သံတွဲမြို့နဲ့ လေးမိုင်အကွာမှာ ငပလီကမ်းခြေအနီးမှာ ဒီရက်ပိုင်း အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး သံတွဲမြို့ဝန်းကျင်မှာ လက်နက်ကြီး ပစ်သံတွေ ကြားနေရတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်မှာ သံယံဇာတတူးဖော်မှုကြောင့် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးပြုန်းတီးလာတာကို အစိုးရသာမက အဖွဲ့အစည်းအသီးသီးကပါ ကာကွယ်တားဆီးပေးဖို့ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာမှာ ကျေးရွာ ၅ရွာက စုပေါင်းအခမ်းအနား ကျင်းပခဲ့ပြီး တောင်းဆိုလိုက်တာပါ။
ကမ္ဘာအကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးအဖြစ် သတ်မှန်ထားတဲ့ အိန္ဒိယနိုင်ငံ အထွေထွေရွေးကောက်ပွဲ ရလဒ်တွေအရ လက်ရှိအာဏာရ BJP ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က အစိုးရဖွဲ့နိုင်တဲ့ မဲအရေအတွက်ထက် ကျော်လွန်ပြီး အနိုင်ရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပူးတွဲထူထောင်သူ နာယကကြီး သူရဦးတင်ဦးရဲ့ ဈာပနကို ဒီကနေ့ ဇွန်လ ၅ ရက် ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ် ရှိပြီဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ ဦးတင်ဦးရဲ့နောက်ဆုံးခရီးစဉ်ကို ဗွီအိုအေမြန်မာပိုင်းက မှတ်တမ်းတင်ရိုက်ကူးခဲ့ပါတယ်။
NLD ပါတီပူးတွဲ တည်ထောင်သူလည်းဖြစ် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်း ဖြစ်တဲ့ သူရ ဦးတင်ဦးဟာ မြန်မာ့နိုင်ငံရေး လောကမှာ ထင်ရှားသူတဦးဖြစ်တာကြောင့် ဈာပနအခမ်းအနားဟာလည်း စည်ကားပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမိုင်းမှာ ပထမဆုံးအနေနဲ့ ပါတီကြီးတရပ်ကို ကိုယ်စားပြုပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခံထားရသူ ရာဇဝတ်သားတယောက်အနေနဲ့ သမ္မတရွေးကောက်ပွဲဝင်သူလည်း ဖြစ်ပါတယ်။ အခုပြန်စနေတဲ့ မဲဆွယ်စည်းရုံးရေးခရီစဉ်တွေအတွင်း မဲဆန္ဒရှင်တွေအနေနဲ့ ဒီဖြစ်ရပ်အပေါ် ဘယ်လိုများတုံ့ပြန်ကြပါသလဲ။
အမေရိကန်ပြည်ထောင်စုမှာ အဓိကနိုင်ငံရေးပါတီကြီး ၂ ခု ရှိပါတယ်။ ဒီမိုကရက်တစ်နဲ့ ရီပါဘလစ်ကန် ဖြစ်ပါတယ်။ အခု ရီပါဘလစ်ကန်ပါတီသမိုင်းကို ကြည့်ကြရအောင်ပါ။ ကိုဝင်းခန့်မောင်က တင်ဆက်ထားပါတယ်။
သမ္မတဘိုင်ဒန်ရဲ့ အဆင့် ၃ ဆင့်ပါ အစ္စရေး ဟာမတ်စ် အပစ်ရပ်ရေးအဆိုပြုချက်မူကြမ်းကို ထောက်ခံကြဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် မက္ကဆီကိုနယ်စပ်ကနေ ဝင်ရောက်ပြီး နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူအရေအတွက် ကန့်သတ်မယ့်အမိန့်ကို အမေရိကန်သမ္မတဘိုင်ဒန်က အင်္ဂါနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
