အမေရိကန် ပြည်ထောင်စု လော့အိမ်ဂျယ်လိစ် မြို့မှာ ရှိတဲ့ တရုတ်တန်းဟာ အပြောင်းအလဲတွေ များစွာ နဲ့ ကြုံခဲ့ရပြီး ဟောင်ကောင်၊ ထိုင်ဝမ် နဲ့ အရှေ့တောင်အာရှနိုင်ငံက တရုတ်တွေအပြင် တရုတ်ပြည်မကြီး က ရွှေ့ပြောင်းအခြေချသူတွေ နေထိုင်ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အဓိကနိုင်ငံရေးပါတီကြီး ၂ ခု ရှိပါတယ်။ ဒီမိုကရက်တစ်နဲ့ ရီပါဘလစ်ကန် ဖြစ်ပါတယ်။ အခု ဒီမိုကရက်တစ်ပါတီသမိုင်းကို ကြည့်ကြရအောင်ပါ။ ကိုစည်သူက တင်ဆက်ထားပါတယ်။
ဟာမာစ်တို့နဲ့ အပစ်အခတ်ရပ်စဲနိုင်မယ့်အလားအလာတွေကို အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က တနင်္လာနေ့မှာ လျှော့ပေါ့ပြောပါတယ်။ အပစ်ရပ်ပြီး အပြန်အလှန်အားဖြင့် ဟာမတ်စ်တို့လက်ထဲက ဓားစားခံတွေပြန်လွှတ်ပေးရေးဆိုတဲ့ သဘောတူညီချက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့အဆိုပြုချက်တချို့ပါဝင်တယ်လို့လည်း ပြောပါတယ်။
ဂျွန်လ ၂၈ ရက်နေ့မှာကျင်းပမယ့် အီရန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံဖို့ အီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Qalibaf တနင်္လာနေ့မှာ နာမည်စာရင်းတင်သွင်းလိုက်ပါတယ်။ မေလအတွင်း ရဟတ်ယာဥ်ပျက်ကျရာမှာ အီရန်သမ္မတ Ebrahim Raisi နဲ့အခြားအရာရှိတွေ သေဆုံးခဲ့တာကြောင့် သမ္မတရွေးကောက်ပွဲ ခုလိုကျင်းပရတာပါ။
ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမယ့် ယူကရိန်းငြိမ်းချမ်းရေးညီလာခံကို အမေရိကန်ဒုသမ္မတ Kamala Harris နဲ့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan တို့တက်ရောက်မယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့မှာ ကြေညာပါတယ်။
အမှိုက်ထုပ်တွေကို လေပူဖောင်းမှာတပ်ပြီး တောင်ကိုရီးယားဘက် ကြဲချခဲ့တဲ့ မြောက်ကိုရီးယားရဲ့ရန်လိုတဲ့လုပ်ရပ်ကို လက်တုံ့ပြန်ဖို့ အသင့်ပဲလို့ တောင်ကိုရီးယားစစ်ဘက်ကတနင်္လာနေ့မှာ ပြောပြီးတဲ့နောက် တောင်ကိုရီးယားဘက်က လက်ကမ်းစာစောင်တွေ မိုးပျံဘောလုံးနဲ့မလွှတ်ရင် သူတို့လည်းမလုပ်ဘူးလို့ မြောက်ကိုရီးယားကပြောပါတယ်။
မက္ကဆီကိုနိုင်ငံ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် အနိုင်ရလိုက်တဲ့ Claudia Sheinbaum ရဲ့ အောင်မြင်မှုအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ချီးကျုးစကား ပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တာကြောင့် နှစ်ပေါင်း ၂၀၀ မက္ကဆီကိုသမိုင်းမှာ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတော့မှာပါ။
မြန်မာနိုင်ငံအတွင်း အခြေအနေ တည်ငြိမ်မှု ပျက်ပြားပြီး မြန်မာငွေကြေးအပေါ် ယုံကြည်မှုမရှိတော့တာ၊ ပို့ကုန်နဲ့ သွင်းကုန် ပမာဏ မညီမျှတာ၊ စစ်ကောင်စီက ငွေကြေး ရိုက်နှိပ် ထုတ်ဝေတဲ့ နည်းလမ်းကိုပဲသုံးပြီး ဖြေရှင်းနေတာတွေကြောင့် တိုင်းပြည်စီးပွားရေး ကမောက်ကမ အခြေအနေကို ရောက်နေတဲ့အကြောင်း
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်မူကြမ်းနဲ့ပတ်သက်လို့ အစ္စရေး အရာရှိတွေနဲ့ ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့ တနင်္ဂနွေနေ့နှောင်းပိုင်းက ပြောဆိုပြီး ဒီအဆိုပြုချက်ဟာ အစ္စရေးရဲ့ ရေရှည် လုံခြုံရေးအတွက် အကျိုးရှိစေမယ်လို့ ပြောဆိုထားတာပါ။
