ဩစတေးလျနိုင်ငံ ဆစ်ဒနီအခြေစိုက် စီးပွားရေးနဲ့ ငြိမ်းချမ်းရေး တက္ကသိုလ်က ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် Global Peace Index ခေါ် GPI ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး အညွှန်းကိန်း အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အဆင့် ၁၄၈ မှာ သတ်မှတ်ထားပါတယ်။
အမေရိကန် ရွေးကောက်ပွဲတွေဟာ ကမ္ဘာမှာ ငွေကုန်ကြေးကျအများဆုံးဖြစ်ပြီး မဲဆွယ်စည်းရုံးရေးမှာ သုံးတဲ့ငွေက နိုင်ငံအများစုထက်အများကြီးပိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဒေါ်လာ ၁၆.၄ ဘီလျံ သုံးစွဲခဲ့ပြီး အခု ၂၀၂၄ မှာ ပိုကုန်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဗွီအိုအေပုံပြရုပ်သံကို မအေးသန္တာကျော် တင်ပြထားပါတယ်။
အာဖဂန်အရေး ကုလအစည်းအဝေးတက်ဖို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ်လို့ တာလီဘန်အစိုးရက ပြောပါတယ်။ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဇွန်လ ၃၀ ရက်နေ့ကျရင် အာဖဂန်အရေးနိုင်ငံတကာလာခံကို ကုလသမဂ္ဂက နှစ်ရက်ကြာကျင်းပဖို့ စီစဉ်ထားတာပါ။
"မောင်တောရဲ့လက်ရှိအခြေအနေကတော့ မကြာမီမှာ ဒိထက်ပိုမိုပြီးတော့ ပြင်းထန်တဲ့ စစ်ရေးထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်လာမယ့်အနေအထားမျိုး ရှိပါတယ်။ ဒေသခံပြည်သူတွေအားလုံးအတွက် အန္တရာယ်မဖြစ်ဖို့အတွက် ဒါကို ကြိုတင်ပြင်ဆင်တဲ့ စစ်ရေးအရ ပြင်ဆင်တဲ့အနေအထားမျိုးဆိုရင်တော့ ဒါ ကိစ္စမရှိနိုင်ပါဘူး။ (ဦးအောင်မျိုးမင်း-NUG)
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၄) ကတပ်ရင်းတပ်ဖွဲ့တွေနဲ့ PDF စတဲ့ပူးပေါင်းတပ်တွေဟာတနင်္သာရီတိုင်းအတွင်းက နှစ်သုံးဆယ်နီးပါးစစ်ကောင်စီကတပ်စွဲထားရာ သက်တမ်းရင့်စခန်းတခုဖြစ်တဲ့ အောင်သာဝရစခန်းကို ၂ လနီးပါးကြာ ပိတ်ဆို့ထားပြီးတဲ့နောက် ဇွန်လ ၁၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အစ္စာလာမ် ဘာသာဝင်တွေရဲ့ တမန်တော် မိုဟာမက်ဟာ 'ကရုဏာတောင်တော်' လို့အမည်ရတဲ့ အာရာဖတ်တောင်ပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၃၅ က “နှုတ်ဆက်ခြင်း တရားဒေသနာ” လို့ လူသိများတဲ့ နောက်ဆုံး တရားတော်ကို ဟောကြားခဲ့တယ်လို့ ယုံကြည်ထားကြတာပါ။
‘ဝ’ ဒေသ စက်မှုနှင့် သတ္တုတွင်းဗျူရိုက ဇွန်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ လက်ကျန် ခဲမဖြူတွေ တင်ပို့ခွင့်ကို တောင်းခံခဲ့တာဖြစ်ပြီး ဒါကို ‘ဝ’ ဗဟိုစီးပွားရေး စီမံကိန်း ကော်မတီက ဇွန်လ ၁၄ ရက်နေ့က ခွင့်ပြုပေးခဲ့တာပါ။
