အဖွဲ့ဝင်နိုင်ငံအများစုကတော့ လာမယ့် တနင်္ဂနွေနေ့မှကျင်းပကြမှာဖြစ်ပြီး၊ မနက်ဖြန်သောကြာနေ့မှာတော့ အိုင်ယာလန် နဲ့ ချက်၊ စနေနေ့မှာတော့ မော်လ်တာ ၊ ဆလိုဗက်ကီးယား၊ နဲ့ လတ်ဗီးယားနိုင်ငံတွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
"ဒီနေ့ ဒီအခမ်းအနားက လွတ်လပ်ရေး နဲ့ ဒီမိုကရေစီကို ကြိုးပမ်းတဲ့နေရာမှာ ပြသခဲ့တဲ့ သတ္တိ နဲ့ သန္နိဋ္ဌာန်ခိုင်မာမှုကို သတိပေးတဲ့အခမ်းအနားဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက စည်းလုံးညီညွတ်မှုရှိလို့အောင်မြင်ခဲ့ပြီး၊ ဒီနေ့မှာလည်း အမှန်တကယ် စည်းလုံးညီညွတ်မှုက အောင်မြင်မှုရနိုင်မှာဖြစ်တယ်"
ဒုတိယကမ္ဘာစစ်ကာလ က ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းခြေမှာ မဟာမိတ်တပ်ဖွဲ့တွေ ကမ်းတက်တိုက်ပွဲ စတင်ခဲ့တဲ့ အထင်ကရ D day နေ့ အနှစ် ၈၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ပြင်သစ်နိုင်ငံကို ရောက်ရှိနေပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့ လေဆိပ်တဝိုက်နားမှာ စစ်တပ်နဲ့ AA အာရက္ခတပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် ငပလီပင်လယ်ကမ်းခြေ အပန်းဖြေနေရာတွေဘက်ကို ဒေသခံတွေ ထွက်ပြေးခဲ့ကြသလို စစ်တပ်ကလည်း ဟိုတယ်တချို့ထဲ ဝင်ရောက် စခန်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီကမ်းခြေက ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ အများအပြားရှိတယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရက ပြောပါတယ်။
မြန်မာနိုင်ငံမှာ Facebook တခြား လူမှုကွန်ယက်တွေ အပါအဝင် အင်တာနက် အွန်လိုင်း အသုံးပြုသူတွေ VPN (Virtual Private Network) ကို တဆင့်ခံ သုံးစွဲနေမှုတွေကို စစ်ကောင်စီက ကန့်သတ် ပိတ်ပင်မှုတွေ လုပ်ဆောင်လာနေကြောင်း ပြည်တွင်း အင်တာနက် သုံးစွဲသူတွေက ပြောပါတယ်။
ဒုတိယကမ္ဘာစစ်တုန်းက အနောက်ဥရောပမှာ နာဇီဂျာမနီတွေရဲ့ ကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်စေခဲ့တဲ့ D-Day ကမ်းတက်တိုက်ပွဲနေ့ အနှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနားတွေကို ပြင်သစ်နိုင်ငံမြောက်ပိုင်း Normandy ကမ်းခြေတွေမှာ ဒီနေ့ကျင်းပပါတယ်။
အခုမြေပြိုတဲ့ လုပ်ကွက်တွေမှာ မြေသား အက်ကြောင်းပေါ်နေပြီး မိုးရွာမယ်ဆိုရင် ထပ်မံမြေပြိုနိုင်တဲ့ အခြေအနေရှိနေတာကြောင့် အလုပ်သမားတွေအတွက် အန္တရာယ်များတယ်လို့ ပြောဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ တတိယအသုတ် စစ်မှုထမ်းဖို့အတွက် လူငယ်တွေရှိတဲ့ နေအိမ်တွေဆီ ညသန်းခေါင်အချိန် ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကနေ လစာကောင်းကောင်းနဲ့ အလုပ်တွေ ပေးမယ်ဆိုပြီး လိမ်လည်ဖျားယောင်းတဲ့ ထောင်ချောက်ထဲ ရောက်မသွားအောင် သတိထားဖို့ အိန္ဒိယနိုင်ငံသားတွေကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးက ဇွန်လ ၅ ရက်၊ မနေ့က ရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့တော်က တရုတ်လူမျိုး မျိုးဆက်တွေဟာ တရုတ်တန်းမှာပဲ နှစ်ရာနဲ့ ချီ နေထိုင် လုပ်ကိုင်စားသောက်ကြပါတယ်။အဲ့ဒီရပ်ကွက်မှာပဲ အရင်ကတည်းက ရှိတဲ့ ဆိုင်တွေ နဲ့ ခေတ်သစ် ဆိုင်တွေအကြားပြိုင်ဆိုင်ပြောင်းလဲလာကြပုံအကြောင်း Ahadian Utama သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
