မေလကုန်လောက်က မုန်တိုင်းကြောင့်ပျက်စီးခဲ့ရတဲ့ ဂါဇာက အမေရိကန် တည်ဆောက်နေတဲ့ ဆိပ်ကမ်းကနေ ရေလမ်းကလာတဲ့ အထောက်အကူပစ္စည်းတွေ ပြန်တင်ပို့နိုင်အောင် ယာယီဆိပ်ကမ်းကိုအသုံးပြုဖို့ လုပ်ပေးထားပြီလို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ စားသောက်ကုန်နဲ့ တခြားပစ္စည်းတွေ ဂါဇာကို လာမယ့်ရက်ပိုင်းထဲ စပို့ပေးတော့မှာဖြစ်ပါတယ်။
ဟူသီသူပုန်တွေနဲ့ ထောက်လှမ်းရေးအရာရှိတွေဟာ ကြာသပတေးညနေက မြို့တော် Sanaa အပြင် ဟိုဒဲဒ၊ ဆာဒါနဲ့ အမ်ရမ်မြို့တွေမှာ ကုလသမဂ္ဂနဲ့ အကူညီပေးရေးအဖွဲ့အစည်းတွေရှိရာ နေရာကို လက်နက်တွေနဲ့ တပြိုင်နက်ထဲ ဝင်ရောက်စီးနင်းခဲ့ကြတယ်လို့ MOHR အဖွဲ့က ပြောပါတယ်။ ကုလဝန်ထမ်း ၉ ဦး၊ အကူအညီပေးရေးလုပ်သား ၁၈ ဦးလောက် ဖမ်းထားပါတယ်။
ပြင်သစ်နိုင်ငံ မြောက်ပိုင်း စိန့်လော်ရန့် ဆုမဲဟ်ရွာမှာ ကျင်းပခဲ့တဲ့ နော်မန်ဒီကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားကို ယူကရိန်းသမ္မတ ဇလန်းစကီး တက်ရောက်တော့ သူနဲ့ စစ်ပြန်ကြီးတဦး လက်ဆွဲနှုတ်ဆက်ရင်း စစ်ပြန်ဘိုးဘိုးနဲ့ အပြန်အလှန်ပြောတဲ့ စကားတွေက နှစ်ဦးနှစ်ဘက် လေးစားမှုကို ပြသနေတာပါ။
ကမ္ဘာပေါ်က အသက် ၅ နှစ်အောက်ကလေး ၄ ဦးမှာ ၁ ဦးက နွမ်းပါးမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံနေရပြီး အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ အလွန်အမင်း အာဟာရချို့တဲ့မှုနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂရဲ့ ကလေးငယ်များ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF က ထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky ဒီကနေ့ ပြင်သစ်နိုင်ငံမှာ တွေ့ဆုံပြီး အမေရိကန် က ယူကရိန်းအတွက် နောက်ထပ်အကူအညီ ဒေါ်လာ ၂၂၅ သန်း ပေးသွားမယ့်အကြောင်း သမ္မတ ဘိုင်ဒန်က ကြေညာခဲ့ပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဟောင်ကောင်နဲ့ အီရန်ကစားခဲ့တဲ့ပွဲမတိုင်ခင် တရုတ်နိုင်ငံတော်သီချင်းဖွင့်ချိန် မတ်တပ်မရပ်သူ ၃ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောပါတယ်။
အထူးသဖြင့် အွန်လိုင်းပေါ်မှာ စာသင်သူတွေ၊ စီးပွားရှာသူတွေ အတော်အခက်တွေ့နေကြပါတယ်။ အွန်လိုင်းမှာ Live လွှင့်ပြီး ဈေးရောင်းသူတယောက်က အရောင်းအဝယ် သိသိသာသာ ကျဆင်း ထိခိုက်သွားတယ်လို့ VOA မြန်မာပိုင်းကို ပြောပါတယ်။
ရုရှားကျူးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် တရားမျှတတဲ့ ငြိမ်းချမ်းရေး ရရှိအောင် အနောက်နိုင်ငံတွေက အကူအညီတွေ တိုးမြှင့်ပေးကြဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဒီကနေ့ ပြင်သစ်လွှတ်တော်မှာ တိုက်တွန်း ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ လူတွေ သေဆုံး၊ အိုးအိမ်မဲ့ဖြစ်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အတိုင်းအတာ ပမာဏကြောင့် ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်လိမ့်မယ်လို့ ကွာလာလမ်ပူမြို့တော်မှာ ဇွန်လ ၆ ရက်နေ့က ကျင်းပတဲ့ ၃၇ ကြိမ်မြောက် အာရှ ပိစိဖိတ်ဆိုင်ရာ ဆွေးနွေးပွဲ မိန့်ခွန်းမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
ယူကရိန်းအပေါ် ရုရှားရဲ့ ကျုးကျော်စစ်ကို မဟာမိတ်နိုင်ငံတွေအကြား ပိုပြီး ညီညီညွတ်ညွတ် တုံ့ပြန်ကြဖို့ အမေရိကန်သမ္မတ Joe Biden က ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်နာဇီတွေလက်ထဲက ပြင်သစ်နဲ့ ဥရောပကို လွတ်မြောက်စေခဲ့တဲ့ D-Day ကမ်းတက်တိုက်ပွဲ ဆင်နွှဲခဲ့တဲ့ နှစ် ၈၀ ပြည့် အခမ်းအနားမှာ မနေ့က ပြောဆိုသွားပါတယ်။
