ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ထောင်နဲ့ချီရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ နိုင်ငံတကာရဲ့ အရေးပေါ်ဆောင်ရွက်မှု လိုအပ်နေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေးမှူး Tom Andrews ကပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခြင်း ရှိ မရှိဆိုတာကို ဆန်းစစ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM ကထုတ်ပြန်ပါတယ်။
မုတ်သုံအဝင်ကာလနဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ပုံမှန်မိုးရွာသွန်းနိုင်တဲ့ ပမာဏထက် မိုးရေချိန်လက်မ ပိုများနိုင်တယ်လို့ မိုးဇလတာဝန်ရှိသူက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် အမှတ် ၅၄ ကို လေလံကြမ်းခင်းစျေးသစ် ကျပ်ငွေ ၂၈၅ ဘီလီယံနဲ့ထပ်မံ လေလံတင်ရောင်းချနိုင်ဖို့ ဦးအောင်ဆန်းဦးက ဒီကနေ့ တင်သွင်းခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့တွေကို နိုင်ငံခြားသား စေတနာ့ဝန်ထမ်းတွေက စစ်ပညာတွေသင်ကြားပေးနေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက အတည်ပြုပြောပါတယ်။ အခုလို သင်ကြားပေးတာဟာ နွေဦးတော်လှန်ရေးအပေါ် အကျိုးသက်ရောက်မှု ရှိလာမယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
ရုရှားရဲ့ထိုးစစ်ကို တန်ပြန်ဖို့အတွက် ယူကရိန်းအစိုးရကို ထောက်ပံ့မှုတွေ ဆက်ပံ့ပိုးပေးသွားမယ်လို့ အမေရိကန်က တနင်္လာနေ့မှာထပ်လောင်းအာမခံခဲ့ပါတယ်။ တချိန်ထဲမှာပဲ ရုရှားတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်နေတဲ့ Kharkiv ဒေသမှာ လူသားချင်းဘေးဒုက္ခအကြပ်အတည်းတွေ ပိုမိုများလာမယ်ဆိုပြီးတော့ လေ့လာသုံးသပ်သူတွေက သတိပေးပါတယ်။
ရုရှားကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံသားအယောက် ၅ သိန်းလောက် အမေရိကန်ပြည်ထောင်စုမှာ ပြောင်းရွှေ့နေထိုင်ကြကြောင်း အမေရိကန်အမိမြေလုံခြုံရေးရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ Colorado ပြည်နယ်က မြို့လေးတခုမှာတော့ ရွှေ့ပြောင်းနေထိုင်သူ ဆရာဝန်တယောက်က တခြားလိုအပ်သူတွေကို ပြန်ကူညီပေးနေပါတယ်။
ဂျပန်နိုင်ငံက အပန်းဖြေစရာ Fujikawaguchiko မြို့မှာ ခရီးသွားတွေကြား ရေပန်းစားတဲ့ နေရာတနေရာကို ဂျပန်အာဏာပိုင်တွေက အတားအဆီးတွေ ကာလိုက်ပါတယ်။ ဓါတ်ပုံရိုက်ဖို့အတွက် ခရီးသွားတွေအလာများတဲ့ ဒီနေရာကို ပိတ်ပင်လိုက်တာ ဘာကြောင့်ပါလဲ။
လာမယ့် ၂၀၂၄ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အမေရိကန်မဲဆန္ဒရှင်ဦးရေ ထက်ဝက်ကျော်ဖြစ်တဲ့ အမျိုးသမီးတွေရဲ့ မဲရဖို့ သမ္မတ Joe Biden နဲ့ သမ္မတ ဟောင်း Donald Trump တို့ ဘယ်အချက်တွေပေါ် မူတည်စည်းရုံးနေကြပါသလဲ။ VOA သတင်းထောက်Scott Stearns သတင်းပေးပို့ထားပါတယ်။
၂၀၂၃ ခုနှစ်ထဲ မြန်မာအပါအဝင် ကမ္ဘာတဝန်းမှာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အဖွဲ့အစည်းအပေါ်အကြမ်းဖက်ခံရမှု ဒါမှမဟုတ် ဖျက်ဆီးခံရမှု ၂,၅၆၂ ခု အထိဖြစ်ခဲ့ပြီး ဒါဟာ ၂၀၂၂ ခုနှစ်ထက် အကြိမ်ရေ ၅၀၀ မြင့်တက်လာတာဟာ၂၅ % အထိတိုးလာကြောင်း မှတ်တမ်းပြုစုထားတဲ့ အစီရင်ခံစာသစ်တစောင်က မေလ ၂၂ ရက် (ဗုဒ္ဓဟူးနေ့) က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲက တရားမဝင် စီးပွားလုပ်ငန်းတွေရှိရာ ရွှေကုက္ကိုမြို့သစ်နဲ့ဆက်စပ်ပြီး