ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ တပ်စခန်း ၃ ခုကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ သိမ်းယူလိုက်ကြောင်း ဒေသခံတွေက ဗွီအိုအေကို အတည်ပြုပါတယ်။
Dagestan နဲ့ မြို့နယ်အားလုံးအတွက် ဝမ်းနည်းဖွယ်နေ့ တနေ့ပါလို့ Dagestan ဒေသ အုပ်ချုပ်ရေးမှုး Sergei Melikov က ဒီနေ့ မနက်စော Telegram လူမှုကွန်ယက်မှာ ဗွီဒီယီုကတဆင့် ကြေညာပါတယ်။
အစ္စရေးစစ်တပ်အတွက် အမေရိကန်စစ်လက်နက်ခဲယမ်းပို့ဆောင်မှုနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ အငြင်းပွားနေတာကို မကြာခင် ဖြေရှင်းနိုင်မယ် ယုံကြည်တယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ပြောပါတယ်။
ဂျာမနီနိုင်ငံမှာကျင်းပနေတဲ့ ယူရို-၂၀၂၄ ဥရောပဖလားဘောလုံးပွဲမှာတော့ အိမ်ရှင်ဂျာမနီအသင်းက ပွဲပြီးခါနီးမှ ချေပဂိုးသွင်းပြီး အုပ်စုပထမနဲ့ နောက်တဆင့်တက်သွားပါတယ်။
ဆော်ဒီအာရေဗီးယားနိုင်ငံတွင်း အစ္စဘာမ်ဘာသာဝင်တွေအထွဋ်အမြတ်ထားရာ မကာမြို့မှာ ပြင်းထန်တဲ့အပူဒဏ်ခံခဲ့ရပြီး အခုနှစ် ဟာဂျီဘုရားဖူးကာလအတွင်း လူ ၁,၃၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဆော်ဒီတာဝန်ရှိသူတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံဟာ ဒေသတွင်းက အင်အားကြီး တရုတ်နိုင်ငံကို တန်ပြန်နိုင်ရေး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ ရေကြောင်းလုံခြုံရေး၊ သမုဒ္ဒရာစီးပွားရေး၊ အာကာသနဲ့ တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍတွေမှာ သဘောတူညီချက်အများအပြားကို စနေနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဂါဇာ အခြေစိုက် အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့တခုဖြစ်တဲ့ ပါလက်စတိုင်းအရပ်ဘက်ကာကွယ်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဂါဇာစီးတီး အနောက်ဘက်က Shati ဒုက္ခသည်စခန်းမှာ အပျက်အစီးတွေကြား အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွယ်ကယ်ဆယ်ရေး လုပ်ဆောင်နေတယ် ဆိုပါတယ်။
ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခကနေ အစ္စရေးနဲ့ လက်ဘနွန်ကြား စစ်ရေးတင်းမာမှု အရှိန်အဟုန်မြင့်လာနိုင်တယ်လို့ ဒေသတွင်းမှာ ဩဇာရှိပြီးချမ်းသာတဲ့ ဆော်ဒီအာရေးဗီးယားက သတိပေးလိုက်ပါတယ်။
ရုရှားရဲ့ မဟာမိတ်ဖြစ်တဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့နဲ့ စစ်ရေးလေ့ကျင့်မှု စွမ်းရည်ကို မြှင့်တင်နိုင်ဖို့အတွက် အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘော တစင်းဟာ စနေနေ့က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာပါတယ်။
ဆန်စျေးနှုန်းတွေမြင့်တက်လာလို့ မြန်မာနိုင်ငံ ဆန်အသင်းချုပ်(MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင် ဒုဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်၊ ဦးနေလင်းဇင် အပါအဝင် ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဆန်ကုန်သည်များကို ဖမ်းဆီးထားပါတယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ထိပ်ပိုင်းခေါင်းဆောင် တဦးကို Farmer Times Media က မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်က အမ်း တောင်ကုတ် သံတွဲနဲ့ မောင်တောမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို အာရက္ခတပ်တော် AA ဘက်က တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး တနေ့ထက်တနေ့ တိုက်ပွဲတွေ ပိုပြင်းထန်လာ နေတာပါ။ အခုလို တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ အရပ်သား ထိခိုက်သေဆုံးတာတွေလည်း တိုး လာနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာ ဗုဒ္ဓဟူးနေ့က ရေကြီးမြေပြိုမှုဒဏ် ခံရတဲ့ ရိုဟင်ဂျာ ၈,၀၀၀ အတွက် အထောက်အကူပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ UNHCR က လုပ်ဆောင်နေကြောင်း ကုလ အတွင်းရေးမှုးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Farhan Haq က သောကြာနေ့ ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီးဆွေးနွေးဖို့ ဂျာမနီ စီးပွားရေးဝန်ကြီး Robert Habeck တရုတ်နိုင်ငံ ဘေဂျင်းကို ရောက်လာချိန်မှာပဲ တရုတ်အစိုးရက သူတို့ရဲ့ လျှပ်စစ်ကားတင်ပို့မှုအတွက် အီးယူ ဥရောပသမဂ္ဂရဲ့ အခွန်တိုးမြှင့်ကောက်ခံမှုကနေ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်ခြေရှိနေတယ်လို့ သတိပေးလိုက်ပါတယ်။
တိုက်ပွဲအခြေအနေကြောင့် ၃ လဝန်းကျင် အသွားအလာပိတ်ထားတဲ့ မြစ်ကြီးနားလမ်းမှာ ကုန်တင်ယာဉ်နဲ့ စက်သုံးဆီကားတွေ သွားလာခွင့်ရတာ ၂ ပတ်နီးပါး ရှိပါပြီ။ ပူတာအိုမြို့တွင်းမှာ စားသောက်ကုန် စျေးနှုန်း ပုံမှန်ပြန်မဖြစ်သေးပဲ ဖုန်းလိုင်းအဆက်အသွယ်လည်း ခက်ခဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်က ဟက်ဇ်ဘိုလာတွေကြား တွက်ချက်မှု တခုလေး လွဲသွားရုံနဲ့ စစ်ဘေး ကပ်ကြီး ဆိုက်ရောက်မယ့် အန္တရာယ် ရှိနေတာကြောင့် ၂ ဘက်စလုံး နောက်ဆုတ်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။
အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံကြား အခုလိုမျိုး ဆွေးနွေးပြောဆိုမှုတွေလုပ်ဖို့ အထူး လိုအပ်နေကြောင်း၊ ဒါဟာ လက်ရှိမှာ ပြဿနာတွေ စုပုံဖြစ်ပွါးလာနေပြီး၊ ကမ္ဘာ့လုံခြုံရေး တည်ဆောက်မှုနဲ့ပတ်သက်တဲ့ ပြဿနာတွေ အများအပြား ရှိနေတာကြောင့် ဖြစ်ကြောင်း Peskov က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲဒီနေ့က အဖြစ်အပျက်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုပ်သံနဲ့ ရှင်းပြခဲ့တာမှာ လုံခြုံရေးအခြေအနေတွေ ရှုပ်ထွေးနေစဉ် ကားတစီးကို ပစ်ခတ်ခဲ့မိတာဖြစ်တယ်လို့ ပြောပါတယ်။
ယူကရိန်းကို ကျူးကျော်စစ်တိုက်နေတဲ့ ရုရှားသမ္မတ Vladimir Putin ဗီယက်နမ်နိုင်ငံကို တရက်ခရီး သွားရောက်ခဲ့ပြီးနောက်မှာ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရ Matthew Miller က ကြာသပတေးနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားဆိုင်ရာ ရုရှားသံအမတ်ကြီး Georgy Zinoviev ကို တောင်ကိုရီယား ဒုနိုင်ငံခြားရေးဝန်ကြီး Kim Hong Kyun ကိုဆင့်ခေါ်တွေ့ဆုံပြီး ရုရှားနဲ့ မြောက်ကိုရီးယားကြား သဘောတူစာချုပ်ခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်းနဲ့ မြောက်ကိုရီးယားနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြား နတ်မြစ်ကို ကျော်ပြီး မြန်မာနိုင်ငံဘက်က အကြိမ်ကြိမ် နယ်စပ်ကျော် ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ထပ်ပြီး ပစ်ခတ်တာတွေ လုပ်ရင် လက်တုံ့ပြန်ပစ်ခတ်မယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက သတိပေး ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်