ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်က အပန်းဖြေကမ်းခြေမြို့ဖြစ်တဲ့ ငပလီမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်၊ ချင်းရိုင်ခရိုင်၊ ဖန်မြို့နယ်မှာ နှစ်ရက်အတွင်း စိတ်ကြွဆေးပြား ခုနစ်သန်း လေးသိန်းနဲ့ ဘိန်း ဖြူ ၂၂၅ကီလို ဖမ်းမိခဲ့ပါတယ်။
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink နဲ့ မြန်မာရေတပ်အကြီးတန်းအရာရှိတဦးနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့အစည်း နှစ်ဒါဇင်ကျော်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ဒီနေ့ အိတ်ဖွင့်ပေးစာ ပေးပို့ထားပါတယ်။
ထောင်တွင်း ဖိနှိပ်မှုသတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ရန်ကုန် အင်းစိန်ထောင်က နိုင်ငံရေး အကျဉ်းသား ၂၅၀ လောက်ကို နယ်ထောင်ရွှေ့လိုက်တယ်လို့ အကျဉ်းသား အခွင့်အရေး စောင့်ကြည့်လှုပ်ရှားသူတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ ထိပ်တန်းလျှို့ဝှက် သတင်းတွေကို အင်တာနက်မှာ ဖောက်ချခဲ့တာကြောင့် သူလျှိုမှုနဲ့ တရားစွဲဆိုခံထားရတဲ့ WikiLeaks ဝဘ်ဆိုဒ် တည်ထောင်သူ Julian Assange လိုက်ပါလာတယ်လို့ ယုံကြည်ရတဲ့ လေယာဉ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဒီနေ့ ဆင်းသက်ပါတယ်။
အိန္ဒိယနိုင်ငံ ဘုရားကျောင်းတကျောင်းမှာ ဝတ်ပြုဆုတောင်းမှုတွေလုပ်ဖို့ သက်ရှိဆင်တကောင်ရဲ့ အရွယ်အစားအတိုင်းတီထွင်ထားတဲ့ စက်ရုပ်ဆင်တကောင်ကို ထားရှိထားပါတယ်။
အာဖရိကတိုက် ဆာဟာရအောက်ပိုင်းဒေသတွေမှာ အိမ်သုံးမီးဖိုချက်ပြုတ်မှုကြောင့် အိမ်တွင်းလေထုညစ်ညမ်းမှုတွေဖြစ်လာပြီး ပြင်းထန်တဲ့ ကျန်းမာရေးအကျိုးဆက်တွေရရှိလာတဲ့ အကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ရာသီဥတုနဲ့ သဟဇာတဖြစ်စေတဲ့ ရိုးရာမီးဖိုတွေကို မြှင့်တင်တီထွင်ပြီး ထင်းမီးလျှော့ကာ အသုံးပြုလာကြပါတယ်။
အမေရိကန်နိုင်ငံသားတွေရဲ့ ခင်ပွန်း ၊ ဇနီး တို့ကို နိုင်ငံကနေ နှင်မထုတ်နိုင်တဲ့ ဥပဒေပြဌာန်းပြီး အကာအကွယ်ပေးသွားမယ်လို့ အမေရိကန်သမ္မတ Joe Biden က ဇွန်လ ၁၈ ရက်နေ့မှာ ကြေညာပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Anita Powell ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ရုရှားနဲ့မြောက်ကိုရီးယားနိုင်ငံတို့ကြား အပြန်အလှန်ကာကွယ်ရေးသဘောတူညီချက်သစ်အပေါ် အမေရိကန်ပြည်ထောင်စုက ဂရုတစိုက်လေ့လာနေပါတယ်။ ဒီသဘောတူညီမှုစာချုပ်အရ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ တာဝေးပစ်မစ်ဇိုင်းဒုံးကျည် အစီအစဥ်တွေအပေါ် အထောက်အပံ့တွေဖြစ်လာနိုင်တယ်လို့ အမေရိကန်က ယုံကြည်နေပါတယ်။
ရုရှားတို့ထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားဒေသထဲ မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ရုရှားက အမေရိကန်နိုင်ငံကို ပြစ်တင်ပြောဆိုပါတယ်။ ရုရှားဆိုင်ရာ အမေရိကန် သံအမတ်ကြီး Lynne Tracy ကို နိုင်ငံခြားရေးဌာနဆီ ဆင့်ခေါ်ပြီး အဲဒီလို ပြောဆိုခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံပတ်သက်လို့ မူဝါဒပြောင်းလဲတာမျိုးမရှိဘဲ မြန်မာစစ်ကောင်စီကိုဖိအားပေးဖို့ သံတမန်ရေးနည်းလမ်းအားလုံးကို အသုံးပြုနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။
