ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ မွေးကင်းစတွေ၊ ကလေးငယ်တွေ၊ ဆယ်ကျော်သက်နဲ့ သက်ကြီးရွယ်အို စတဲ့ လူတယောက်ရဲ့ ဘဝတသက်တာ ကာလအပိုင်းအခြားတိုင်း ဥတုရာသီပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လေ့လာခဲ့ပါတယ်။
အမေရိကန်အနောက်တောင်ပိုင်းမှာ ပြုလုပ်တဲ့ ရိုးရာဖက်ရှင်သီတင်းပတ်မှာ ဖက်ရှင်ဒီဇိုင်နာတွေ သူတို့ ဆန်းသစ်ဖန်တီးထားတဲ့ ဝတ်စုံတွေကို ပြသခဲ့ကြပါတယ်။ VOA သတင်းထောက် Gustavo Martínez Contreras က New Mexico ကနေ သတင်းပေးပို့ထားပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆိုပြုချက်ကို ဟာမတ်စ်အဖွဲ့က လက်ခံလာရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မဲခွဲ ဆုံးဖြတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုနေပါတယ်။
ဂျပန်နိုင်ငံမှာ ခိုလှုံခွင့် လျှောက်ထားပြီးနောက် ငြင်းပယ်ခံရသူတွေကို ပြည်နှင်ဒဏ်ပေးမယ့် ဥပဒေ ဒီနေ့ကစတင် အသက် ဝင်လာပါပြီ။ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီစနစ်သစ်ကြောင့် ခိုလှုံခွင့်လျှောက်သူတွေ အန္တရာယ် ကြုံရနိုင်တယ်လို့ သတိပေးနေပါတယ်။
နှစ်နိုင်ငံနယ်စပ်ကနေ တောင်ကိုရီးယားက အသံချဲ့စက်နဲ့ ဝါဒဖြန့်အသံလွှင့်တာနဲ့ လက်ကမ်းစာစောင်တွေ ကြဲချတာကို ဆက်လုပ်နေရင် တုံ့ပြန်မှုအသစ်တွေလုပ်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ သြဇာကြီးတဲ့ ညီမဖြစ်သူ Kim Yo Jong က ထုတ်ပြန် ပြောဆိုတာကို နိုင်ငံပိုင် KCNA သတင်းမှာဖော်ပြပါတယ်။
ကိုဗစ်ကာလ စီးပွားရေးလုပ်ငန်းတွေကို ထုတ်ချေးထားတဲ့ ချေးငွေတွေအားလုံးကို အခုလာမဲ့ဇူလိုင်လမှာ နောက်ဆုံးထား ပြန်မဆပ်ဘူးဆိုရင် လုပ်ငန်းလိုင်စင်တွေ ယာယီပိတ်သိမ်းမယ်လို့ ဖိအားပေးခံနေရကြောင်း လုပ်ငန်းရှင်တွေက ဗွီအိုအေကိုပြောပါတယ်။
တချိန်တည်းမှာပဲ မောင်တောမြို့ကနေ ဆုတ်ခွာလာကြတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တွေနဲ့ မိသားစုဝင်တွေကို စစ်ကောင်စီရေတပ်က လက်မခံပဲ ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယိုဖိုင်တခုကိုလည်း ဒီကနေ့အစောပိုင်းမှာပဲ AA အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။
ဇွန်လ ပထမပတ်အတွင်း မွန်ပြည်နယ် ဘီလင်းနဲ့ သထုံမြို့နယ်တွေထဲက ကျေးရွာတွေကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် အိုးအိမ် ၁၂ လုံး ပျက်ဆီးခဲ့တဲ့အကြောင်း မွန် လူ့အခွင့်အရေး အဖွဲ့က မနေ့ ဇွန်လ ၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ အကျပ်အတည်းတွေကြား လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေ ပြည့်မှီရေးဟာ ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ Team Europe အဖွဲ့အတွက် အဓိက ဦးစားပေးလုပ်ငန်းတခု ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အီးယူသံရုံးက ဇွန်လ ၈ ရက်နေ့ နေ့စွဲနဲ့ လူမှုကွန်ယက်မှာ ကြေညာထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ပြောလိုက်ပါတယ်။
