ထိုင်းနိုင်ငံစီးပွားရေးအတွက် အဓိကကျတဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေး ရည်ရွယ်ချက်နဲ့ ခရီးသွားတွေ၊ ဘွဲ့လွန်ကျောင်းသားတွေ၊ အဝေးကနေ အလုပ်လုပ်တဲ့သူတွေအတွက် ပြည်ဝင်ခွင့်ဗီဇာသက်တမ်း တိုးပေးပြီး၊ အငြိမ်းစားတွေအတွက်လည်း ပိုပြီးအဆင်ပြေစေမယ့် ဗီဇာတွေထုတ်ပေးဖို့ ထိုင်းအစိုးရက အတည်ပြုလိုက်ပါတယ်။
မစင်တွေနဲ့ အမှိုက်တွေထည့်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံက မိုးပျံပူဖောင်းတွေ ဒီနေ့မှာပဲ တောင်ကိုရီးယားနိုင်ငံက လူစည်ကားတဲ့လမ်းတွေ၊ လူနေအိမ်တွေရှေ့မှာ ကျဲချခဲ့တယ်လို့ တောင်ကိုရီးယား ပြည်တွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး တဟုန်ထိုးကျဆင်းနေတဲ့အတွက် အမေရိကန်ဒေါ်လာအပါအဝင် ကုန်သွယ်ရေးမှာ အဓိကအသုံးပြုနေတဲ့ တရုတ်ယွမ်နဲ့ ထိုင်း ဘတ်ငွေဈေးနှုန်းတွေနေ့စဉ် စံချိန်တင်မြင့်တက်နေပါတယ်။
ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုတွေအပေါ် ဝေဖန်ပြောဆိုခွင့်မရှိဘူးဆိုတဲ့ ဥပဒေကို ချိုးဖောက်မှုနဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကို တရားစွဲဖို့ ပြင်ဆင်နေကြောင်း အစိုးရရှေ့နေတွေက ပြောလိုက်ပါတယ်။
နော်ဝေနိုင်ငံနားက ပုဂ္ဂလိကပိုင်ကျွန်းတခုကို လေလံတင်ရောင်းချဖို့ ကျွန်းပိုင်ရှင်က ကြိုးပမ်းနေပြီး တရုတ်ဝယ်လက်တွေက အထူးစိတ်ဝင်စားနေတဲ့အကြောင်း လေလံပွဲတာဝန်ယူထားတဲ့ ရှေ့နေက ပြောပါတယ်။ အာတိတ်သမုဒ္ဒရာအတွင်း အချက်အချာကျတဲ့နေရာက ဒီကျွန်းရောင်းချမှုဟာ နော်ဝေနဲ့ နေတိုးအဖွဲ့အတွက် ခေါင်းခဲစရာဖြစ်နေပါတယ်။
အမေရိကန် သမ္မတလောင်း ၂ ယောက်လုံးက သူတို့ဟာ ဘာသာရေးအကိုင်းရှိုင်းဆုံးဖြစ်တယ်လို့ ပြောနေပါတယ်။ ဘာသာရေးယုံကြည်ချက်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်တို့ရဲ့ ယုံကြည်ကိုးကွယ်ရာ အကြောင်း Carolyn Presutti သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
လိင်တူချင်းနှစ်သက်တဲ့ LGBT အသိုင်းအဝန်းကို မသင့်လျော်တဲ့ စကားလုံးတွေ အသုံးပြုခဲ့သလိုဖြစ်ခဲ့တာကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်က တောင်ပန်ကြောင်း ဗာတီကန်နန်းတော်က အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဂါဇာတောင်ပိုင်း ရာဖာမြို့က ဒုက္ခသည်စခန်းတခုမှာ ခိုလှုံနေကြတဲ့ ပါလက်စတိုင်း ၄၅ ဦးထက်မနည်း သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိစေခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် “အလွန်အမင်း စိုးရိမ်ကြောင်း” အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့က ပြောပါတယ်။
