ရုရှားကျူးကျော်မှု ၃နှစ်ထဲရောက်လာချိန်မှာ ကမ္ဘာအနှံ့ ယူကရိန်းဒုက္ခသည်ပေါင်း ၆သန်းခွဲနီးပါးရှိတယ်လို့ ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ထားပါတယ်။ ဒီလိုအခြေအနေတွေကြားထဲက ယူကရိန်းကို ပြန်ရောက်လာခဲ့ကြတဲ့ ဒုက္ခသည်တွေကို မေးမြန်းပြီး VOA သတင်းထောက် Lesia Bakalets သတင်းပေးပို့ထားပါတယ်။
သင့်တင့်တဲ့ ဈေးနှုန်းရော တရားဉပဒေတွေပါ ရှိတာကြောင့် ယူကရိန်းအမျိုးသမီးတွေ အငှားကိုယ်ဝန်လွယ်ပြီး မွေးပေးတဲ့ကလေးက တနှစ်ကို ထောင်နဲ့ချီ ရှိနေတာပါ။ လက်ရှိမှာ စစ်ဖြစ်နေပေမယ့်လည်း နိုင်ငံခြားဖောက်သည်တွေက ယူကရိန်းကို လာနေဆဲပါ။ VOA သတင်းထောက် Mariia Prus ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင် တင်ဆက်ထားပါတယ်။
၂၀၁၄ ခုနှစ် ဥရောပဖလား EURO 2024 အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ အုပ်စု (က) မှာ အိမ်ရှင်ဂျာမနီအသင်းက ဟန်ဂေရီကို ၂ ဂိုးပြတ်နဲ့အနိုင်ရပြီး ရှုံးထွက်အဆင့်ကို ပထဆုံးတက်ရောက်ခွင့်ရသွားပါတယ်။
ဇွန်လ (၁၉) ရက်နေ့မှာကျရောက်တဲ့ ပဋိပက္ခတွေကြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့မှာ မြန်မာနိုင်ငံက စစ်ပွဲတွေအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်တန့်ဖို့နဲ့ ကျူးလွန်သူတွေကိုအရေးယူဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန်ပါတယ်။
အစ္စရေးနဲ့စစ်ပွဲကြီးဖြစ်လာခဲ့ရင် အစ္စရေးနိုင်ငံတွင်းက အရေးကြီးပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်နိုင်တဲ့ လက်နက်နဲ့ထောက်လှမ်းရေးစွမ်းဆောင်ရည်တွေ အသင့်ရှိနေပြီလို့ လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင်က ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ရဲ့မြောက်ကိုရီးယား တရက်တာ နိုင်ငံတော် အလည်အပတ်ခရီးစဥ် ဗုဒ္ဓဟူးနေ့ကပြီးဆုံးခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံကို ဆက်လက်ထွက်ခွါခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အချိန်မှာ "သူ ဘယ်နေရာမှာ၊ ဘယ်လိုအခြေအနေမျိုးနဲ့ ထိန်းသိမ်းခံနေရပြီး ကျန်းမာရေးအခြေအနေ ဘယ်လိုရှိနေတယ်ဆိုတာ မသိရပေမဲ့ တကမ္ဘာလုံးက သူနဲ့အတူ ရပ်တည်နေတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ခံစားသိနေမှာပါ" လို့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့ဟာ ကျွန်စနစ် လုံးဝအဆုံးသတ်ခဲ့တာကို အထိမ်းအမှတ် သတ်မှတ်ထားတဲ့ Juneteenth နေ့ဖြစ်ပါတယ်။ ပြည်တွင်းစစ်ပြီးဆုံးပြီး ၄ နှစ်အကြာ ၁၈၆၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ကျမှ တက္ကဆက်ပြည်နယ်က ၂ သိန်း ခွဲလောက်ရှိတဲ့ ကျွန်တွေကို ကျွန်အဖြစ်က လွတ်ပြီလို့ အသိပေးကြေညာခဲ့ပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ အပြန်အလှန် ပံ့ပိုးကူညီမယ့် သဘောတူစာချုပ်ကို ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျွန်အွန်းတို့လက်မှတ်ထိုးခဲ့ကြပါတယ်။
ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ၇၉ နှစ်ပြည့်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံသံရုံးတချို့က သူတို့ရဲ့ Facebook လူမှုကွန်ရက်တွေပေါ်မှာ ပုံတွေတင်ပြီး ဂုဏ်ပြုကြပါတယ်။
