ထိုင်းနိုင်ငံမှာ လိင်တူ စုံမက်သူချင်း တရားဝင် လက်ထပ်ထိမ်းမြားနိုင်မယ့် ဥပဒေကြမ်းကို ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့မှာ ထိုင်း အထက်လွှတ်တော်က တခဲနက် မဲခွဲ အတည်ပြုလိုက်ပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာနဲ့အမျှ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေ ရိုက်နှက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူ ၈၀ ထက်မနည်းရှိပြီး အဲဒီထဲက ၈၈မျိုးဆက် မနုနုအောင် အပါအဝင် ၅ ဦး ဟာ ဦးခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေရခဲ့တယ်လို့ PPNM မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဗွီအိုအေကိုပြောပါတယ်။
နယ်စပ်ဖြတ်ကျော်ပြီး အွန်လိုင်းရာဇဝတ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၁၅၀ ကို မြန်မာဘက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့မှာ ပြောပါတယ်။
စစ်ကောင်စီပြန်ပြီးထိန်းချုပ်ထားတဲ့ မွန်ပြည်နယ် ကော့ဘိန်းမှာ ဒေသခံတွေရဲ့ အိုးအိမ်ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်လုယက် သိမ်းဆည်းနေကြောင်း ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင် (Vladimir Putin) ရဲ့ ဒီကနေ့ မြောက်ကိုရီးယား ခရီးစဉ်အပေါ် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စိုးရိမ်တဲ့ သဘောထားတွေ ပြောဆိုလိုက်ကြပါတယ်။ တရုတ်နိုင်ငံကတော့ မြောက်ကိုရီးယားနဲ့ ရုရှားကြားက ဆက်ဆံရေးမှာ ကြားဝင်စရာ အကြောင်းမရှိဘူးလို့ ပြောခဲ့တာပါ။
ထိုင်းနိုင်ငံမှာ လက်ရှိအစိုးရကို အားပေးထောက်ခံတဲ့ သြဇာရှိသူလည်းဖြစ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ကို ဒီကနေ့ပဲ တရားရုံးက အာမခံပေးလိုက်ပါတယ်။
အစောင့်အကြပ်တွေ တင်းကြပ်စွာချထားတဲ့ နှစ်နိုင်ငံနယ်စပ်ဒေသကို ဖြတ်ကျော်ပြီး ဒါဇင်နဲ့ချီတဲ့ မြောက်ကိုရီးယားစစ်သားတွေ ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့မှာ တောင်ကိုရီးယားဘက်ကို ဝင်ရောက်လာတာမှာ သေနတ်နဲ့ သတိပေးပစ်ဖောက်လိုက်တဲ့အတွက် ပြန်ဆုတ်သွားကြတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
ရုရှားကာကွယ်ရေးဒုဝန်ကြီး ၄ ဦးကို သမ္မတ ဗလာဒီမီယာပူတင်က တနင်္လာနေ့မှာ ရာထူးက ဖယ်ရှားလိုက်ပါတယ်။ အဲဒီနေရာတွေအတွက် အစားထိုးခန့်အပ်လိုက်သူတွေထဲမှာ ဥရောပသမဂ္ဂတာဝန်ရှိသူတွေရဲ့ အဆို “အနီးကပ်ဆွေမျိုး”တယောက်လည်းပါဝင်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကသူ့ရဲ့ ဂါဇာ စစ်ကြီးကြပ်ရေးအဖွဲ့ကို တနင်္လာနေ့မှာ ဖျက်သိမ်းလိုက်တယ်လို့ အစ္စရေးအရာရှိတဦးက ပြောပါတယ်။ ဗဟိုဝါဒီတဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း Benny Gantz ပြီးခဲ့တဲ့သီတင်းပတ်မှာ နုတ်ထွက်သွားပြီးတဲ့နောက် ဒါဟာ မျှော်လင့်ထားပြီးသား ဆုံးဖြတ်ချက်တခုလည်းဖြစ်ပါတယ်။
