တရုတ်မှာ လူသိများတဲ့ အမျိုးသမီးသတင်းထောက်တဦးနဲ့ အလုပ်သမားအရေးလှုပ်ရှားသူတဦးကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ်တွေချခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ကင်းစင်အောင်ဆောင်ရွက်ဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှာကြားခဲ့ပြီးနောက် နိုင်ငံတဝန်းဆက်တိုက်ဖမ်းဆီးမှုတွေကို စစ်ကောင်စီသတင်းတွေမှာ ဖေါ်ပြနေပါတယ်။
ကချင်ပြည်နယ်မှာ စီးပွားရေးအရအရေးပါတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်နဲ့ ပြည်သူ့စစ် တပ်စခန်း ၄ ခုကို ၂ ရက်အတွင်း သိမ်းယူခဲ့တယ်လို့ KIA ကပြောပါတယ်။ တပ်စခန်းတွေကနေ စစ်တပ်တွေ ဆုတ်ခွာနေပေမဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။
ထိုင်းနွယ်ဖွား အမေရိကန်နိုင်ငံသူ Madison Casteen ဟာလည်း ဘောလုံးကို ငယ်ငယ်ကတည်းက ကစားလာခဲ့ပြီး၊ အမေရိကန်ကြေးစားဘောလုံးလောကထဲကို ထိုးဖောက်ဝင်ရောက်ဖို့ရည်မှန်းထားတဲ့ အာရှနွယ်ဖွား အမေရိကန် အနည်းငယ်ထဲက တယောက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပိတ်ထားတဲ့ Facebook လို၊ အွန်လိုင်းဝဘ်စာမျက်နှာတွေထဲဝင်နိုင်ဖို့ သုံးနေကြတဲ့ VPN ကြားခံအင်တာနက်ကွန်ရက် App တွေ ဖုန်းထဲမှာ ရှိမရှိ ရန်ကုန်မြို့၊ မန္တလေးမြို့တွေမှာ အာဏာပိုင်တွေ လိုက်လံစစ်ဆေးနေပါတယ်။ တချို့နေရာတွေမှာ VPN app တွေ့လို့ အဆမတန် ဒဏ်ငွေရိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အနောက်တိုင်းသတင်းဌာနတွေ အနေနဲ့ ကိုရီးယားကျွန်းဆွယ်မိုးပျံပူဖောင်းသတင်းတွေ ဖော်ပြရာမှာ မြောက်ကိုရီးယားဘက်က ပို့လွှတ်တဲ့ ပူဖောင်းတွေအကြောင်းပဲပြောပြီး တောင်ကိုရီးယားဘက်က လွှတ်တဲ့ ပူဖောင်းတွေသတင်း ချန်လှပ်ထားတယ်လို့ ရုရှားအစိုးရသတင်းမှာ ဖော်ပြပါတယ်။ ဒါ ဟုတ်ပါသလား။
တရုတ်လေယာဉ်ထုတ်ကုမ္ပဏီတခုက နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ဖို့ ကြိုးစားနေပါတယ်။ Boeing နဲ့ Airbus လို စီးပွားဖြစ်လေကြောင်းလိုင်းသုံး ဂျက်လေယာဉ်တွေနဲ့ တရုတ်ဂျက်လေယာဉ်က ဈေးကွက်မှာ ယှဉ်ပြိုင်နေပါတယ်။ VOA သတင်းထောက် Ahadian Utama ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင် တင်ဆက်ထားပါတယ်။
အမေရိကန်နဲ့ တခြား G7 စက်မှုထိပ်သီး ၇ နိုင်ငံက ယူကရိန်းကို ဒေါ်လာ ဘီလီယံ ၅၀ ချေးငွေချပေးမှာဖြစ်ကြောင်း ကြာသပတေးနေ့ G7 ထိပ်သီးညီလာခံမှာ ကြေညာခဲ့ပြီး ဒီချေးငွေအတွက် အနောက်နိုင်ငံတွေက ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကရတဲ့အတိုးငွေနဲ့ ယူကရိန်းက ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီရေးကို နှစ်ပေါင်းများစွာ မပြတ်ထောက်ခံလာခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကင် ခေါင်းဆောင် Mitch McConnell ကို ဇွန်လ ၁၃ ရက်မှာ ကမ္ဘာတဝန်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေးကူညီနေတဲ့ NED အဖွဲ့ကြီးက ၂၀၂၄ ဒီမိုကရေစီ ပံ့ပိုးကူညီမှု ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်လိုက်ပါတယ်။
ကမ္ဘာတလွှား တိုက်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ၊ ဥတုရာသီပြောင်းလဲမှုနဲ့ တခြားဖြစ်ရပ်ဆိုးတွေကြောင့် အိုးအိမ်ပြောင်းရွှေ့သူတွေဟာ မကြုံစဖူး စံချိန်တင် မြင့်မားလာခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR က ၂၀၂၄ ခုနှစ်အတွက်ထုတ်ပြန်တဲ့ Global Trend အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