သံမဏိနှင်းဆီလို့တင်စားကြလေ့ရှိတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ရန်ကုန်မြို့အပါအဝင် ပြည်တွင်းမြို့တချို့မှာ ပန်းသပိတ်အပါအဝင် လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ အန္တရာယ်ကြားက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေလုပ်ခဲ့ကြတာပါ။
ချင်းပြည်နယ် မတူပီမြို့နယ်ထဲက စစ်တပ်စခန်းတွေကို သိမ်းနိုင်ဖို့ ချင်းညီနောင် မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်နေတာမှာ ၂ ဘက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်တပ်စခန်း ခမရ (၃၀၄) ကိုတော့ ဇွန် ၁၇ ရက်က သိမ်းယူနိုင်ခဲ့တယ်လို့ ချင်းညီနောင် ပူးပေါင်းတော်လှန်ရေး အဖွဲ့က ဗွီအိုအေကိုပြောပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ကို Timor-Leste (အရှေ့တီမော) နိုင်ငံမှာ ဒီနေ့ကျင်းပတာမှာ သမ္မတ Jose Ramos-Horta (ဂျိုဆေး ရာမို့စ် ဟော်တာ) ကိုယ်တိုင် တက်ရောက်ပါတယ်။ ဒီပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်နဲ့ မဲလမဲ့ခရိုင်တွေကို လိပ်မူပြီး ပို့ဖို့ပြင်နေတဲ့ Starlink ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်း ၅၈ ခုကို ထိုင်တာဝန်ရှိသူတွေ ဖမ်းဆီးလိုက်ပါတယ်။
ကျွန်စနစ်အဆုံးသတ်တဲ့ Juneteenth နေ့ အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့ကို ဂျွန်တင့်န်သ် Juneteenth အစိုးရရုံးပိတ်ရက်အဖြစ် ၂၀၂၁ ခုနှစ်ကပဲ သမ္မတ လက်မှတ်ရေးထိုး သတ်မှတ်လိုက်ပါတယ်။ ဒီနေ့ဟာ ကျွန်စနစ်အဆုံးသတ်မှု အဆုံးသတ်တဲ့နေ့အဖြစ် လူ့ဘောင်အသိုက်အဝန်းတွေကြား ဆင်နွှဲနေခဲ့တာတော့ ကြာပါပြီ။
မင်းတပ်မြို့နယ် တိုက်နယ် ၁၃ ခုက စစ်ဘေးရှောင်တွေထဲမှာ အသက် ၅ နှစ်အောက်ကလေးငယ် ၄ ဦးနဲ့ အသက် ၄၀ အထက် ၅ ဦး စုစုပေါင်း ၉ ဦးတို့ဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ခဲ့တယ်လို့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ တာဝန်ခံတွေက ပြောပါတယ်။
"လူ့အခွင့်အရေးကောင်စီမှာ အခုလိုစုဝေးချိန် မြန်မာပြည်အကြောင်း ထပ်ဆွေးနွေးရပြန်ပါပြီ။ တရားမဝင်တဲ့စစ်ကောင်စီရဲ့ဖိနှိပ်မှုဒဏ်ကို မျက်မြင်ကြုံနေရပါပြီ။ မြန်မာပြည်ဟာ တကယ့်ကို ချုံးချုံးကျ နာကျင်နေရပါပြီ။" (လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Volker Türk)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရသူတွေအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံ နိုင်ငံရေးခေါင်းဆောင်အားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်အနေနဲ့ စစ်ကောင်စီကို တောင်းဆိုတိုက်တွန်းတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက VOA ကို ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ မြောက်ကိုရီးယားနိုင်ငံကို အခု ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းမှာ ဆိုက်ရောက်ခဲ့ပြီး ခရီးစဉ်အတွင်းမှာတော့ မြောက်ကိုရီးယားနဲ့ရုရှား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်မယ့် သဘောတူညီချက်တရပ်ကို လက်မှတ်ထိုးကြမယ်လို့ မျှော်လင့်ရပါတယ်။
အမေရိကန်သမ္မတဘိုင်ဒန်ဟာ မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ် (NATO) အဖွဲ့အကြီးကဲ Jens Stoltenberg ကို အိမ်ဖြူတော်မှာ မနေ့က ဇွန် ၁၇ ရက်နေ့က လက်ခံတွေ့ဆုံပါတယ်။ ဒီလိုတွေ့ဆုံစဥ်မှာ ယူကရိန်းကို ရေရှည် ဘယ်လိုဆော်ကထောက်ပံ့သွားမလဲဆိုတာကို ဆွေးနွေးခဲ့ကြတာပါ။
နောက်ထပ်ကြည့်ရှုရန်