ဂါဇာမှာ AP သတင်းဌာနရဲ့ တိုက်ရိုက် ရုပ်သံထုတ်လွှင့်မှုတွေကို အစ္စရေးအစိုးရက ဖြတ်တောက် ပစ်လိုက်တဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချခဲ့ကြပြီး နောက်မှာတော့ အစ္စရေးက သူ့ဆုံးဖြတ်ချက်ကို ဒီသီတင်းပတ်ထဲမှာပဲ ပြန်ပြင်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို နေရာထပ်မံ ပြောင်းရွှေ့လိုက်တယ်လို့ မီဒီယာတချို့မှာ သတင်းထပ်မံ ထွက်ပေါ်လာပါတယ်။ ဒီသတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ် နေဆဲပါ။ နေပြည်တော် အချုပ်ထောင်ကိုပဲ ထောင်ဝင်စာပစ္စည်းတွေ ပို့ခဲ့ရတယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဂါဇာတောင်ပိုင်း အီဂျစ်နယ်စပ် ရာဖာကို အစ္စရေးဘက်က စစ်ရေးထိုးစစ်ဆင်နေတာတွေကိုကို ချက်ချင်းရပ်ပစ်သင့်တယ်လို့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ရာဖာက "အလွန်အမင်းထိခိုက်လွယ်တဲ့" လူထုဟာ "ထူးခြားဆိုးရွားနေတဲ့" အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ICJ အဖွဲ့ ကပြောပါတယ်။
ထိုင်းနိုင်ငံဟာ လူတဦးချင်းစီအတွက် တရားဥပဒေပြင်ပ ဖမ်းဆီး၊ ချုပ်နှောင် ဖျောက်ဖျက်ပစ်တာနဲ့ ပြန်ပေးဆွဲတာခံရမယ့် အန္တရာယ်က အကာအကွယ်ပေးနိုင်တဲ့ နည်းလမ်းအသစ်တွေပါရှိမယ့် ကုလသမဂ္ဂပဋိညာဉ်တခုကို အတည်ပြုနိုင်ဖို့ စီစဉ်နေပါတယ်။ ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး သဘောတူညီဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်လာအောင်၊ တည်ငြိမ်အောင်နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် လိုအပ်တာ ပံ့ပိုးနိုင်ဖို့ ထိုင်းနိုင်ငံအနေနဲ့ လုပ်နေပါတယ်လို့ ဝန်ကြီးချုပ် Srettha ကပြောပါတယ်။
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း ဟာမတ်စ်အဖွဲ့က ဂါဇာကို ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရပြီး သတ်ဖြတ်ခံခဲ့ရသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေ တွေ့ရှိခဲ့တဲ့အကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ အရပ်သား အရပ်သားပြည်သူ ထိခိုက်နစ်နာမှုပိုများလာတဲ့အတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အကာအကွယ်ပေးဖို့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ဒီကနေ့ ပူးတွဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ထိုင်ဝမ် အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်း ထိုင်ဝမ်ကျွန်းဆွယ်အပြင် တရုတ်ပြည်မကြီးနဲ့ ကပ်နေတဲ့ Kinmen နဲ့ Matsu ကျွန်းတွေနားမှာ စစ်သင်္ဘောတွေ၊ တိုက်လေယာဥ်တွေပါ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တရုတ်စစ်တပ်က လုပ်နေတာပါ။
ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကိုသွားတဲ့ အဓိက မီးရထားလမ်းက ပဲခူးတိုင်း၊ ဖြူးမြို့နယ်နားဖြတ်သွားတဲ့ မီးရထားလမ်းအပိုင်းမှာ ဒီကနေ့ မိုင်းခွဲခံရပြီး ရထားလမ်း ပျက်စီးသွားတဲ့အတွက် ခရီးစဉ်တွေ ယာယီရပ်နားထားတယ်လို့ ရထားပို့ဆောင်ရေး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေးအရအထွဋ်အမြတ်ဖြစ်တဲ့ ဗုဒ္ဓနေ့ အခမ်းအနားကို မေလ ၂၃ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ ကျင်းပခဲ့ပါတယ်။ သမ္မတရုံးအဆောက်အဦမှာကျင်းပတဲ့ အိမ်ဖြူတော်အခမ်းအနားကို ဒုသမ္မတ Kamala Haris ရဲ့ ခင်ပွန်း Douglas Emhoff က ဘုန်းတော်ကြီးတွေကို ပင့်ဖိတ်ပြီး ဝတ်ပြု ဆုတောင်း မေတ္တာပို့ ခဲ့ကြပါတယ်။