စစ်ရေးအရှိန်တက်လာတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့မေလထဲ နေရပ်စွန့်ခွာ ထွက်ပြေးရသူက ၆ သောင်းနီးပါးအထိ ရှိခဲ့တယ်လို့ စာရင်းကောက်ယူထားတဲ့ ဒေသတွင်းအဖွဲ့တခုက ထုတ်ပြန်ထားပါတယ်။ စစ်ဘေးရှောင်နေရသူအများစုကတော့ ရွာတွေထဲပြန်မဝင်ရဲဘဲ တောထဲမှာသာနေ နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်တရုတ်ပင်လယ်ပြင်ထဲက Spratly ကျွန်းစုတွေအနီး တနင်္လာနေ့က သင်္ဘောနှစ်စင်း တိုက်မိခဲ့တဲ့ဖြစ်ရပ်မှာ တရုတ်နဲ့ဖိလစ်ပိုင်တို့ အပြန်အလှန်ပြစ်တင်ပြောဆိုနေကြပါတယ်။
မြန်မာနိုင်ငံမှာ ဒုစရိုက်လုပ်ငန်းတွေကြောင့် လူသိများတဲ့ မြဝတီခရိုင် ရွှေကုက္ကိုလ် ကို နယ်စပ်ဖြတ်ကျော် သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ မသင်္ကာတဲ့ နိုင်ငံခြားသား ၆ ဦး ကို ထိုင်းနယ်စပ်မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
ဂါဇာဒေသအတွက် အကူအညီတွေပို့ဆောင်နေတဲ့ နယ်မြေမှာ နေ့ဘက် အပစ်အခတ် ရပ်စဲသွားမယ်လို့ အစ္စရေးစစ်ဘက်က တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အဆိုပြုတဲ့ လုံးဝအပစ်အခတ်ရပ်စဲရေး အစီအစဉ် အထမြောက်သေးခင်မှာ အစ္စရေးက အခုလို ကြေညာတာပါ။
အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံဖက် ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် လုံခြုံရေး စိုးရိမ်တဲ့အတွက် မဏိပူရ်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဒါဇင်ကျော် အစာငတ်ခံဆန္ဒပြနေကြပါတယ်။
ရွေးကောက်ပွဲကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ကျင်းပဖို့ ပြင်ဆင်ထားတယ်လို့စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပေမဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား လက်တွေ့ ဖြစ်နိုင်ခြေအပေါ် မေးခွန်းတွေလည်း ရှိနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ စစ်တင်းမာတာတွေမြင့်တက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီကနေ့အထိကတော့ လားရှိုး- မန္တလေးလမ်းဟာ အသွားအလာတွေ ဆက်လက် ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် Netanyahu က စစ်ကာလ အထူးအစိုးရအဖွဲ့ကို ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ဖျက်သိမ်းလိုက်ကြောင်း အစ္စရေးအစိုးရ တာဝန်ရှိသူတယောက်က အတည်ပြုပြောဆိုပါတယ်။ အထူးအစိုးရအဖွဲ့ထဲက ဗိုလ်ချုပ်ကြီးဟောင်း Benny Gantz နုတ်ထွက်သွားပြီးတဲ့နောက် အခုလို ဖျက်သိမ်းလိမ့်မယ်ဆိုတာ အများကမျှော်လင့်ထားပြီး ဖြစ်ပါတယ်။
ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မောင်တောမှာ နေထိုင်ကြတဲ့ ထောင်သောင်းချီတဲ့ ရိုဟင်ဂျာတွေ စစ်ပွဲတွေကြား ပိတ်မိမှာကို စိုးရိမ်နေကြတာပါ။
မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ တရုတ်နိုင်ငံ ဝီဂါဒေသက မူဆလင်တွေလို ကမ္ဘာတဝှမ်း ဖိနှိပ်ခံနေရတဲ့ မူဆလင်အသိုင်းအဝန်းရဲ့ အခွင့်အရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေးသွားမှာ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က အစ္စလမ်ဘာသာဝင်တွေရဲ့ Eid al-Adha အထိမ်းအမှတ် ကြေညာချက်မှာ ဖော်ပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်