အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်ပြည်ထောင်စုကို ပိုမိုပြီးပြည့်စုံတဲ့နိုင်ငံတခုဖြစ်လာအောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့မေလ ၂၇ ရက်နေ့မှာကျရောက်တဲ့ အောက်မေ့ဖွယ်နေ့မှာ ပြောဆိုခဲ့ပါတယ်။
ယူကရိန်းနိုင်ငံကကိုယ့်ကိုကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ အနောက်နိုင်ငံတွေကပေးအပ်ထားတဲ့ တာဝေးပစ်လက်နက်တွေနဲ့ ရုရှားနိုင်ငံထဲကပစ်မှတ်တွေကို တိုက်ခိုက်ခွင့်ပြုပါလို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က တနင်္လာနေ့မှာ ပန်ကြားလိုက်ပါတယ်။
ဂါဇာဒေသရဲ့အခြေအနေဟာ ကမ္ဘာပေါ်ကငရဲပြည်လိုဖြစ်နေကြောင်း ဂါဇာတောင်ပိုင်း ရာဖာမြို့မှာ အစ္စရေးလ်ရဲ့တိုက်ခိုက်မှုကြောင့် လူ ၄၅ ဦးထက်မနည်းသေဆုံးကြောင်း ဂါဇာကျန်းမာရေးဌာနရဲ့ ပြောဆိုချက်ထွက်လာအပြီးမှာပဲ ပါလက်စတိုင်းဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ UNRWA က တနင်္လာနေ့မှာ ပြောပါတယ်။
မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့ NATO နောက်ဆုံးအဖွဲ့ဝင်သစ် ဆွီဒင်က ယူကရိန်းအတွက် သုံးနှစ်စီမံကိန်းနဲ့ ဒေါ်လာ ၇ ဘီလီယံကျော် ပံ့ပိုးကူညီမယ့် အစီအစဉ်ကို မေလနောက်ဆုံးအပတ်ထဲကြေညာခဲ့ပါတယ်။ ရုရှားရဲ့ ရန်လိုမှုတွေတိုးလာနေတဲ့ အချိန်မှာပဲ အခုလို ကြေညာချက်ကို ထုတ်ပြန်တာပါ။
အမေရိကန်လွှတ်တော်အမတ်တွေ၊ လွှတ်တော်ဝန်ထမ်းတွေ၊ နာမည်ကြီး အားကစားသမားတွေနဲ့ နိုင်ငံတကာသံတမန်တွေဟာ ပေါင်းပြီး ဝါရှင်တန်မှာ ဘောလုံးပွဲတခုကို တနေ့ကုန်ကျင်းပခဲ့ပါတယ်။ နွမ်းပါပြီး လိုအပ်တဲ့အကူအညီအပြည့်အဝမရတဲ့ လူမှုအသိုင်းအဝိုင်းက လူငယ်တွေ ဘောလုံးကစားနိုင်ဖို့ ရံပုံငွေရှာခဲ့တာဖြစ်ပါတယ်။
Rafah မှာရှိတဲ့ ပါလက်စတိုင်းဒုက္ခသည်စခန်းတခုကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ ငရဲတမျှ ဆိုးရွားတဲ့ အခြေအနေအဖြစ် ဂါဇာက ပါလက်စတိုင်းဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကုလသမဂ္ဂအေဂျင်စီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။
ကချင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေကနေ တိမ်းရှောင်လာကြတဲ့ ဒေသခံတွေနဲ့ အလုပ်သမား ၁၅၀ ကျော်လောက် လိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဝိုင်းမော်မြို့အဝင်မှာ ပစ်ခတ်ခံရတာကြောင့် အနည်းဆုံး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၅သိန်းကျော် အထိရှိလာနေပြီး လူသားချင်းစာနာမှုအကူအညီတွေအတွက် နိုင်ငံတကာအနေနဲ့ မြေပြင်မှာ ရှိနေတဲ့ ULA/AA နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ULA ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
Papua New Guinea နိုင်ငံ မြောက်ဘက် Maip-Mulitaka ခရိုင် ကျေးရွာ ၆ ခုမှာ ပြီးခဲ့တဲ့ သောကြာနေ့ မနက်အစောပိုင်း ၃ နာရီလောက်က မြေပြိုကျခဲ့တာကြောင့် လူ ၂၀၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စင်တာက တနင်္ဂနွေနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် စစ်ကောင်စီက ကျူးလွန်ထားတဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအပေါ် သူတို့ဘက်က စုံစမ်းနေတာတွေကို အကြောင်းပြန်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား က ဒီကနေ့ မေလ ၂၇ ရက်နေ့ ရက်စွဲနဲ့ တောင်းဆိုလိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra က မြန်မာနိုင်ငံ့အရေး