အီရန်နိုင်ငံက HEU လို့ခေါ်တဲ့ စစ်ရေးလက်နက်အဖြစ် အသုံးပြုနိုင်တဲ့နီးပါးအထိ ပြင်းအားမြင့်တဲ့ သန့်စင်တဲ့ယူရေနီယမ် စုဆောင်းမှုမြင့်တက်လာတယ်ဆိုတဲ့ အစီရင်ခံစာ ထွက်လာတာကြောင့် အီရန်ရဲ့နျူကလီယားအစီအစဥ်အတွက်စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ပါလက်စတိုင်းကို သီးခြားနိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထောက်ခံမဲပေးခဲ့ကြတဲ့ အဖွဲ့ဝင် ၁၄၃ နိုင်ငံနဲ့အတူ စပိန်၊ နော်ဝေးနဲ့ အိုင်ယာလန်နိုင်ငံတို့ကလည်း ရပ်တည်လိုက်ကြတာပါ။ အစ္စရေးကတော့ ဒီလုပ်ရပ်အပေါ် အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရာဖာမြို့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ပါလက်စတိုင်း ၄၅ ဦး သေဆုံးကာ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဒီနေ့ ဆွေးနွေးဖို့ ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း Remal ဟာ အချိန်အတိုအတွင်း အလျင်အမြန် ဖြစ်တည်လာတဲ့ မုန်တိုင်းတခုဖြစ်ပြီး ကာလအရှည်ကြာဆုံး တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတခုဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးဇလကဆိုပါတယ်။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးအရ အရေးပါတဲ့ မြစ်ကြီးနားလမ်းပိတ်ထားတာ ၂လကျော်ကြာလာချိန်မှာ ပူတာအိုမြို့မှာ ဆန်နဲ့ လောင်စာဆီ အခက်အခဲတွေ ကြုံတွေ့နေရသလို ဈေးတွေလည်း အဆမတန်မြင့်တက်နေပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဟာ ဆိုရင်လည်း ဓာတုပစ္စည်းနဲ့ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ အဓိက ထုတ်လုပ်ရာဒေသ ဖြစ်နေတယ်လို့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ရဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။
တရုတ်နိုင်ငံသားတွေပြီးရင် မြန်မာနိုင်ငံက အရေအတွက်အရရော၊ ဝယ်ယူတဲ့ တန်ဖိုးအရရော ဒုတိယနေရမှာ ရှိပြီး အရင်က တလျှောက်လုံး ဒုတိယနေမှာ ရှိနေခဲ့တဲ့ ရုရှားနိုင်ငံသားတွေထက် ကျော်သွားတာကို စာရင်းထုတ်ပြန်ထားတာပါ။
တာဝန်က အနားပေးလိုက်တဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရပေမဲ့ စီးပွားရေး ပြဿနာတွေ ကြုံတွေ့နေရချိန်မှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ ကြေညာချက်ကြောင့် ခန့်မှန်းချက်တွေလည်း အမျိုးမျိုး ရှိနေပါတယ်။
စစ်ဒဏ်သင့် ကရင်နီဒေသမှာ နေရပ်စွန့်ခွာနေကြရတဲ့ ဒုက္ခသည်တွေ မိုးတွင်းကာလမှာ လုံခြုံတဲ့ ခိုလှုံစရာတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။ လတ်တလော တောတောင်တွေထဲမှာ ယာယီအမိုးအကာတွေနဲ့ နေထိုင်ကြသူတွေ မကြာသေးခင်က မိုးဒဏ်၊ လေဒဏ်ကြောင့် အခက်တွေ့နေကြရတာပါ။
Libertarian ပါတီ ညီလာခံမှာ စနေနေ့က သမ္မတဟောင်းထရမ့် မိန့်ခွန်းပြောတဲ့အချိန် အပြင်းအထန် ဝေဖန်ကန့်ကွက်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ သမ္မတဘိုင်ဒန်ကတော့ စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်လောင်းတွေကို မိန့်ခွန်းပြောကြားခဲ့ပြီး အမေရိကန်ရဲ့ ဒီမိုကရေစီကို စောင့်ရှောက်ကာကွယ်ဖို့ တိုက်တွန်းသွားပါတယ်။
တနင်္သာရီမြို့နယ်မှာ စစ်ဘေးရှောင်တွေ ငှက်ဖျားရောဂါ အဖြစ်များနေပြီး၊ မိုးဦးကျကာလမှာ အခြေခံလိုအပ်ချက် တော်တော်များများရှိနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ တိုက်ပွဲအခြေအနေကြောင့် တနေ့ထက်တနေ့ စစ်ရှောင်သူဦးရေ တိုးလာနေတယ်လို့လည်း ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်