နိုင်ငံတကာရဲ့ အထောက်အပံ့ နှေးကွေးမှုနဲ့ လျော့နည်းလာမှုတွေကြောင့် ၂ နှစ်ကျော်ကြာလာတဲ့ ယူကရိန်း စစ်ပွဲမှာ ရုရှားဘက်က ထိုးစစ်ကို အလူးအလဲပြန်ခုခံနေရသလို အရင်က သိမ်းထားတဲ့ နယ်မြေတချို့လည်း ပြန်လည် ဆုံးရှုံးနေပါတယ်။ ရုရှားဘက်ကလည်း ဒုံးကျည်တွေ အဆက်မပြတ်တိုးပြီး တိုက်ခိုက်နေပါတယ်။
အိန္ဒိယနိုင်ငံမှာ သီတင်း (၆) ပတ်ကြာကျင်းပခဲ့တဲ့ အိန္ဒိယရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ Bharatiya Janata Party (BJP) ပါတီက ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (NDA) အင်အားစုတွေက လွှတ်တော်မှာ နေရာအနည်းငယ်အသာနဲ့ အများစု အနိုင်ရခဲ့ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ရေးမှာ ကူညီရာရောက်ဖို့ ရုပ်ကြွင်းလောင်စာကုမ္ပဏီတွေရဲ့ အမြတ်အစွန်းအပေါ် “ကြီးလေးတဲ့ အခွန်အခ” တွေ ကောက်ခံဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဥရောပစစ်ပွဲ အဆုံးသတ်ရာမှာ အရေးပါတဲ့ D-Day လို့ လူသိများတဲ့ နော်မန်ဒီကမ်းခြေထိုးစစ် နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ဖို့ အတွက် ပြင်သစ် နိုင်ငံ ပါရီ မြို့တော်ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိသွားပါတယ်။
ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရေး အဆင့် ၃ ဆင့်ပါ အပစ်ရပ်ရေးအဆိုပြုချက်သစ်အတွက် တွန်းအားပေးနိုင်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ ထိပ်တန်းလက်ထောက်တွေဖြစ်ကြတဲ့ CIA ဒါရိုက်တာ Bill Burns က ကာတာနိုင်ငံကိုရောက်နေပြီး အရှေ့အလယ်ပိုင်းထိပ်တန်းအကြံပေး Brett McGurk ဟာလည်း ကိုင်ရိုမြို့တော်ကို ရောက်နေပါတယ်။
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က အမေရိကန်သံရုံးအနီး ပစ်ခတ်မှု ဖြစ်ခဲ့ပြီး၊ ဝန်ထမ်းတွေနဲ့ သံရုံးကတော့ လုံခြုံမှုရှိကြောင်း အမေရိကန်သံရုံးက ပြောပါတယ်။ လက်ဘနွန်စစ်တပ်ကတော့ သေနတ်သမားတယောက် သံရုံးကို ပစ်ခတ်ခဲ့တာကြောင့် လက်ဘနွန်တပ်ဖွဲ့တွေက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ပြောပါတယ်။
ပဋိပက္ခတွေ၊ ဥတုရာသီပြောင်းလဲလာမှုတွေကြောင့် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ စားနပ်ရိက္ခာ ရှားပါးမှုတွေ ပိုဆိုးလာနိုင်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပူးတွဲထူထောင်သူ နာယကကြီး သူရဦးတင်ဦးရဲ့ ဈာပနကို ဒီကနေ့ ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ် ရှိပြီဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလဲဖြစ်တဲ့ ဦးတင်ဦးရဲ့ရုပ်အလောင်းကိုတော့ ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော် တီယန်နန်မင် ရင်ပြင်မှာ ၁၉၈၉ ခုနှစ်က ဒီမိုကရေစီရေး အုံကြွတောင်းဆိုမှုကို ဖြိုခွဲတဲ့ ၃၅ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲ ဟောင်ကောင်မှာကျင်းပတာကို အာဏာပိုင်တွေက နှိမ်နင်းခဲ့ပြီး လူ ၄ ဦးကို အင်္ဂါနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်