ယူကရိန်းကို ရုရှားကျူးကျော်ခဲ့ပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက စစ်လက်နက်အကူအညီတွေ ပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့လည်း စစ်ပွဲအချိန်ကြာလာတာနဲ့အမျှ ဆရာဝန်တွေလည်း လိုအပ်လာပါတယ်။ ပရဟိတအဖွဲ့တခုက အမေရိကန်ခွဲစိတ်ဆရာဝန်တွေ ယူကရိန်းကို လွှတ်ပေးပြီး ယူကရိန်း ခွဲစိတ်ဆရာဝန်တွေကို အမေရိကန်မှာလေ့ကျင့်ပေးနေပါတယ်။
တရုတ်တက္ကသိုလ်မှာ စာသွားသင်ပေးနေကြတဲ့ အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ် ကော်နဲလ်ကောလိပ် Cornell College က ဆရာ ၄ ယောက် တရုတ်ပန်းခြံတခုမှာ ဓားထိုးခံခဲ့ကြရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဇွန်လ ၁၃ ကနေ ၁၅ အထိ အီတလီနိုင်ငံမှာကျင်းပမယ့် စက်မှုထိပ်သီး ညီလာခံမှာ တရုတ်ရဲ့ စီးပွါးရေးခြိမ်းခြောက်မှုနဲ့ ရုရှားရဲ့ ယူကရိန်းထိုးစစ် ခြိမ်းခြောက်မှုနှစ်ရပ်ကိုဟန့်တားပြီး ကမ္ဘာလုံးဆိုင်ရာ ဘုံစိန်ခေါ်ချက်တွေကို ကိုင်တွယ်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တိုက်တွန်းဖွယ် ရှိနေပါတယ်။
တရုတ်နွယ်ဖွားတွေအများစုနေတဲ့ စင်ကာပူနိုင်ငံမှာ တရုတ်တန်းဆိုပြီး သီးသန့် သတ်မှတ်ထားတဲ့နေရာလည်း ရှိပါတယ်။ သမိုင်းဝင် စင်္ကာပူတရုတ်တန်းအကြောင်း Adam Hancock ပေးပို့တဲ့ သတင်းလွှာကို မအိသန့်စင် တင်ဆက်ထားပါတယ်။
အမေရိကန်သမ္မတဘိုင်ဒန်ရဲ့သား မစ္စတာ ဟန်တာဘိုင်ဒန်ဟာ သေနတ်ဝယ်ယူချိန် ကိုကင်းသုံးစွဲမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု စတဲ့ ပြစ်မှုကြီး ၃ မှုမှာအပြစ်ရှိတယ်လို့ ဖက်ဒရယ်တရားရုံးဂျူရီအဖွဲ့က အင်္ဂါနေ့က ဆုံးဖြတ်လိုက်ကြပါတယ်။ သမ္မတဘိုင်ဒန်ကတော့ တရားစီရင်ရေးဖြစ်စဥ်ကိုလေးစားမယ်လို့ ပြောပါတယ်။
Finland နိုင်ငံ မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ မေလထဲ အမေရိကန်နဲ့ Finland ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။ မကြာသေးခင်ကပဲ အမေရိကန်စစ်တပ်နဲ့ ကာကွယ်ရေးသဘောတူစာချုပ်အသစ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ Norway နဲ့ Finland က နိုင်ငံ မြောက်ပိုင်း စစ်အခြေစိုက်စခန်းတွေကို အမေရိကန်တပ်တွေဝင်ရောက်ခွင့်ပြုခဲ့တာပါ။
မဲဆွယ်စည်းရုံးရေးပွဲတွေအတွင်း အမေရိကန်သမ္မတလောင်း Donald Trump က လူဝင်မှုကြီးကြပ်ရေးကိစ္စကို အဓိကပြောဆိုမဲဆွယ်တာမှာ အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်ဖို့ ကြိုးစားသူတွေကို မူရင်းနိုင်ငံတွေက မဟန့်တားဘူးဆိုရင် တရုတ်အပါအဝင် အဲ့လို နိုင်ငံတွေကို ပိတ်ဆို့ဒဏ်ခတ်မယ်လို့ ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ Ayutthaya က ဆင်ထိန်းသိမ်းရေး စခန်းတခုမှာ အသက် ၃၆ နှစ်အရွယ် အာရှ ဆင်မလေး Jamjuree က ပြီးခဲ့တဲ့ သောကြာနေ့က ရှားရှားပါးပါး ဆင်အမွှာလေး မွေးပါတယ်။ မိခင်ဆင်မလေးက နာကျင်တဲ့ဒဏ်ကို မခံနိုင်ဘဲ သွေးရူးသွေးတန်း ဖြစ်သွားတဲ့အတွက် မွေးပြီးစ ဆင်လေးတကောင်ကို တိုက်ခိုက်ပါတယ်။
အာဖဂ္ဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်တပ်ဖွဲ့တွေကို ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်ရတဲ့ ဆုံးဖြတ်ချက်ဟာ ဖြစ်နိုင်ချေရှိတဲ့ ချဉ်းကပ်မှုတွေထဲမှာ အဆိုးဆုံးရွေးချယ်မှုလို့ ထင်မြင်ယူဆမိတဲ့အကြောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး Frank McKenzie က VOA ကို ပြောပါတယ်။
ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ် အဆင့်ဆင့် ပါဝင်တဲ့ အဆိုပြုချက်ကို လက်ခံကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ထပ်လောင်းအတည်ပြုခဲ့ပြီး၊ ဟာမတ်စ်တွေဘက်က သဘောတူလက်ခံဖို့ပဲ လိုတော့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီနေ့ပဲ ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေကြား ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်မှုမရှိကြောင်း အာရက္ခတပ်တော် AA က ထပ်မံငြင်းဆန်လိုက်ပါတယ်။ ဘာသာရေး၊ လူမျိုးရေး တင်းမာမှုတွေ မဖြစ်အောင်လုပ်မယ်လို့လည်း ကတိပြုလိုက်ပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကြားမှာတော့ စိုးရိမ်မှုတွေ ရှိနေဆဲပါ။
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၉၉၀ ကျော် လိုအပ်နေပေမဲ့ နှစ်ဝက်လောက် ရှိလာတဲ့အထိ လိုအပ်တဲ့အကူအညီရဲ့ ၁၂ ရာခိုင်နှုန်းပဲ ရနေသေးတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မနေ့က X လူမှုကွန်ယက်မှာ စာရင်းထုတ်ပြန်ထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မိသားစုဝင်တွေကို အလှည့်ကျ သယ်ဆောင်ပေးတဲ့အချိန် ကမ်းက ခွင့်ပြုချက်မရဘဲ ချဉ်းကပ်ဖို့ ကြိုးစားခဲ့တဲ့ စက်လှေကို မကပ်ဖို့ပြောပေမဲ့ ရာသီဥတု ဆိုးရွားနေပြီး လှိုင်းသံ၊ လှေသံကြားမှာ ပြောမရဖြစ်နေတာကြောင့် လက်နက်ငယ် ၂ ချက်ပစ်ဖေါက်ပြီး ကမ်းကို ပြန်ခိုင်းခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ARSA နဲ့ RSO အဖွဲ့တွေကြား မကြာခဏ တိုက်ခိုက်မှုတွေ ဖြစ်လေ့ရှိတတ်တဲ့ ဒုက္ခသည်စခန်းမှာ မနေ့တုန်းက ဖြစ်ရပ်ကြောင့် ၇ ဦး ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။
အခြားမြန်မာသတင်းဌာန တချို့မှာတော့ သပြေသာရွာကို စစ်ကောင်စီ ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၆ ဦးအထိ ရှိတယ်လို့ ရေးသားထားပါတယ်။ သေဆုံးသူအရေအတွက်နဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြား စုံစမ်းအတည်ပြုလို့မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ဒီအခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ကချင်ပြည်နယ် မှာ ကုန်သွယ်ရေးအရ အရေးပါတဲ့ ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီကားလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၃ ခုကိုKIA နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့ အင်္ဂါနေ့ မနက်အစောပိုင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကိုပြောပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အထင်ကရ Chatuchak ဈေးမှာ ဒီကနေ့ မနက်အစောပိုင်း မီးလောင်ခဲ့တဲ့အတွက် ခွေးပေါက်လေးတွေ၊ မြွေ၊ ငှက်နဲ့ ယုန်တွေအပါအဝင် ရာနဲ့ချီတဲ့ တိရစ္ဆာန်ငယ်လေးတွေ သေဆုံးခဲ့ပါတယ်။
သမ္မတကိုယ်စားလှယ်လောင်း ၂ ဦးဖြစ်တဲ့ လက်ရှိသမ္မတ Joe Biden နဲ့ သမ္မတဟောင်း Donald Trump တို့ရဲ့ ဦးစားပေးရမယ့် နိုင်ငံခြားရေးရာမူဝါဒနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ဆိုင်ရာ VOA သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးပါမယ်။
ဥရောပပါလီမန်ရဲ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွေမှာ လက်ယာစွန်းဝါဒီတွေအသာစီးရလာချိန်မှာပဲ အမျိုးသားရေးဝါဒရဲ့ အန္တရာယ်ကြီးပုံကို ဂျာမနီနိုင်ငံ သမ္မတ Frank-Walter Steinmeier က တနင်္လာနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။
၈ လကြာလာပြီဖြစ်တဲ့ အစ္စရေးလ်-ဟာမတ်စ်စစ်ပွဲတွေ အပစ်ရပ်စဲနိုင်ရေး အဆိုပြုချက်တရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပထမဆုံးအကြိမ် မဲခွဲအတည်ပြုလိုက်ပါတယ်။ အဆိုပြုချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိနေတဲ့အတွက်ဆိုပြီး ရုရှားကတော့ မဲမပေးဘဲ ကြားနေခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်