“အလုပ်ကောင်းကောင်းရမယ်ဆိုပြီး လိမ်ညာခေါ်ယူပါတယ်၊ သူတို့ဖုံးတွေကို သိမ်း၊ မြန်မာနိုင်ငံထဲ ပိတ်ဆို့ထားတဲ့ခြံဝန်းတွေထဲကို ခေါ်ယူသွားခံရပါတယ်။ အဲဒီမှာ သူတို့ကို အွန်လိုင်းပေါ်ကနေ တခြားသူတွေကို ငွေကြေးလိမ်လည်တာတွေ လုပ်စေပါတယ်။ အလိမ်ခံရသူတွေထဲ အမေရိကန်နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။” (အန်တိုနီဘလင်ကန်)
အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet ဟာ လက်ရှိရာထူးက အနားယူပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ပြောင်းလဲထမ်းဆောင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတကိုယ်စားလှယ်လောင်း ၂ ယောက်ဖြစ်တဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ဟာ ဒီသီတင်းပတ် ဇွန်လ ၂၇ ရက်နေ့ကျရင် စကားစစ်ထိုးကြမှာပါ။ ရွှေ့ပြောင်းဝင်ရောက်သူတွေအရေးလို အမေရိကန်ပြည်ထောင်စုအတွက် အရေးကြီးတဲ့ မူဝါဒရေးရာတွေနဲ့ ပတ်သက်ပြီး စကားစစ်ထိုးကြမှာ ဖြစ်ပါတယ်။
လက်ဘနွန်မှာရှိတဲ့ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟက်ဇ်ဘိုလာအဖွဲ့ကို အစ္စရေးက ထိုးစစ်ဆင်မယ့်အလားအလာ ရှိနေတာကြောင့် ဂါဇာစစ်ပွဲ ကျယ်ပြန့်လာမယ့် အန္တရာယ်ကို အမေရိကန်နဲ့ ဥရောပသမဂ္ဂက အရာရှိတွေက သတိပေးနေပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က နာမည်ကျော် ငပလီကမ်းခြေအနီး လေယာဉ်ကွင်းကို အာရက္ခတပ်တော် AA ကသိမ်းပိုက်လိုက်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ဒီနေ့မှာတော့ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် မကြားရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဝင်းနိမ္မိတာရုံကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်ခဲ့တဲ့ ဖြစ်ရပ်အတွက် ခွင့်လွှတ်ဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တောင်းပန်စာကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို လာပြီး ဆရာတော်တွေရှေ့မှောက်မှာ ဖတ်ကြားပြခဲ့ပါတယ်။
ဒီနေ့ တနင်္လာနေ့ကစပြီး အိမ်ထောင်စုတခုကို ဆန်တအိတ်နှုန်း လျှော့ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာစစ်ကောင်စီလက်ထက် လက်တွေ့ကျင့်သုံးနေတဲ့ စစ်မှုထမ်းဥပဒေအရ စုဆောင်းခဲ့တဲ့ တပ်သားသစ် ၅၀၀၀ လောက်ဟာ ဒီလကုန်မျာ စစ်သင်တန်းပြီးဆုံးတဲ့အခါ စတင်စစ်မှုထမ်းရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော်တောင်ဘက် Hwaseong မြို့မှာရှိတဲ့ Aricell လစ်သီယမ်ဘက်ထရီစက်ရုံမှာ ဒီကနေ့ မီးလောင်တာကြောင့် အနည်းဆုံး စက်ရုံလုပ်သား ၂၀ လောက်သေဆုံးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်