အမေရိကန် မဲဆန္ဒရှင်တွေကြားမှာသေနတ်ကိစ္စဟာအငြင်းပွားစရာ ဖြစ်ပြီးတော့ သေနတ်ဘေးကင်းရေး ကိစ္စ နှစ်ဘက် စလုံးမှာလူအညီအမျှ နီးပါး ရှိနေတယ်လို့ Pew သုတေသန စစ်တမ်းမှာ ဖော်ပြပါတယ်။ သေနတ်ထိန်းချုပ်ရေးဆိုင်ရာကိစ္စတွေမှာ အမေရိကန်သမ္မတလောင်း Donald Trump နဲ့ Joe Biden ကြားမှာလည်း ဆန့်ကျင်ဘက် အမြင်တွေရှိနေပါတယ်။
လေထဲမှာ ကြမ်းကြမ်းတမ်းတမ်း လှုပ်ခတ်တာခံခဲ့ရတာကြောင့် စင်္ကာပူ လေကြောင်းလိုင်းက လေယာဥ်စီးခရီးသည်တဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၃၀ အင်္ဂါနေ့က ဒဏ်ရာရရှိသွားခဲ့ကြပါတယ်။
အစ္စရေးအာဏာပိုင်တွေဟာ အေပီသတင်းဌာနက ဂါဇာအခြေအနေ တိုက်ရိုက်ထုတ်လွှင့်တာကို အင်္ဂါနေ့က ပိတ်လိုက်ပြီး သိမ်းခဲ့တဲ့ အေပီရဲ့ကင်မရာနဲ့ ထုတ်လွှင့်ရေးပစ္စည်းတွေကို ပြန်ပေးဖို့ အစ္စရေးဆက်သွယ်ရေးဝန်ကြီးက အမိန့်ပေးလိုက်ပါတယ်။
မဟာဗျူဟာမဟုတ်တဲ့ နျူကလီယာလက်နက်တွေ ချထား အသုံးပြုရေး လက်တွေ့သင်တန်းတွေစနေပြီး ဒါဟာ အနောက်တိုင်းက တာဝန်ရှိသူတွေရဲ့ကြေညာချက်နဲ့ ရန်စခြိမ်းခြောက်မှုတွေကို တုံ့ပြန်သောအားဖြင့် သမ္မတဗလာဒီမာ ပူတင်က ဒီလအစောပိုင်းက အမိန့်ပေးခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။
ထိုင်ဝမ် နိုင်ငံတကာ မှတ်တမ်းရုပ်ရှင်ပွဲတော်မှာ မြန်မာပြည်ဖွါးဖြစ်ပြီး ထိုင်ဝမ်မှာ ပညာသင်ခဲ့တဲ့ဒါရိုက်တာ Midi Z ရဲ့ Clinic အမည်ရှိ ရုပ်ရှင်က အာရှအမြင်ကဏ္ဍမှာ အဓိက Gran Prix ဆုကြီး ရရှိသွားတယ်လို့ globalvoices.org အဖွဲ့ရဲ့ သတင်းစာမျက်နှာမှာ အင်္ဂါနေ့က တင်ထားပါတယ်။
ထိုင်ဝမ်ရဲ့ သမ္မတသစ်အဖြစ် မေလ ၂၀ရက် တနင်္လာနေ့က ကျမ်းသစ္စာကျိန်ဆိုလိုက်တဲ့ လိုင်ချင်းတယ် (Lai Ching-te) ဟာ တိုးတက်သော ဒီမိုကရက်တစ်ပါတီ (DPP) ရဲ့ ကိုယ်စားလှယ်သမ္မတတစ်ယောက်အနေနဲ့ တတိယမြောက် သက်တမ်းအဖြစ် တာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အခြေစိုက် တပ်စခန်းတခုကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ကုန်သွယ်မှုပမာဏ ၄၀၇ သန်းကျော် ရှိခဲ့ရာက၊ ဒီနှစ်မှာ သန်း ၂၈၀ ကျော်သာ ရှိခဲ့ကြောင်း စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကိန်းဂဏန်းတွေကို ကိုးကားပြီး နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြခဲ့တာပါ။
ကရင်နီဒေသမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ကျေးရွာသား အများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အီရန်သမ္မတ Ebrahim Raisi နဲ့ နိုင်ငံခြားရေးဝန်ကြိး Hossein Amirabdollahian တို့ ရဟတ်ယာဥ်ပျက်ကျ ကွယ်လွန်တာနဲ့ ပတ်သတ်ပြီး နိုင်ငံတကာခေါင်းဆောင်တွေက ဝမ်းနည်းကြောင်း ပြောဆိုပါတယ်။
စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး ရွာသား ၆ ယောက် သေဆုံးပြီး၊ အများအပြား ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် လုံခြုံရေးစိုးရိမ်တဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။
