နယ်စပ်ကုန်းလမ်းကို ဖြတ်ပြီး မက္ကဆီကိုနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုထဲ တရားမဝင် ဝင်ရောက်ဖြတ်ကူးသူတွေက နွေဦးကာလမှာ များတတ်ပေမယ့် ဒီနှစ်ဧပြီလမှာတော့ မတ်လထက်စာရင် ၆ ရာခိုင်နှုန်း ပိုနည်းတာကို တွေ့ရပါတယ်။ VOA သတင်းထောက် Aline Barros ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင် တင်ဆက်ထားပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump အပေါ် စွဲဆိုထားတဲ့ လိင်ဖျော်ဖြေရေးသရုပ်ဆောင်ကို နှုတ်ပိတ်ခပေးခဲ့တဲ့အမှုနဲ့ ၂၀၁၆ ရွေးကောက်ပွဲရလဒ်အပေါ် ဩဇာလွှမ်းမိုးဖို့ တရားမဝင်ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွဲချက်တွေအပါအဝင် ရာဇဝတ်မှု စွဲချက် ၃၄ ခုစလုံးမှာ အပြစ်ရှိကြောင်း ဂျူရီလူကြီးတွေက ကြာသပတေးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တိုက်ခိုက်မှုအတော်များများလုပ်ခဲ့တယ်လို့ ရုရှားတို့ကပြောကြားခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ ယူကရိန်းကလည်း ဗြိတိန်နိုင်ငံရဲ့ ခွင့်ပြုချက်နဲ့ ရုရှားပိုင်နက်ထဲကို Storm Shadow ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ နှစ်နိုင်ငံစလုံးက ပြောကြပါတယ်။
မြန်မာနိုင်ငံမှာကြုံနေတဲ့အကျပ်အတည်းတွေ အထူးသဖြင့် အရပ်သားတွေအပေါ်အကြမ်းဖက်မှုတိုးလာတဲ့အခြေအနေတွေအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်းဖြစ်ရကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ကုလအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံချိန်မှာ ပြောပါတယ်။
မြောက်ကိုရီးယားနဲ့တရုတ်နိုင်ငံကြားက နှစ်တွေနဲ့ချီပြီး အဆင်မပြေမှုတွေဟာ ပထမဆုံး လူသိရှင်ကြားထွက်ပေါ်လာပါတယ်။ နျူကလီယားလက်နက်တွေဖယ်ရှားရေး ဖြစ်နိုင်ခြေတွေနဲ့ပတ်သက်လို့ ပူးတွဲထုတ်ပြန်ချက်တခုမှာ တရုတ်နိုင်ငံက လက်မှတ်ထိုးခဲ့တဲ့အပေါ် မြောက်ကိုရီးယားက ဝေဖန်ပြစ်တင်ခဲ့တာပါ။
ဂါဇာဒေသကို လူသားချင်းစာနာ မှုအကူအညီတွေချက်ချင်းပေးပို့ဖို့နဲ့ ပါလက်စတိုင်းသားတွကိုအတင်းအကျပ်နေရပ်ပြောင်းတာတွေရပ်ဖို့ နိုင်ငံတကာက ပြတ်ပြတ်သားသားဆောင်ရွက်ကြပါလို့ ဘေဂျင်းညီလာခံကနေ အီဂျစ်သမ္မတ Abdel Fattah el-Sissi က နိုင်ငံတကာအသိုင်းအဝိုင်းကို ကြသပတေးနေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ အပူလှိုင်းကျရောက်နေတဲ့အတွက် လူသေဆုံးမှုတွေ ၊ ဆေးရုံတင် ကုသရတာတွေ ဆက်တိုက်ဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ ဒီအကြောင်း Reuteurs သတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားခရီးသွားလုပ်ငန်း တိုးမြှင့်ဖို့အတွက် ရည်ရွယ်ပြီး ပြည်ဝင်ခွင့်ဗီဇာ အခွင့်အရေးပိုပေးမဲ့ အစီအစဉ်သစ်ကြောင့် မြန်မာနိုင်ငံသားတွေလည်း ပိုအကျိုးရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ပါလက်စတိုင်းအပေါ်ထားတဲ့ တရုတ်ရဲ့ မူဝါဒကို အာရပ်နိုင်ငံတွေ အသိအမှတ်ပြုကြောင်း အီဂျစ်သမ္မတက မိန့်ခွန်းထဲမှာ ပြောကြားခဲ့သလို ဂါဇာစစ်ပွဲရပ်အောင်နဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ပေးနိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အချိန်မဆိုင်းဘဲ ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့ သူက ပြောကြားခဲ့ပါတယ်။