စစ်တပ်ဘက်က ရေကြောင်း၊ လေကြောင်းတွေကနေ တိုက်ခိုက်တဲ့အတွက် ငပလီကမ်းခြေမှာရှိတဲ့ ကျေးရွာတချို့အပေါ် လက်နက်ကြီးတွေကျလို့ သေဆုံးသူ များတယ်လို့ ဒေသခံတွေက VOA ကိုပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၃ နှစ်အတွင်း မုန်းတီးမှုနဲ့ အစွန်းရောက်ဝါဒဟာ ခေါင်းထောင်ထလာတယ်လို့ အင်္ဂါနေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာဖေါ်ပြထားပါတယ်၊ လူဖြူအမျိုးသားရေးဝါဒီနဲ့ LGBTQ+ မုန်းတီးရေးဝါဒီ ပမာဏဟာစံချိန်တင်မြင့်တက်လာပြီးတိုင်းပြည်ရဲ့ ဒီမိုကရေစီ စံတန်ဖိုးတွေကို ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။
အကျဥ်းသားတွေ ထောင်ကလွတ်လာတဲ့အခါမှာ သာမန် အရပ်သားတယောက်အနေနဲ့ ဘဝရပ်တည်နိုင်ဖို့ ဝါရှင်တန်ပြည်နယ်က အကျဥ်းထောင်မှာ ဘယ်လို အစီအစဥ်တွေ အကောင်အထည်ဖေါ်နေပါလဲ။ သတင်းစီးဆင်းမှု မြန်ဆန်တဲ့ခေတ်မှာအကျဥ်းထောင်တွင်းမှာရေဒီယိုအစီအစဥ် ဘယ်လိုတင်ဆက်နေပါလဲ။ သုတစုံလင်အမေရိကန်တခွင်မှာ ကိုအောင်အောင်က တင်ဆက်ပေးထားပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံက ADNOC ကုမ္ပဏီပိုင် ဓါတ်ဆီဆိုင်တွေမှာ စက်ရုပ်လက်တံတွေက ကားဆီတိုင်ကီကို ဖွင့်ပြီး ၊ ဆီဖြည့်ပေးတဲ့ ဝန်ဆောင်မှုကို စတင်စမ်းသပ် လုပ်ဆောင်နေပါပြီ။ REUTERS သတင်းကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
လာမယ့် နိုဝင်ဘာ အမေရိကန် ရွေးကောက်ပွဲမှာ လူဝင်မှူကြီးကြပ်ရေးကိစ္စက အရေးကြီးတဲ့ အကြောင်းအရာတွေထဲ တခုပါဝင်ပါတယ်။ လဝကဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လိုလားတဲ့ မြို့တော် ဝါရှင်တန်က စားသောက်ဆိုင်တဆိုင်ကတော့ ရွှေ့ပြောင်းအခြေချတွေရဲ့ လူမှုဘဝပြောင်းလဲရေး ဖော်ဆောင်မြှင့်တင်ပေးဖို့ ကြိုးပမ်းနေတာပါ။
ဒုတိယကမ္ဘာစစ်အတွင်း အနောက်ဥရောပမှာ နာဇီဂျာမနီတွေရဲ့ ကျူးကျော်သိမ်းပိုက်မှုကိုအဆုံးသတ်စေတဲ့ နော်မန်ဒီကမ်းတက်တိုက်ပွဲ D-Day နှစ် ၈၀ ပြည့်အခမ်းအနားမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်နဲ့ NATO မဟာမိတ်တွေအနေနဲ့ ယူကရိန်းကိုပစ်မထားဘဲ ဆက်ကူမှာ ဖြစ်ကြောင်းပြောပါတယ်။
ဂါဇာအလယ်ပိုင်းမှာဖွင့်ထားတဲ့ ကုလသမဂ္ဂစာသင်ကျောင်းကို ကြာသပတေးနေ့မှာ အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃၃ ဦးသေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
မြန်မာနိုင်ငံတလွှား အကြမ်းဖက်မှုတွေတိုးလာနေတာကို ကုလအတွင်းရေးမှူးချုပ် Antonio Guterrus က အထူးစိုးရိမ်ကြောင်းနဲ့ မကြာသေးခင်က စစ်တပ်က ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအပါအဝင် ဒေသတလွှားမှာ အရပ်သားတွေကို အစုလိုက်သတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေအတွက် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။
နာဇီလက်ထဲကနေ ဥရောပ လွတ်မြောက်ရေးအစပြုတဲ့ D-Day ဒီ-ဒေးကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် အနောက်နိုင်ငံခေါင်းဆောင်တွေ ပြင်သစနိုင်ငံမြောက်ပိုင်း ကမ်းခြေမှာ အခမ်းအနား ကျင်းပခဲ့ပါတယ်။
တလောကပဲ ချစ်သူနဲ့ စေ့စပ်ထားတဲ့ သတင်းမီဒီယာသူဌေးကြီး Rupert Murdoch ရုပတ်မားဒေါ့ဟာ ၅ ကြိမ်မြောက်အဖြစ် လက်ထပ်လိုက်ပြီလို့ သူ့ရဲ့ သတင်းမီဒီယာကုမ္ပဏီ News Corp က ဇွန်လ ၂ ရက်နေ့ကပဲ အတည်ပြုသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်