက်က ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုတခုကြောင့် ဟာမတ်စ်အဖွဲ့ရဲ့ ကာတာအခြေစိုက် နိုင်ငံရေးဌာန အကြီးအကဲ Ismail Haniyeh ရဲ့ မိသားစုဝင် ၁၀ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း တာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံက Lithium ဘက်ထရီထုတ်လုပ်တဲ့ကုမ္ပဏီမှာ မနေ့က မီးလောင်မှုဖြစ်ပွားပြီး တရုတ်နိုင်ငံသား ၁၈ ယောက် အပါအဝင် ဝန်ထမ်း ၂၂ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အတွက် စက်ရုံပိုင်ရှင်က တောင်းပန်လိုက်ပါတယ်။
စစ်ကောင်စီနဲ့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အကြားမှာ ဒီကနေ့ အနည်းဆုံး ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ် ၃မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့သလို၊ ဒေသခံတချို့ ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တာပါ။
ဇွန်လ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ WFP ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် သိုလှောင်ရုံ ဖေါက်ထွင်းခံရပြီး လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပစ္စည်းတွေ လုယက်ခံရသလို မီးရှို့ခံရတာကြောင့် ဒီ လုပ်ရပ်ကို ရှုတ်ချတဲ့အကြောင်း WFP က ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်