လူမျိုးရေးအခြေခံ ပဋိပက္ခတွေအရင်ကတည်းကရှိနေတဲ့ ရခိုင်ပြည်နယ်မှာ အခုနောက်ထပ်ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ရိုဟင်ဂျာ ၄ သောင်းခွဲလောက်ရှိနေပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ နိုဝင်ဘာလထဲကျင်းပမယ့် သမ္မတရွေးကောက်ပွဲ ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ ပြည်နယ် တချို့ထဲမှာ ပင်ဆာဗေးနီးယားပြည်နယ်လည်း တခုအပါအဝင်ဖြစ်ပါတယ်။ အဲ့ဒီပြည်နယ်မှာ အနိုင်ရဖို့ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန် နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ ဘာတွေ လုပ်နေသလဲဆိုတာ တင်ပြထားပါတယ်။
ကမ္ဘာတဝန်း ဗုဒ္ဓနေ့ဆင်နွဲကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော်တို့က နွေးထွေးစွာ နှုတ်ခွန်းဆက်ပါတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ အမေရိကန်ပြည်ထောင်စုအတွက် အများကြီးအကျိုးပြုကြတဲ့ ဗုဒ္ဓဘာသာဝင် အမေရိကန်တွေကို အသိအမှတ်ပြုတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
လာမယ့်နိုဝင်ဘာ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် သမ္မတလောင်း နှစ်ဦးကြား တရုတ်နိုင်ငံ ကုန်သွယ်ရေးနဲ့ပတ်သက်လို့ ချဉ်းကပ်မှု ဘာတွေကွာခြားကြပါလဲ။ ဗွီအိုအေ အိမ်ဖြူတော်ဗျူရို အကြီးအကဲ Patsy Widakuswara ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။
ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းက Jenin မြို့ကို အစ္စရေးတပ်တွေ ၂ ရက်ကြာ ဝင်ရောက်စီးနင်းမှု ဒီနေ့ အဆုံးသတ်သွားပါပြီ။ စီးနင်းတိုက်တိုက်မှုအတွင်း ၁၂ ယောက်ထက်မနည်း သေဆုံးပြီး ၂၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ကုန်ကြမ်းတင်သွင်းမှုမှာ import (သွင်းကုန်) လိုင်စင် ချထားမှုကလည်း ပိုပိုပြီးတော့ တဖြေးဖြေးနဲ့ ကျပ်တည်းလာတဲ့အတွက်ကြောင့်မို့လို့လည်း ကုန်ထုတ်လုပ်မှုတွေ လုပ်ငန်းတွေကလည်း ပိုပိုပြီးတော့မှ ကျဆင်းလာတယ်။ အခုနွေရာသီမှာ စပြီးတော့မှ challenges (စိန်ခေါ်မှု) ထပ်ဖြစ်တာက ဘာလဲဆိုတော့ မီးရရှိဖို့ပါ
ဗြိတိန်နိုင်ငံမှာ July လ ၄ ရက်ကျရင် အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာခဲ့ပြီး နောက်တရက်ဖြစ်တဲ့ ဒီနေ့မှာပဲ နိုင်ငံရေးပါတီခေါင်းဆောင်တွေ မဲဆွယ် စည်းရုံးမှုတွေ စတင်လုပ်နေကြပါတယ်။ Conservative ပါတီဝန်ကြီးချုပ် Rishi Sunak က ဒီနေ့ ရေဒီယိုနဲ့ ရုပ်သံအင်တာဗျူးတွေလုပ်ပြီး မဲဆွယ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ရာဇဝတ်မှုကျူးလွန်ဖူးသူ ရှေ့နေကို ဝန်ကြီးချုပ်ရုံး ဝန်ကြီးရာထူးခန့်အပ်မှုကြောင့် ဝန်ကြီးချုပ်ကို ရာထူးကနေ ဖယ်ရှားပေးဖို့ တောင်းဆိုချက်ကို ထိုင်းဖွဲ့စည်းပုံတရားရုံးက ကြားနာဖို့လက်ခံလိုက်ပါတယ်။
ဒီကနေ့ဟာ ဂေါတမမြတ်စွာဘုရားဖွားမြင်တဲ့နေ့ဖြစ်သလို ဘုရားအဖြစ်ကိုရောက်ရှိတဲ့နေ့လည်း ဖြစ်တဲ့အပြင် ပရိနိဗ္ဗာန်စံတဲ့နေ့လည်းဖြစ်တာကြောင့် ဗုဒ္ဓနေ့အဖြစ် နဲ့ သတ်မှတ်ထားတာဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ မစောတံတားဟာ မေလ ၂၃ရက်၊ ဒီကနေ့မနက်ပိုင်းက မိုင်းဖောက်ခံရပြီး ပြိုကျသွားခဲ့ပါတယ်။ တံတားပေါ် ဖြတ်သန်းသွားလာနေတဲ့ ဒေသခံတွေ သေဆုံးတာတွေ ဒဏ်ရာရတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်