ရခိုင့်ပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီပိတ်ဆို့ထားတဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက ရွာသူ ရွာသားအားလုံးကို စစ်ကောင်စီက ပြီးခဲ့တဲ့ မေလ ၂၉ရက်နေ့ကနေစတင် ဖမ်းဆီးခဲ့ တာဖြစ်ပြီး အဲဒီထဲက ဒေသခံ ၄ဝကျော်ကို စစ်ကောင်စီက သတ်ဖြတ်လိုက်တယ်လို့ အာရက္ခ တပ်တော် ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။
နမ့်ခမ်းမြို့နယ်ရှိ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်တွေကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နေရာပြောင်းရွှေ့တဲ့ ကိစ္စဟာ နှစ်ဘက်ဆွေးနွေးမှု ရှိမထားကြောင်း SSA မြောက်ပိုင်းဘက်က ပြောဆိုပါတယ်။
ယူကရိန်းသမ္မတ Volodomyr Zelenskyy ဟာ စင်္ကာပူမှာ ကျင်းပနေတဲ့ Shangri-La Dialogue ခေါ် အာရှပစိဖိတ်ဒေသတွင်း လုံခြုံရေးညီလာခံကို တက်ရောက်ဖို့ စနေနေ့က ရောက်ရှိသွားပါပြီ။
စနေနေ့ မဲပေးမှုတွေအပြီးမှာ “အောက်ပွဲရရှိပြီ”လို့ မိုဒီက မှတ်ချက်စကားပြောခဲ့ပေမယ့် စစ်တမ်းတွေကို ရည်ညွှန်းတာမျိုးတော့ မလုပ်ခဲ့ပါဘူး။ မိုဒီရဲ့ BJP ပါတီနဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ အမတ်နေရာ ၅၄၃ နေရာမှာ ၃၅၀ ကျော် အနိုင်ရရှိနိုင်မယ်လို့ ခန့်မှန်းထားကြပြီး ဒါဟာ အစိုးရဖွဲ့ဖို့ ၂၇၂ နေရာထက် အများကြီးပိုပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆာဒူဇာမန်ခန်းက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေက မူးယစ်ဆေးဝါးမှောင်ခိုတွေကို စီးနင်းဖမ်းဆီးမှုတွေမှာ မူးယစ်ဆေးနဲ့ အတူ လက်နက်ခဲယမ်းများ သိမ်းမိတယ်လို့ပြောပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နာယကကြီး သူရဦးတင်ဦးဟာ ဒီကနေ့ ၈ နာရီ ၅၀ မိနစ် မှာ ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၉၉) နှစ် ရှိပါပြီ။
အိန္ဒိယနိုင်ငံရဲ့ အရှေ့ခြမ်းက ဘီဟာ (Bihar) နဲ့ အိုဒီးရှား (Odisha) ပြည်နယ်၊ မြောက်ပိုင်းက အူတရာ ပရာဒက်ရှ် (Uttar Pradesh) ပြည်နယ်တွေမှာ သောကြာနေ့က အပူချိန်ပြင်းထန် အပူလေ သင်တုန်း (Heat Stroke) ရောဂါသံသယနဲ့ လူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတဘ်။
မြန်မာအပါအဝင် ကမ္ဘာတဝန်းမှာ စစ်ပွဲ၊ အကြမ်းဖက်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက်ဟာ ၁၁၄ သန်းအထိ တိုးမြင့်လာနေပြီး အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ပျက်ကွက်နေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အကြီးအကဲ ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) က ပြောလိုက်ပါတယ်။
ရုရှားရဲ့ရန် ခုခံကာကွယ်နေတဲ့ယူကရိန်းကို မဟာမိတ်နိုင်ငံတွေ အကူအညီပေးပိုင်ခွင့်ကိုထောက်ခံကြောင်း မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ် (NATO) အဖွဲ့ အတွင်းရေးမှူးချုပ် ယန်း စတောလ်တွန်းဘာ့ဂ် (Jens Stoltenberg) က သောကြာနေ့က ပြောလိုက်ပါတယ်။
“အပစ်အခတ်ရပ်စဲနိုင်မှသာ အကူအညီတွေကို လိုအပ်သူတွေအားလုံးဆီ ဘေးကင်းကင်းနဲ့ ထိထိရောက်ရောက် ဖြန့်ဝေပေးနိုင်မှာပါ။” (အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်)