ကြားဝင်ဖို့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ သူ တွေ့ဆုံခဲ့တာကို ဝန်ခံပြောဆိုပြီး တွေ့ဆုံမှုဟာ ထိုင်းနိုင်ငံဘက်က စိုးရိမ်မှုတွေကို အခြေခံ တွေ့ဆုံခဲ့တာလို့ စနေနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာကို ပြောဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြေနိမ့်ပိုင်းဒေသတွေကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေဟာ ၁၀ ဦးအထိ မြင့်တက်လာပြီး၊ အိမ်ခြေ ၃ သောင်း ကျော် ပျက်စီးခဲ့ကာ သောင်းနဲ့ချီတဲ့ ပျက်စီးမှုတွေဖြစ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ဒေသခံအာဏာပိုင်တွေက ဒီနေ့ပဲ ပြောပါတယ်။
အစ္စရေးလ်ရဲ့ စီးပွါရေးအချက်အချာ Tel Aviv မြို့ကို ပစ်မှတ်ထားပြီး ဟာမတ်စ်လက်နက်ကိုင်အဖွဲ့က တနင်္ဂနွေနေ့မှာ ဒုံးလက်နက်တွေနဲ့ အကြီးအကျယ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ၈ လကြာ အစ္စရေးလ်-ဟာမတ်စ်စစ်ပွဲအတွင်း ပါလက်စတိုင်းလက်နက်ကိုင်တို့ဘက်က သူတို့ရဲ့ ခံနိုင်ရည်စွမ်းအားကို ပြတဲ့အနေနဲ့ ခုလို တိုက်ခိုက်ခဲ့တာပါ။
ပြင်သစ်သမ္မတ Emmanuel Macron ဟာ ဂျာမနီနိုင်ငံကို နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးနိုင်ငံတော်ခရီးစဥ်အဖြစ်နဲ့ တနင်္ဂနွေနေ့ကရောက်ရှိပြီး ဒီ ၃ ရက်ကြာ ခရီးစဉ်ဟာ ဥရောပသမဂ္ဂရဲ့ ဦးဆောင်အင်အားကြီးနိုင်ငံတွေကြား ခိုင်မာတဲ့ ဆက်ဆံရေးရှိကြတာကို အစဥ်အလာအတိုင်း အလေးပေးဖော်ပြဖို့ ရည်ရွယ်ရင်းလည်းဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်း Kharkiv မြို့ထဲကို ရုရှားတို့က စနေနေ့မှာ မစ်ဇိုင်းဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၁၆ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြတယ်လို့ ဒေသအုပ်ချုပ်ရေးမှူး Oleh Syniehubov က တယ်လီဂရမ်လူမှုစာမျက်နှာမှာ တနင်္ဂနွေနေ့က ရေးပါတယ်။
တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံကြား သံတမန်ရေး၊ လုံခြုံရေးနဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် ကိစ္စရပ်တွေကို ဆွေးနွေးကြဖို့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol နဲ့ တရုတ်ဝန်ကြီးချုပ် Li Qiang တို့ မေလ ၂၆ ရက်နေ့မှာ သဘောတူလိုက်ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ကြေညာပါတယ်။
နွေရာသီအားလပ်ရက်နေ့ ကလေးငယ်တွေ ပါတဲ့ မိသားစုဝင်တွေနဲ့ လူစည်ကား ချိန်မှာ မီးလောင်ခဲ့တာပါ။ မီးလောင်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် မီးကိုတော့ အပြည့်အဝ နီးပါး မီးငြှိမ်းသတ်နိုင်ပြီလို့ ခရိုင်မီးသတ်အရာရှိ IV Kher က ရိုက်တာကို ပြောပါတယ်။
ထိုင်ဝမ်ရေလက်ကြားနဲ့ ထိုင်ဝမ်ကျွန်းအနီးတဝိုက် တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုအပေါ် အမေရိကန်ပြည်ထောင်စုက အထူးစိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ထုတ်ပြန်ခဲ့ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် အထူး တိုက်တွန်းကြောင်း ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာကမ်းမြောင်ဒေသတလျှောက် ဟားမတ်စ်အဖွဲ့ကို အရှိန်မြှင့်ပြီး စစ်ဆင်နေပေမယ့် တဖက်မှာလည်း လာမယ့်သီတင်းပတ်ထဲမှာ စေ့စပ်ညှိနှိုင်းမှုအသစ် ပြန်စနိုင်ဖို့ အလားအလာတွေ ရှိနေတယ်လို့ထိရှလွယ်တဲ့အခြေအနေကြောင့် အမည်မဖော်လို့တဲ့ တာဝန်ရှိသူတဦးက စနေနေ့မှာပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်