စစ်ကိုင်းဖိုရမ် တည်ထောင်ခဲ့တဲ့ ၁ နှစ်အတွင်း အောင်မြင်မှုတချို့ ရှိခဲ့သလို အခက်အခဲတွေနဲ့လည်းကြုံခဲ့ရပြီး စစ်ကိုင်းတိုင်းရဲ့ ကြမ္မာကို စစ်ကိုင်းတိုင်းသူ တိုင်းသားတွေ ဖန်တီးခွင့်ရှိရမယ်ဆိုတဲ့ လမ်းကြောင်းအပေါ်မှာ လျှောက်လှမ်းသွားမယ်လို့ ဖိုရမ်တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဆွေးနွေးပွဲအတွင်း အထူးသဖြင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်နေချိန်မှာ တဘက်နဲ့တဘက် ထင်မြင်ချက်လွဲမှားတာတွေ နဲ့ မလိုလားအပ်တဲ့ ပဋိပက္ခတွေကို ကာကွယ်နိုင်ဖို့ ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်လက်ထားရှိဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ဆက်တွဲဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ကလေးငယ်တွေနဲ့ လူငယ်တွေအပေါ် သက်ရောက်ထိခိုက်နေတဲ့ အခြေအနေကို New York မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေ အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာစစ်တပ်က နယ်မြေတွေ စခန်းတွေ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း လက်လွှတ်ခဲ့ရချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က အင်အားခိုင်မာအောင် တည်ဆောက်လာခဲ့တဲ့အကြောင်းနဲ့ နယ်မြေတွေ ပိုမို ထိန်းချုပ်လာတဲ့အကြောင်း မြန်မာနိုင်ငံ ပဋိပက္ခလေ့လာတဲ့ စစ်တမ်းနှစ်စောင်မှာ ရေးသားထားပါတယ်။
နိုင်ငံခြားငွေစျေးတွေ နှစ်ရက်အတွင်း ထိုးတက်လာပြီးနောက် လူမှုကွန်ရက်ပေါ်ကနေ ငွေလဲနှုန်း ဆွဲတင်နေသူတွေကို အရေးယူသွားမယ်လို့ မြန်မာဗဟိုဘဏ်က ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ထုတ်ပြန်လာပါတယ်။
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ကို ရွှေ့ပြောင်းအခြေချလာတဲ့ တရုတ်လူမျိုးတွေ တိုးလာတာနဲ့အမျှ အဆင့်ဆင့် ပြောင်းလဲမှုတွေ ရှိပေမယ့် ၊ အဲဒီမြို့က ရှေးအကျဆုံး တရုတ်တန်းကတော့ ရှေးရိုးရာအစဉ်အလာတွေကို ခုထိ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ Matt Dibble ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
Rafah မြို့ လမ်းမတွေပေါ်မှာ အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ပါလက်စတိုင်းဒေသခံတွေနဲ့ အရာရှိတွေက ပြောပါတယ်။ Rafah မြို့လယ်ကိုဖြတ်ပြီး အီဂျစ်နယ်စပ်အထိ အစ္စရေး တင့်ကားတွေ ဝင်ရောက်လာပြီး နောက်တနေ့မှာ အခုလို မြို့ပြတိုက်ပွဲတွေ ဖြစ်ပေါ်နေတာပါ။
မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အတွက် အခြေခံ လိုအပ်ချက်တွေနဲ့ လူမှုအကျပ်အတည်းတွေမှာ သုံးစွဲဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ထောက်ပံ့ပေးဖို့ ကမ္ဘာ့ဘဏ် အမှုဆောင်ညွန်ကြားရေးမှူးအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
အမေရိကန်ဆောက်လုပ်ရေးလုပ်ငန်းရှင် ပရဟိတသမားကြီး Dell Loy Hansen ဟာ ယူကရိန်းပြည်တွင်း စစ်ပြေးဒုက္ခသည်တွေအတွက် နေစရာအိမ်တွေကို ဆောက်လုပ်ဖို့ ဒေါ်လာသန်း ၇၀ အကူအညီပေးခဲ့ပါတယ်။ သူအနေနဲ့ ယူကရိန်းကို ၄ ကြိမ်မြောက် ကိုယ်တိုင်သွားရောက်ခဲ့ပြီး ကိုယ်တိုင်လုပ်ကိုင်အကူအညီပေးခဲ့ပါတယ်။
ကရင်နီဒေသ လွိုင်ကော်မြို့တဝိုက်မှာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ထိုးစစ်ဆင်ရာမှာ အရပ်သားတွေ နေထိုင်ရာ နေရာတွေကိုပါ ထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၄၀ ကျော်အထိ သတ်မှတ်တဲ့ ရှေးဟောင်း Cretaceous ခေတ်က ဒိုင်နိုဆောတွေရဲ့ ခြေရာတွေကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Yunnan ပြည်နယ် Lufeng မြို့နယ် Konglongshan မြို့မှာ တရုတ် ဘူမိဗေဓပညာရှင်တွေ ရှာဖွေတွေ့ရှိထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်