လာမယ့်နှစ်အတွက် အာဆီယံဥက္ကဋ္ဌဖြစ်လာတော့မှာမို့ အာဆီယံရဲ့ လူ့အခွင့်အရေးအစီအစဥ်နဲ့ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းရာမှာ မလေးရှားနိုင်ငံရဲ့ခေါင်းဆောင်မှုက သော့ချက်ကျတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Volker Türk က ဇွန်လ ၄ ရက်နေ့က ပြောလိုက်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့ ချင်းနဲ့ ကရင်နီဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့ စီစဉ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေက ပြောပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် Claudia Sheinbaum(ကလောက်ဒီယာ ရှိုင်းဘောင်းမ်) ရွေးကောက် တင်မြှောက်ခံရတဲ့အပေါ် ကမ္ဘာ့နိုင်ငံအသီးသီးက ချီးကျူးဂုဏ်ပြုစကားတွေ အသီးသီး ပြောဆိုလာကြပါတယ်။
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဘိုး ကျဆင်းလာပြီး နိုင်ငံခြားငွေလဲနှုန်းနဲ့ ရွှေဈေးတွေ ရုတ်တရက် မြင့်တက်လာတာကို ထိန်းချုပ်တဲ့ အနေနဲ့ စီးပွားရေးလောကက လူအများအပြားကို စစ်ကောင်စီက ဖမ်းဆီးအရေးယူနေပါတယ်။
ရခိုင်ပြည်နယ်မှာ ဒေသခံကျေးရွာသား အနည်းဆုံး ၇၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်လိုက်ပါတယ်။ AA အဖွဲ့ရဲ့ ဒီကနေ့ စွပ်စွဲချက်ကိုတော့ စစ်ကောင်စီကတော့ ငြင်းဆန်လိုက်ပါတယ်။
ဂါဇာဒေသမှာ တိုက်ခိုက်မှုတွေရပ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ဖို့နဲ့ ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံအချို့ကို လွှတ်ပေးရေး စတဲ့ အဆိုပြုချက်တွေပါတဲ့ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဒီနေ့အထိ မရေမရာဖြစ်နေပါတယ်။
မြန်မာကျပ်ငွေ ထိုးကျပြီး ပြင်ပနိုင်ငံခြားငွေဈေးနဲ့ ရွှေဈေး ဆန်ချိန်တင်လောက်အောင် တက်သွားတာကို ထိန်းချုပ်ဖို့ ရွှေနဲ့ ဒေါ်လာ တရားမဝင်ရောင်းဝယ်သူ၊ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းရောင်းဝယ်သူတွေ အပါအဝင် အနည်းဆုံး ၃၅ ယောက်ကို ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဖမ်းဆီးစိစစ်နေတဲ့အကြောင်း စစ်ကောင်စီက ကြေညာပါတယ်။
ထိုင်းနိုင်ငံမှာ ဇွန်လ ၁ ရက်နေ့ကစပြီး နိုင်ငံပေါင်း ၉၃ နိုင်ငံက ဧည့်သည်တွေကို ပြည်ဝင်ခွင့်ဗီဇာ မလိုဘဲ ရက် ၆၀ အထိ လာရောက်ခွင့် ထိုင်းအစိုးရ ခွင့်ပြုလိုက်ပေမဲ့ အဲဒီအထဲမှာ မြန်မာနိုင်ငံသားတွေကို ချန်လှပ်ထားပါတယ်။
ဇွန်လ ၄ ရက်၊ အင်္ဂါနေ့ဟာ လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံ ဘေကျင်းမြို့တော်၊ တီယန်နန်မင် (Tiananmen) ရင်ပြင်မှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ နှိမ်နင်းခံခဲ့ရတဲ့ ၃၅ နှစ်ပြည့် နှစ်ပတ်လည် ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကျေးလက်ဒေသနဲ့ ဝင်ငွေနည်းမိသားစုတွေအတွက် အသေးစားချေးငွေလုပ်ငန်းလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ ရင်ဆိုင်လာရတဲ့ အကန့်အအသတ်တွေကို ကူညီဖြေရှင်းနိုင်ရေး ဆန်းစစ်ချက် အစီရင်ခံစာတစောင် ကမ္ဘာဘဏ်က မနေ့က ထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ဟာ သူ့ရဲ့ စီးပွားရေလုပ်ငန်းနဲ့ ပတ်သတ်တဲ့ အချက်အလက်အမှားတွေ လိမ်ညာ ပြသခဲ့တာကြောင့် နောက်လမှာ ထောင်ဒဏ် ရင်ဆိုင်ရနိုင်တဲ့ အခြေအနေနဲ့ ပတ်သတ်လို့ သူအတွက် ရပ်တည်ပေးနိုင်မယ့်သူတွေရဲ့ အလားအလာနဲ့ ပတ်သတ်ပြီး တနင်္ဂနွေနေ့က သုံးသပ်ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်