“မြန်မာ၊ ယူကရိန်း၊ အစ္စရေးနဲ့ ပါလက်စတိုင်းဒေသတွေမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ ရပ်တန့်ရေးနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေး ဆုတောင်းပေးကြဖို့လည်း မမေ့ကြပါနဲ့” - လို့ ဗာတီကန်ကျောင်းတော်မှာ တနင်္ဂနွေနေ့က ပုပ်ရဟန်းမင်းကြီး Francis မိန့်ကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ရွှေဈေး မတည်ငြိမ်အောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူတချို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း အာဏာပိုင်တွေ သတင်းထုတ်ပြန်ခဲ့ပေမဲ့ ရွှေဈေးကတော့ သိသိသာသာ ပြန်မကျသေးဘူးလို့ အရောင်းအဝယ် လုပ်နေသူတွေက ပြောပါတယ်။
မက္ကဆီကိုနိုင်ငံ သမ္မတရွေးကောက်ပွဲ တနင်္လာနေ့အစောပိုင်း တရားဝင်ထုတ်ပြန်တဲ့ ကနဦးမဲရလဒ်တွေအရ လက်ရှိအာဏာရပါတီ ကိုယ်စားလှယ်လောင်း Claudia Sheinbaum က မဲ ၅၈ ရာခိုင်နှုန်းနဲ့ ၆၀ ရာခိုင်နှုန်းကြား အနိုင်ရတယ်လို့ အမျိုးသားရွေးကောက်ပွဲကော်မတီက ပြောပါတယ်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်က မင်္ဂလာပွဲတခုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ၃၀ နီးပါး သေဆုံးပြီး နောက်ထပ် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သူရဦးတင်ဦးအတွက် နေပြည်တော်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သာမက စစ်ကောင်စီ အကြီးအကဲကပါ အမှတ်တရ လွမ်းသူ့ပန်းခြင်းတွေ ပေးပို့ခဲ့ပါတယ်။
ဆွစ်ဇာလန်နိုင်ငံက စီစဉ်တဲ့ ယူကရိန်း ငြိမ်းချမ်းရေး နိုင်ငံတကာ ထိပ်သီးစည်းဝေးပွဲကို တက်ကြဖို့ စည်းရုံးရေးဆင်းတဲ့အနေနဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဖိလစ်ပိုင်နိုင်ငံကို ဒီကနေ့ ဇွန်လ ၃ ရက်နေ့မှာ ရောက်ရှိနေပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း Chiang Dao ခရိုင်ထဲမှာ ထိုင်းစစ်သားတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးတွေ အကြား စနေနေ့က ခဏတာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မ မီသိုင်း အမ်ဖာတမင်း စိတ်ကြွ ဆေးပြား ၆ သန်း သိမ်းဆည်းရမိတဲ့အကြောင်း ထိုင်း စစ်တပ်က ပြောပါတယ်။
၂၀၂၂ မေလအတွင်း ရာသီဥတုနဲ့ဆက်နွယ်ပြီး သေဆုံးသူ ၆၀,၀၀၀ ကျော်ရှိကြောင်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် အပူလှိုင်းပိုပြင်းထန်တာ၊ မကြာခဏဖြစ်တာနဲ့ အချိန်ကြာမြင့်မှုမှာ ပိုတိုးလာဖို့ရှိတယ်လို့ IPCC လို့ ခေါ်တဲ့ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့က ပြုစုတဲ့ အဲဒီလေ့လာချက်သစ်မှာဖော်ပြပါတယ်။
ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးအတွက် အဆိုပြုချက်တရပ်ကို ဟာမတ်က သဘောတူလိုက်မယ်ဆိုရင် ဒီအစီအစဉ်ကို အစ္စရေးကလက်ခံမယ်လို့ အမေရိကန်ဘက်က မျှော်လင့်ထားကြောင်း သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရသူ John Kirby က ပြောပါတယ်။
တောင်အာဖရိကနိုင်ငံ ရွေးကောက်ပွဲနောက်ဆုံးရလဒ် ၉၉ ရာခိုင်နှုန်းရေတွက်ပြီးချိန်မှာတော့ နှစ်ပေါင်း ၃၀ ကြာအောင် လူများစုထောက်ခံမှုရခဲ့တဲ့ သမ္မတ Ramaphsa ရဲ့ ANC အာဖရိကအမျိုးသားကွန်ဂရက်ဟာ ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကို မကျော်နိုင်တော့ပါဘူး။
တရုတ်-မြန်မာနယ်စပ်ဒေသ နမ့်ခမ်းမြို့နယ်ရှိ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်တွေကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA က နေရာပြောင်းရွှေ့တဲ့ကိစ္စဟာ နှစ်ဘက်ဆွေးနွေးမှုရှိမထားကြောင်း SSA မြောက်ပိုင်းက ပြောပါတယ်။ နမ့်ခမ်းမြို့အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး နှစ်ဘက် သဘောတူညီချက် မရသေးကြောင်းပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်