နှုတ်ပိတ်ခငွေပေးခဲ့တဲ့အမှုမှာ စီးပွားရေးမှတ်တမ်းတွေကို လိမ်လည်မှုနဲ့ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို ဂျူရီတွေက အပြစ်ရှိတယ်လို့ ဆုံးဖြတ်အပြီး ထောင်ဒဏ်ကျခံရမယ့် အခြေအနေရှိပါတယ်။ ဒီအမှုတွေဟာ သူ့မဲဆွယ်စည်းရုံးပွဲတွေနဲ့ အနာဂတ်ရွေးကောက်ပွဲအလားအလာတွေကို ဝေဝါးစေတဲ့အကြောင်း ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ ပြင်သစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အဆုံးသတ်ပြီး မထွက်ခွာခင်လေးမှာ ပြင်သစ်မှာရှိတဲ့ Aisne-Marne အမေရိကန်စစ်သင်္ချိုင်းကို သွားရောက်ခဲ့ပြီး ပထမကမ္ဘာစစ်အတွင်းက တိုက်ပွဲကျခဲ့တဲ့ အမေရိကန်စစ်သည် ၂,၂၀၀ ကျော်အတွက် ပန်းခွေချ ဂါ ရဝပြုပါတယ်။
အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ ဝန်ကြီးချုပ်ရာထူးတတိယသက်တမ်းအတွက် နယူးဒေလီက သမ္မတနန်းတော်မှာ တနင်္ဂနွေနေ့က ကျမ်းသစ္စာဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီတခေါက်သက်တမ်းမှာတော့ အရင်ကလောက် ထောက်ခံမှုသိပ်မရခဲ့ဘဲ ညွန့်ပေါင်းအစိုးရအကြီးအကဲ ဖြစ်လာခဲ့တာပါ။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဗာတီကန်နန်းတော်မှာ ကျင်းပမယ့် ယဉ်ကျေးမှု ပွဲတော်ကို တက်ရောက်ဖို့ ကမ္ဘာတဝန်းက ဟာသ ပညာရှင်တွေကို ဖိတ်ကြားထား ပါတယ်။
လူ သုံးသောင်းလောက် ပါဝင်တယ်လို့ အမေရိကန်မီဒီယာတွေက ခန့်မှန်းထားတဲ့ အစ္စရေးရဲ့ ဂါဇာစစ်ပွဲကို ဆန့်ကျင်ကြတဲ့ ဆန္ဒပြသူတွေဟာ ဝါရှင်တန်ဒီစီမြို့တော် သမ္မတော်အိမ်ဖြူတော် ကို မွန်းတည်းချိန်လောက်မှာ ရောက်ရှိ စုဝေးခဲ့ကြသလို မြို့တော်ရဲ့ နေရာအနှံ့အပြားမှာလည်း ချီတက် ဆန္ဒထုတ်ဖော်ကြပါတယ်။
ဂါဇာမှာ ဟားမတ်စ်ကဖမ်းထားတဲ့ ဓားစာခံ ၄ ဦးကို အစ္စရေးတပ်ဖွဲ့ဝင်တွေက ကယ်ဆယ်နိုင်ခဲ့အပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က “အစ္စရေးအနေနဲ့ အကြမ်းဖက်မှုတွေကို ကြောက်ရွံ့နေမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေကြောင့်လည်း အနည်းဆုံး ပါလက်စတိုင်း ၂၁၀ ယောက် သေဆုံးသွားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က သူ့ရဲ့ စက်တင်ဘာ ရုရှားခရီးစဉ်အတွင်း သမ္မတ Putin ကို ဖိတ်ကြားခဲ့တဲ့အတွက် သမ္မတ Putin ဟာ အခု မြောက်ကိုရီးယားကိုသွားဖို့ ပြင်ဆင်နေပြီလို့ ရုရှားနိုင်ငံခြားရေးဌာနရဲ့ ပြောကြားချက်ကို ရုရှားအစိုးရ Tass သတင်းမှာ မေလ ၃၀ ရက်နေ့က ဖေါ်ပြခဲ့တာပါ။
မြန်မာအပါအဝင် ဒေသတွင်း ၆ နိုင်ငံပါဝင်တဲ့ မဟာမဲခေါင်ဒေသ GMS အဖွဲ့ရဲ့ ခရီးသွားလုပ်ငန်းအတွက် လာမယ့် ၂၀၂၅ ခုနှစ်မှာ ခရီးသွားဧည့်သည် ၉၅ သန်းအထိ လာရောက်ဖို့ ရည်မှန်းထားကြောင်း အဖွဲ့ရဲ့ ခရီးသွားလုပ်ငန်းကို ဦးဆောင်မယ့် ထိုင်းက ပြောပါတယ်။
" အဝေးပြေးလမ်းအတိုင်း မောင်းလာတဲ့ ဘတ်စ်ကား ၄ စီးပေါ်မှာ တရားမဝင်မြန်မာ ၁၀၄ ဦး သယ်လာတယ် တစီးကို လူ ၂၀ ကနေ ၃၀ ကြားထိပါတယ်။ လူပွဲစားတွေက တင်ခေါ်လာတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု လဝက ဥပဒေအရ လူအစုလိုက်အပြုံလိုက် ၁၀၄ ယောက် မိတာဖြစ်လို့ လူကုန်ကူးမှုအရ တရားရုံးရဲ့ အဆုံးအဖြတ်ကို ခံရမှာဖြစ်ပါတယ်။"
စစ်ရေးတင်းမာခဲ့တဲ့ မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်ကမ်းနံဘေးက အိုးအိမ်စွန့်ခွာသွားတဲ့ စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာကြတယ်လို့ ရွာခံနဲ့ စစ်ဘေးရှောင်ကူညီရေး လုပ်နေသူက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီကတော့ ကော့ဘိန်းကျေးရွာနဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်းပြသဖို့ နေရပ်ပြန်ခေါ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်