ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ စစ်ကောင်စီက ပြောကြားပါတယ်။ သူသိထားသလောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်နေပြီး သူတို့အရင်စီစဉ်ထားရှိတဲ့ နေရာမှာပဲ ရှိနေပါတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာနကို ဇွန်လ ၂၀ ရက်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စစ်တပ်ပစ်ခတ်လို့ သေဆုံးခဲ့ပြီးနောက် စစ်တပ်ရဲ့ လက်လွတ်စပယ် သတ်ဖြတ်မှုတွေရပ်အောင် ကံဆောင်ချိန်ရောက်ပြီလို့ ဆရာတော်ကြီးရဲ့ တပည့်သံဃာဟောင်းတွေက မိန့်ကြားလိုက်ပါတယ်။
တိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံခဲ့တဲ့ ဆရာတော်တပါးက မိန့်ကြားခဲ့ပြီးနောက်၊ ဆရာတော်ရဲ့ မိန့်ကြားမှုဟာ အစောပိုင်းသတင်းထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲနေတာကြောင့် အဖြစ်မှန်ပို စိစစ်ဖော်ထုတ်နေတယ်လို့ ဒီနေ့ ဇွန်လ ၂၁ ရက်မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်နဲ့ ယာယီအပစ်အခတ်ရပ်ထားတဲ့ ညီနောင်မဟာမိတ်အဖွဲ့ထဲက တအာင်း TNLA တပ်တွေရှိတဲ့ မြို့နယ် ၃ ခုအပေါ် စစ်တပ်ဘက်က တိုက်ခိုက်နေတယ်လို့ TNLA ကပြောပါတယ်။ ဇွန်လဆန်းထဲက စလို့ ၂ ဘက် စစ်ရေးတင်းမာနေတာဖြစ်ပြီး အခုလို သူတို့ တပ်စခန်းတွေအပေါ် လာတိုက်တာဖြစ်တယ်လို့ TNLA က VOA ကိုပြောပါတယ်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ထိန်းချုပ်ထားတဲ့ ကရင်နီ နယ်မြေမှာ စာသင်ကျောင်း စုစုပေါင်း ၄၅၀ ကျော် ဖွင့်လှစ်ထားပြီး ကျောင်းသူကျောင်းသား အရေအတွက် ၄၆,၀၀၀ ကျော် ရှိနေကြောင်း IEC အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် အမျိူးသမီးတွေရဲ့ လုပ်ငန်းခွင်အပြောင်းအလဲတွေနဲ့ကြုံကြရပါတယ်။ ယူကရိန်းနိုင်ငံ Mykolaiv ဒေသမှာတော့ အမျိူးသမီးတွေ လယ်ထွန်စက်မောင်းဖို့ လေ့ကျင့်နေကြတဲ့ အကြောင်း VOA သတင်းထောက် Lesia Bakalets သတင်းပေးပို့ထားပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
ယူကရိန်းရဲ့ဓါတ်အားပေးစက်ရုံတွေကို ရုရှားက မစ်ဇိုင်းဒုံးကျည်နဲ့ရော ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တဲ့နောက အားပြင်း လေကြောင်းကာကွယ်ရေး မြေပြင်ကနေ ဝေဟင်ပစ် နောက်ဆုံးထုတ် Patriot နဲ့ NASAM မစ်ဇိုင်းဒုံး ရာနဲ့ချီအရင်ပေးပို့ဖို့ သမ္မတအိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရသူ John Kirby က ပြောပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းအခြေနေနဲ့ နယ်စပ်ကိုပါကျော်ဖြတ်ပြီး ဖြစ်ပွါးတဲ့ပြဿနာတွေ ဆိုးဝါးလာနေတာအတွက် အမေရိကန်၊ အီးယူဥရောပသမဂ္ဂနဲ့ တခြားအလှူရှင် နိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းဝိုင်းက အထူးစိတ်ပူဆဲဖြစ်ကြောင်း ဇွန်လ ၂၀ နိုင်ငံတကာ ဒုက္ခသည်များနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပစ်ခတ်ခံပျံတော်မူခဲ့ရတာနဲ့ပတ်သက်လို့ စစ်ကောင်စီလုံခြုံရေးတပ်တွေက ပစ်ခတ်တာကြောင့် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ကြောင်း ဖြစ်စဥ်မှာအတူရှိနေခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်ကြီး ဘဒ္ဒန္တ ဂုဏိကာဘိဝံသ က ဈာပနအစည်းအဝေးမှာ ရှင်းပြခဲ့ပါတယ်။