ငွေကြေးဆိုင်ရာပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ထိုင်းသွင်းကုန်ထုတ်ကုန်ဘဏ် EXIM ဘဏ်က သူတို့အနေနဲ့ ရွှေကုက္ကိုမှာ ငွေကြေးထောက်ပံ့တာမျိုးမရှိကြောင်း ဗွီအိုအေကို ဗုဒ္ဓဟူးနေ့ကငြင်းပါတယ်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ လက်နက်ကိုင်အဖွဲ့ အာရက္ခတပ်တော် (AA) အနေနဲ့ ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို အဓမ္မ ရွှေ့ပြောင်းထွက်ပြေးစေတာနဲ့ လူ့အခွင့်အရေးချိုးဖောက်တွေကို ရပ်တန့်ပြီး နိုင်ငံတကာဥပဒေတွေကို လိုက်နာဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရိုဟင်ဂျာ ၂၈ ဖွဲ့က မေ ၂၂ ရက်က ပူးတွဲကြေညာပါတယ်။
ပါလက်စတိုင်းကို နိုင်ငံအဖြစ် ရပ်တည်နိုင်ခွင့် အသိအမှတ်ပြုကြောင်း ကြေညာခဲ့တဲ့ အိုင်ယာလန်၊ နော်ဝေးနဲ့စပိန်နိုင်ငံတွေကို ရှုတ်ချကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဗုဒ္ဓဟူးနေ့က ပြောပြီး ဒီလုပ်ရပ်ဟာ ဟာမတ်စ်အဖွဲ့အပေါ် “အကြမ်းဖက်မှုဆု” ချီးမြှင့်တာပဲလို့ ဝေဖန်လိုက်ပါတယ်။
ဗြိတိသျှစစ်သားတဦးစီကို ယေဘုယျ ရည်ညွှန်းခေါ်ဝေါ်တဲ့ တော်မီ/ တော်မီ(များ) ရုပ်ပုံတွေ ကမ်းခြေနဲ့အပြည့် ရေးဆွဲထားပြီး ဒုတိယကမ္ဘာစစ်အတွင်း ဒီ-ဒေး ကမ်းတက်တိုက်ပွဲကြီးမှာ ပါဝင်ခဲ့တဲ့ ဗြိတိသျှစစ်သည်တွေကို ဂုဏ်ပြုခဲ့ပါတယ်။
ကန့်ကွက်မှုတွေကြောင့် ဆယ်စုနှစ်တခုကျော်ကြာ ရပ်ဆိုင်းထားခဲ့ရတဲ့ ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ပြန်စဖို့ စစ်ကောင်စီက ပြင်ဆင်နေတဲ့ သတင်းကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကြား စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။
အီရန်သမ္မတ Ebrahim Raisi နဲ့ နိုင်ငံခြားရေး ဝန်ကြီးအပါအဝင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့ကြတဲ့သူတွေအတွက် ဈာပန အခမ်းအနားကို အီရန်ရဲ့ ဘာသာရေးခေါင်းဆောင်ကိုယ်တိုင် ကြီးမှူးပြီး ဒီနေ့ကျင်းပခဲ့ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်မယ့် ရေရှည် အဖြေတခု လိုအပ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆက်လက် အာရုံစိုက်သွားမယ့်အကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က ဘင်္ဂလားဒေ့ရှ် နိုင်ငံ Dhaka မြို့ကို သွားရောက်တဲ့ ခရီးစဉ်မှာ ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြို့တွေ မီးရှို့ခံရတာ ရိုဟင်ဂျာတွေသာမက ဒေသနေ ပြည်သူတွေ အိမ်ယာစွန့်ခွာရတာတွေ တိုးလာပြီး အကြမ်းဖက်မှုနဲ့ လူမှု အသိုက်အဝန်းများအကြား တင်းမာမှုတွေတိုးလာတဲ့ သတင်းတွေကြောင့် အမေရိကန်ကစိုးရိမ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
အိုင်ယာလန်၊ နော်ဝေနဲ့ စပိန်နိုင်ငံတွေဟာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမယ်လို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ အစ္စရေး ဟာမတ်စ် စစ်ပွဲဖြစ်ပွားနေတဲ့ ဂါဇာမှာ ငြိမ်းချမ်းရေးရဖို့ဆိုရင် ၂ ပြည်ထောင်စနစ်နဲ့ ယှဥ်တွဲနေထိုင်ဖို့ လိုအပ်တာကြောင့် အခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ပြီးတဲ့နောက် KIA ဌာနချုပ်လိုင်ဇာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပြီး ဝိုင်းမော်၊ မြစ်ကြီးနား မြို့တွေမှာ စစ်ရေးတင်းမာနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်