မြန်မာနိုင်ငံ ဆန်ထုတ်လုပ်မှုတွေမှာ လျှပ်စစ်ဓာတ်အား မလုံလောက်တာ အပါအဝင် ထုတ်လုပ်မှုစရိတ်တွေ တိုးလာတာကြောင့် ဆန်ဈေးတွေ တက်နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ စပါးဈေးကျနေပေမဲ့ ထုတ်လုပ်မှုစရိတ်တွေ တိုးလာနေတာကြောင့် ဆန်ဈေးတက်တဲ့ အခြေအနေကို မထိန်းနိုင် ဖြစ်နေရတာလို့လည်း ပြောကြပါတယ်။
တနင်္ဂနွေနေ့က ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့ကြတဲ့ အီရန်သမ္မတ Ebrahim Raisi နဲ့ သူ့ရဲ့အဖွဲ့ဝင် ၇ ဦးရဲ့ ဈာပနာကို ဝမ်းနည်း ကြေကွဲနေကြတဲ့ အီရန်ပြည်သူ သောင်းနဲ့ချီ ဒီကနေ့ စုဝေး ချီတက်ကြပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် တိုက်ပွဲတွေ ပြင်းထန်နေချိန်အရပ်သားတွေ ထိခိုက်ဒဏ်ရာရပြီး အိုးအိမ်တွေ ပျက်ဆီးဆုံးရှုံးရတဲ့ အကြမ်းဖက်မှုသတင်းတွေနဲ့ ပတ်သက်လို့ ထိတ်လန့်စိုးရိမ်မိသလို အခြေအနေကို စောင့်ကြည့်နေတဲ့အကြောင်း ကုလသမဂ္ဂက ပြောဆိုပါတယ်။
အသက် ၉၉ နှစ်အရွယ် စစ်ပြန်ကြီး ရေးပါကီ လန်ကက်(စ်)စတာ ဗုံးကြဲလေယာဉ်နဲ့ တာဝန်အရပ ပျံသန်းတုန်းက သူအသက်ရှင်ပြန်လာမလာဆိုတာ မသေချာပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက ဒီလိုလေယာဉ်နဲ့ တာဝန်ကျခရီးစဉ်ပေါင်း အခေါက် ၄၀ ပျံသန်းခဲ့ရပြီး လေယာဉ်အင်ဂျင်နီယာအဖြစ် လေယာဉ်မှူးနဲ့ အတူလိုက်ပါခဲ့ရတာပါ။
အီရန်သမ္မတ မဆုံးပါးခင်အချိန်ပိုင်းမှာပဲ ရဟတ်ယာဉ်တစင်းနဲ့ ရေလှောင်ကန်သစ်ကို ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ ရေလှောင်ကန်ဖွင့်ပွဲမှာလည်း မိန့်ခွန်းပြောသွားပြီး အခမ်းအနားအပြီး ရဟတ်ယာဉ် ၃ စင်းနဲ့ အပြန် သူနဲ့ နိုင်ငံခြားရေးဝန်ကြီး လိုက်ပါလာတဲ့ ရဟတ်ယာဉ်ပျက်ကျပြီး လိုက်ပါသူအားလုံး သေဆုံးသွားရတာပါ။
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu အပါအဝင် အကြီးတန်းအရာရှိတွေကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရှေ့နေချုပ်က စီစဥ်နေတဲ့အပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ အလွန်စိတ်ပျက်စရာကောင်းတယ်လို့လည်း ပြောပါတယ်။
အီရန်သမ္မတ Ebrahim Raisi, နိုင်ငံခြားရေးဝန်ကြီး Hossein Amirabdollahian နဲ့ ရဟတ်ယာဥ်ပျက်ကျရာမှာ သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းပါကြောင်း အီရန်သမ္မတသစ်ကိုရွေးချယ်ချိန်မှာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေအတွက် တိုက်ပွဲဝင်နေသူတွေကို ဆက်လက်ထောက်ခံမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။
အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာကမ်းမြောင်တောင်ပိုင်း Rafah မြို့က မြေပြင် စစ်ဆင်ရေးတွေကို တိုးမြင့် ဆောင်ရွက်သွားဖို့ သန္နဋ္ဌာန်ချထားကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ ဒီကနေ့ တွေ့ဆုံအပြီးမှာ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးကြောင်း ကြေညာခဲ့ပြီးနောက် တခြားမြို့တွေမှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းကပါ တိုက်ခိုက်နေသလို၊ ဒေသခံတချို့ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်