၂၀၂၃ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် Narges Mohammadi ကို အီရန်တရားရုံးက ထောင်ဒဏ် နောက်ထပ်တနှစ် ထပ်တိုးချလိုက်တာအတွက် နော်ဝေနိုဘယ်လ်ကော်မတီက ရှုတ်ချလိုက်ပါတယ်။ သတ်မှတ်ထားတဲ့စည်းမျဉ်းအတိုင်း မွတ်ဆလင်ခေါင်းစည်းပုဝါ မခြုံတဲ့အတွက် သူမကို ၂၀၂၁ နိုဝင်ဘာလကတည်းက ဖမ်းဆီးထားတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှာ မနေ့ ဇွန်လ ၁၉ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေ ဖြစ်ခဲ့တာကြောင့် ရိုဟင်ဂျာ ၈ ဦးအပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းပေါ် ကျူးကျော်စစ်ကြောင့် ရုရှားအပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ တိုးလာနေချိန်မှာဘဲ ဗီယက်နမ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ ရုရှားသမ္မတ Vladimir Putin က နှစ်နိုင်ငံအကြား ပိုမို နက်ရှိုင်းတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့မှာ ကတိပြု ပြောဆိုလိုက်ပါတယ်။
ပဲခူး ဝင်းနိမ္မိတာရုံ ဆရာတော်ရုပ်ကလာပ်ကို ပူဇော်ခံထားရှိပြီနောက် မီးသင်္ဂြိုလ်ကာ အရိုးပြာအိုးကို စစ်တောင်းမြစ်ထဲ မျှောသွားမယ်လို့ ကျောင်းတိုက် တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီအကြား အပစ်အခတ်ရပ်စဲရေးကို တရုတ်နိုင်ငံက ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကြားဝင်စေ့စပ်ပေးထားတဲ့ ယာယီသဘောတူညီချက်ကို စစ်ကောင်စီဘက်က အကြိမ်ကြိမ် ချိုးဖေါက် နေတဲ့အကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ခေါ် တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။
၂၀၂၄ ခုနှစ် မေလမှာ ကမ္ဘာတဝှမ်း စစ်နဲ့ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ အရင်က မကြုံဖူးတဲ့ အရေအတွက်ဖြစ်တဲ့ သန်းပေါင်း ၁၂၀ အထိ ရှိလာတဲ့အကြောင်း ကမ္ဘာ့ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ဟိုပန်မြို့နယ်ကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဦးဆောင်တဲ့ ခရိုင်အဖြစ် ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ပြောဆိုပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်နေ့အထိမ်းအမှတ် ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှာ မြန်မာနိုင်ငံနေရပ်ကနေ အတင်းအကျပ်ရွှေ့ပြောင်းခံရသူတွေအရေးဆွေးနွေးပွဲကို ပြုလုပ်ခဲ့တဲ့အကြောင်း မအင်ကြင်းနိုင် သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် တတိုင်းပြည်လုံး ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှု အကျပ်အတည်းတွေကို အရင် ဖြေရှင်းပြီး၊ တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လိုတဲ့အကြောင်း UNHCR အကြီးအကဲ Filippo Grandi က ပြောပါတယ်။
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီဒေသမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့လို့ လူအများစုက စစ်ဘေးဒုက္ခသည်ဖြစ်ခဲ့ရပြီး အခုချိန်ထိ အိုးအိမ်စွန့်ခွာနေကြရဆဲဖြစ်ပါတယ်။
လက်ရှိကမ္ဘာပေါ်မှာ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်ကြရတဲ့ လူဦးရေ အရေအတွက်ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တာကာလထက်ကို ၂ ဆတိုး ပိုများလာတယ်လို့ ကုလသမဂ္ဂက ပြောကြားထားပါတယ်။ ဒါပေမယ့် ဂါဇာက စစ်ဘေးဒုက္ခသည်တွေအတွက်ကတော့ သူတို့တွေအနေနဲ့ စစ်ပွဲနဲ့ဝေးရာကို ဘယ်လောက်ပြေးပြေး လုံခြုံတဲ့နေရာကို ရှာမတွေ့ဘူးလို့ ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်