၁၅ နှစ် ကြာ သိပ္ပံနည်းကျ သုတေသနလေ့လာချက်တွေကို ကုလသမဂ္ဂဆီပေးပို့ခဲ့ပြီး ဖိလစ်ပိုင် အနောက်ပိုင်းက ပါလာဝမ်ပြည်နယ် ကမ်းလွန်က ပင်လယ်ရေအောက် နယ်မြေပိုင်ဆိုင်မှုကို အသိအမှတ်ပြုဖို့ တောင်းဆိုတာလို့ ဆိုပါတယ်။
ဇယ်လန်းစကီးရဲ့ အစီအစဉ်ထဲမှာ ရန်လိုမှုတွေရပ်စဲရေး၊ ယူကရိန်းပိုင်နက်နယ်မြေကို အသိအမှတ်ပြု ပြန်လည်ထူထောင်ရေး၊ ရုရှားတပ်တွေ ဆုတ်ခွာရေး၊ စစ်မဖြစ်မီကအတိုင်း ရုရှားနဲ့ ယူကရိန်းနယ်နိမိတ် သတ်မှတ်ရေးနဲ့ ရုရှားရဲ့ စစ်ရာဇ၀တ်မှုတွေကို တရားစွဲဆိုနိုင်ရေး အထူးခုံရုံး ထူထောင်ဖို့ စတဲ့ တောင်းဆိုချက်တွေပါဝင်ပါတယ်။
တောင်ကိုရီးယားနိုင်ငံထဲကို အမှိုက်အိတ်တွေချိတ်ဆွဲထားတဲ့ မိုးပျံပူပေါင်းတွေ ဒီလပိုင်းတွေမှာ မြောက်ကိုရီးယားက လွှင့်တင်ခဲ့ပြီးတဲ့နောက် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံကြား နှစ်ပေါင်းများစွာအတွင်း အဆိုးဆုံးဆက်ဆံရေးတင်းမာမှုတွေနဲ့ ကြုံနေရပါတယ်။ VOA သတင်းထောက် Bill Gallo သတင်းပေးပို့ထားပါတယ်။
စစ်ကော်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ်တွေ ကရင်ပြည်နယ်မှာ တိုက်ပဲွ ဆက်ဖြစ်နေပြီး အာရှလမ်းကတဆင့် ကုန်စည် စီးဆင်းမှု လုပ်မရတဲ့အတွက် ကုန်သည်တွေလည်း အခက်အခဲ ဖြစ်နေပါတယ်။
ဆူဒန်မှာ လူပေါင်း ၅ သန်းလောက် အငတ်ဘေးကြုံရမယ့် အန္တရာယ် နီးနေပြီလို့ ကုလသမဂ္ဂက သတိပေးနေတာပါ။ မစ္စ 'ပါဝါ' ကလည်း ဆိုမာလီယာမှာ ကလေးငယ် ထက်ဝက်ပါတဲ့ သေဆုံးသူ ၂ သိန်းခွဲလောက်ရှိတဲ့ ၂၀၁၁ ခုနှစ် မိုးခေါင်ရေရှားကာလ အငတ်ဘေးထက် ဆူဒန်အခြေအနေက ပိုဆိုးနိုင်တာကြောင့် စိုးရိမ်ရကြောင်း ပြောပါတယ်။
ရုရှားသမ္မတ Putin ဟာ ယူကရိန်းပိုင်နက်ကို မတရားကျူးကျော် သိမ်းပိုက်ထားတာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် ဘာလုပ်ရမယ်ဆိုတာ ယူကရိန်းကို ညွှန်ကြားပိုင်ခွင့် သူ့မှာ မရှိဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Llyod Austin က ဘရပ်ဆဲလ်မှာကျင်းပတဲ့ NATO အစည်းအဝေးအပြီးမှာ ပြောပါတယ်။
ရုရှားသမ္မတ "ဗလာဒီမီယာပူတင်" သွားရောက်ဖို့ရှိတဲ့ မြောက်ကိုရီးယားခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယား အကြီးတန်းအရာရှိကြီးတွေဟာ တယ်လီဖုန်းနဲ့ အရေးပေါ်ဆက်သွယ်ပြောကြားခဲ့ကြပြီး ပူတင်ရဲ့ ခရီးစဉ်ဟာ လုံခြုံရေးကောင်စီရဲ့ အရေးယူ တားမြစ်ထားချက်တွေကို ချိုးဖေါက်ရာရောက်နေတယ်လို့ သတိပေးလိုက်ပါတယ်။
"တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက် လိုလားချက်တွေနဲ့ပတ်သတ်ပြီး အထက်မှာလည်းပြောပြီးသားဖြစ်ပါတယ်၊ ဆိုတော့ သူတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေပြီးတော့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမယ့်ဟာကို သူ့ဘက်က လိုလားတယ်၊ နောက်ပြီးတော့ သူတို့ရဲ့ ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ အကျိုးစီးပွားတွေကို အပြည့်အဝ ကာကွယ်ပေးစေချင်တယ်။"
အခု အရေးယူမှုဟာ ဖေဖေါ်ဝါရီလတုန်းက သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးခဲ့တဲ့ သမ္မတ အမိန့်အာဏာအရ အနောက်ဘက်ကမ်းဒေသ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေတဲ့ အစွန်းရောက် အစ္စရေးအခြေချသူတွေအပေါ် အရေးယူခွင့်အရ ဒဏ်ခတ်တာ ဖြစ်ပါတယ်။
G7 ထိပ်သီးစည်းဝေးပွဲ ဒုတိယနေ့မှာ အာရှ−ပစိဖိတ်ဒေသ လုံခြုံရေး၊ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲ မဖြစ်အောင် ရှောင်ရှားတဲ့ တချိန်တည်းမှာ ဥရောပစီးပွားရေးလုပ်ငန်းတွေကို ဘယ်လို အကောင်းဆုံးကာကွယ်နိုင်မလဲဆိုတာနဲ့ ဥရောပနိုင်ငံတွေ အဓိက ကြုံတွေ့နေရတဲ့ ရွှေ့ပြောင်းဝင်ရောက်မှု ပြဿနာတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။
ယူရို ၂၀၂၄ ဥရောပဖလားဘောလုံးပွဲတွေကို ဂျာမနီနိုင်ငံမှာ ဒီနေ့ ဇွန်လ ၁၄ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ပွဲဦးထွက် အိမ်ရှင်ဂျာမနီနဲ့ စကော့တလန်အသင်းတို့ ကစားကြမှာဖြစ်ပါတယ်။ ဒီနေ့ Munich (မြူးနစ်) ကွင်းမှာ ကန်ကြမဲ့ပွဲအတွက် စကော့တလန်ပရိတ်သတ်အများအပြားလည်း မြူးနစ်မြို့မှာရောက်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြား မြန်မာနိုင်ငံအပါအဝင် ကလေးငယ်တွေ အကြမ်းဖက်ခံရတဲ့ အခြေအနေဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အရေအတွက်နဲ့ အဆိုးဆုံးအဆင့်ကို ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ် မြဝတီဘက်က ကောစင်တာလို့ခေါ်တဲ့ ဒီအွန်လိုင်းလိမ်လည်ဂိုဏ်းတွေကိုပို့မယ့် တရုတ်ထုတ် ဟွာဝေး (Huawei) ဖုန်း အဟောင်း ၁၀၀၀ ကျော်ကို မဲဆောက်-မြဝတီနယ်စပ် ထစိုင်လွတ်နယ်မြေမှာ တနေ့ ဗုဒ္ဓဟူးနေ့ကဖမ်းမိခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က သတင်းပြန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်