မွန်၊ ကရင်နဲ့ တနင်္သာရီဒေသတွင်း အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ အိုးအိမ်ပျက်စီးဆုံးရှုံးမှုတွေကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းအဖွဲ့က မှတ်တမ်းပြုစုနေပေမဲ့မှတ်တမ်းကောက်ယူသူ ဝန်ထမ်းတွေအတွက် လုံခြုံရေးစိန်ခေါ်မှုတချို့ရှိတယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းဝင်ရောက်လာသူ တရုတ်နွယ်ဖွားတော်တော်များများဟာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပညာရေးအခွင့်အလမ်းအတွက် နယူးယောက်ကို ရွေးချယ်ကြပါတယ်။ နယူးယောက်မြို့လယ် Manhattan နဲ့ သိပ်မဝေးလှတဲ့ Long Island City မှာ China Town ရယ်လို့ စဖြစ်လာပါပြီ။
မြောက်ကိုရီးယားအကြောင်း စာစောင်တွေပါတဲ့ မိုးပျံပူဖောင်းကို တောင်ကိုရီးယားဖက်က လွှတ်တင်ပြီး အချက်အလက်ဖြန့်ဖြူးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာတွေ အပါအဝင် ပြင်ပကအချက်အလက်တွေကို မြောက်ကိုရီးယားပြည်သူတွေဆီ ရောက်ရှိအောင် လုပ်ဆောင်နေမှုကို ထောက်ခံကြောင်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ လူတွေကြောင့် ဖြစ်ရတဲ့ ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်တွေကို ဟန့်တားနိုင်အောင် G7 စက်မှု အင်အားကြီးနိုင်ငံတွေအနေနဲ့ ကာကွယ်ပေးဖို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Martin Griffiths က မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်သမ္မတ Joe Biden အပါအဝင် G7 ခေါင်းဆောင်တွေရဲ့ စားပွဲဝိုင်းထိုင် ဆွေးနွေးပွဲမတိုင်ခင် အီတလီဝန်ကြီးချုပ် Giorgia Meloni က "ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲကိစ္စတွေက ဆွေးနွေးပွဲမှာ ဦးစားပေးဆွေးနွေးသွားမှာဖြစ်တယ်"လို့ ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံ၊ ဆူဒန်နိုင်ငံနဲ့ ဂါဇာကမ်းမြောင်ဒေသတို့မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကမ္ဘာတဝန်း အိုးအိမ်ပစ်ထွက်ပြေးရသူအရေအတွက်ဟာ ၂၀၂၄ ခုနှစ် မေလကုန်ချိန်မှာ သန်း ၁၂၀ အထိတိုးလာခဲ့တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR ကပြောကြားလိုက်ပါတယ်။
ဒီနေ့ ဇွန်လ ၁၃ ရက်နေ့ စတင်တဲ့ G7 စက်မှုထိပ်သီးညီလာခံမှာ အမေရိကန်သမ္မတ Joe Biden အနေနဲ့ အနောက်နိုင်ငံတွေ က ရုရှားကို ဒဏ်ခတ်အရေးယူထားတဲ့ ပိုင်ဆိုင်မှုတွေကနေ ရလာတဲ့အတိုးငွေကို ယူကရိန်းစစ်ပွဲ ကူညီထောက်ပံ့ရာမှာ အသုံးပြုရေး သဘောတူညီချက်ရအောင် လုပ်သွားဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံထဲ စစ်ရေးပဋိပက္ခ ပိုပြင်းထန်လာတာ၊ စီးပွားရေးမူဝါဒ မတည်ငြိမ်လာတာကြောင့် မိသားစု စားဝတ်နေရေး ပိုခက်လာပြီး ကုန်စည် ထုတ်လုပ် တင်ပို့မှုတွေ ထိခိုက်လာနေတယ်လို့ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ အဓိက ထောက်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့က စစ်ဆေးရေးဂိတ်မှာ ထိုင်းဘတ်ငွေ ၁ သန်းလောက်တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံဘက်ကို ပို့ဆောင်မယ့် တရားမ၀င် စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့ အနီးတဝိုက်မှာ အင်အား အများအပြားနဲ့ စုဖွဲ့ဝိုင်းရံလာတဲ့ TNLA တပ်ဖွဲ့တွေကြောင့် လားရှိုးအခြေစိုက် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်နိုင်ခြေ အလားအလာများနေကြောင်း လားရှိုးဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်