သူတယောက်တည်း သီဆိုတဲ့ ဒုတိယမြောက် တေးအယ်လ်ဘမ် “Right Place, Wrong Person” ကို မေလ ၂၄ ရက်နေ့က ထုတ်လိုက်ပြီးနောက် ဒီကနေ့ထုတ်လိုက်တဲ့ သီချင်း “Domodachi” က ၄ ပုဒ်မြောက် ဗွီဒီယိုဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ အာဖရိကန် အမျိုးသား ကွန်ဂရက်ပါတီ ANC ပါတီက မဲအများစု မရတဲ့အတွက် ညွန့်ပေါင်းအစိုးရ ဖွဲ့ရမဲ့ အလားအလာများနေပါတယ်။ မဲရလာဒ် ၆၁.၂ % ရေတွက်ပြီးချိန်မှာ ANC ပါတီက ၄၁.၉ % သာအနိုင်ရထားတာ ဖြစ်ပါတယ်။
"ဒါဟာ သိပ်ကို အကျည်းတန်တဲ့ လုပ်ရပ်ပါ။ အကွက်ဆင် တရားဆွဲတာဖြစ်ပြီး အကျင့်ပျက်လာဘ်စားပြီး အကျိုးစီးပွား ဝိရောဓိဖြစ်နေတဲ့ တရားသူကြီးရဲ့ လှည့်ကွက်၊ အကွက်ဆင်တဲ့ စီရင်ချက်ပါ။ သိပ်ကို အကျည်းတန်ပါတယ်လို့" သမ္မတဟောင်း Donald Trump က မနေ့က နယူးယောက် တရားရုံးမှာ ပြောဆိုသွားတာပါ။
မြန်မာ့ပဋိ့ပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအနေနဲ့ အရပ်သား ပြည်သူတွေနဲ့ အကူအညီ ပေးရေး အဖွဲ့တွေကို ကာကွယ်ပေးဖို့ ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တောင်းဆိုခဲ့ပါတယ်။
နိုင်ငံစုံက ကာကွယ်ရေးဆိုင်ရာ အကြီးအကဲတွေတက်ရောက်တဲ့ Shangri-La Dialogue ခေါ် အာရှပစိဖိတ်ဒေသတွင်း လုံခြုံရေးညီလာခံ ပထမနေ့မှာ “မြန်မာငြိမ်းချမ်းရေး အမြင်မတူမှုကြားက သံတမန်အခွင့်အလမ်း” ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြတာပါ။
စစ်ကိုင်းတိုင်း ကလေးဒေသမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက ရွာတွေဘက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ကလေးငယ်တွေအပါအ၀င် ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
အမေရိကန်နဲ့ တရုတ် စစ်တပ်အချင်းချင်း ဆက်ဆံရေးကို လာမယ့် လပိုင်းတွေအတွင်း ပြန်စမယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီး Lloyd Austin က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး ပြန်လည် တည်ငြိမ်လာနေတဲ့အပေါ် တရုတ်အစိုးရ ကလည်း အမွှမ်းတင်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက လမ်းကြေး တံတားကြေးတွေကို ဇွန်လ (၁)ရက်နေ့က စပြီး လမ်းနဲ့ တံတား ဖြတ်သန်းခတွေကို လက်ရှိနှုန်းထက် ထက်၀က်တိုး ကောက်ခံသွားဖို့ရှိကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေက ဗွီအိုအေကို အတည်ပြုပြောကြားခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ကြမ်းခင်းဈေးလျှော့ပြီး လေလံတင်ရောင်းချဖို့ အကို ဦးအောင်ဆန်းဦး တင်သွင်းတဲ့အဆိုကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက ဒီကနေ့ တရား ရုံးမှာ ကန့်ကွက်လိုက်ပါတယ်။
နိုဝင်ဘာမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထောက်ခံမဲတွေ ရဖို့ သမ္မတကိုယ်စားလှယ်လောင်းတွေ လူနည်းစုတွေကို ပစ်မှတ်ထား စည်းရုံးနေတာ၊ စစ်မှုထမ်းဟောင်းတွေအတွက် ဘယ်သမ္မတကိုယ်စားလှယ်လောင်းက ပိုပြီး ဆောင်ရွက် ပေးခဲ့သလဲ ဆိုတာတွေကို သုတစုံလင် အမေရိကန်တခွင်အစီအစဥ်မှာ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်