အမေရိကန်အောက်လွှတ်တော် ဥက္ကဌဟောင်း Nancy Pelosi ကို ပြန်ပေးဆွဲဖို့ ကြိုးစားမှု၊ သူ့အမျိုးသားကို တူနဲ့ ထုရိုက်မှုတို့အတွက် David DePape ကို ထောင်ဒဏ် အနှစ် ၃၀ ချလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ သက်မွေးပညာသင်တန်းတွေအပါအဝင်၊ ပညာရေးအစီစဉ်တွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက အဆိုပြုခဲ့ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်းဖြင့် ဒုက္ခသည်တွေ နေရပ်ပြန်ရောက်တဲ့အခါ အထောက်အကူဖြစ်နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာ အကျဉ်းချခံထားရတဲ့ မူးယစ်ဆေးအရောင်းအဝယ်လုပ်သူကို မျက်နှာဖုံးတပ်လူတွေ လာရောက်ကယ်ထုတ်သွားကြလို့ ရဲ ၂ ဦး သေဆုံးပြီး တချို့ ဒဏ်ရာရသွားပါတယ်။ နော်မန်ဒီဒေသ မှာ ဖြစ်ပွားတဲ့ ဒီတိုက်ခိုက်မှုက ဥရောပတလွှား မူးယစ်ဆေးနဲ့ပတ်သတ်တဲ့ ဒုစရိုက်မှုတွေ ပိုများလာတာကို သိသာစေပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေဟာ မေလ ၁၆ ရက်၊ ကြာသပတေးနေ့က စစ်ကြောင်းနဲ့ ရွာတွေထဲကို ၀င်ပြီး နေအိမ်တွေ မီးရှို့ အရပ်သားတွေကို သတ်ဖြတ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေက ဗွီအိုအေကိုပြောပါတယ်။
အပူချိန်အမြင့်ဆုံးဒဏ် ခံနေရတဲ့ မကွေးတိုင်း၊ ချောက်မြို့မှာဆိုရင် သောက်သုံးရေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ မန္တလေးမြို့မှာလည်း အပူဒဏ်နဲ့ ဆက်စပ်တဲ့ လူနာတွေကို ပိုပြီး ကူညီပေးနေရတယ်လို့ ပရဟိတ ကူညီသူတွေက ပြောပြပါတယ်။
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်နဲ့ တောင်ငူခရိုင်တွေမှာ စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်လို့ ၆ ယောက် သေဆုံးခဲ့ပါတယ်။ ခရိုင် ၂ ခုထဲမှာ ထိခိုက်ဒဏ်ရာရသူကလည်း ၁၂ ယောက်ယောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေလည်း ၁၀ ဦးထက်မနည်းရှိပါတယ်။
မန္တလေးတိုင်း ဒေသတချို့မှာ လူငယ်တွေကို အကြပ်ကိုင်ပြီး မဖြစ်မနေ စစ်မှုထမ်းခိုင်းနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရတဲ့ မိသားစုတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသတချို့မှာတော့ တချို့လူငယ်တွေဟာ စစ်ထဲမဝင်ဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထဲ ဝင်နေကြတယ်လို့ ဒေသခံ PDF တာ၀န်ရှိသူတွေက ပြောပြပါတယ်။
ဂါဇာကမ်းလွန်မှာ အမေရိကန်စစ်တပ် ဆောက်ပေးထားတဲ့ ယာယီဆိပ်ခံတံတားကနေ ဂါဇာဒေသအတွက် အလွန်အမင်းလိုနေတဲ့ အကူအညီတွေကို ဒီနေ့မှာ ပထမဆုံး သယ်ယူ ပို့ဆောင်နိုင်ခဲ့ပါတယ်။
တရားရုံးသတ်မှတ်ထားတဲ့ နှုန်းထက် တိုးမလား လျော့မလားဆိုတာကို အတိအကျ မသိရသေးပေမဲ့ သတ်မှတ်ထားတဲ့နှုန်းထက် လျှော့ချပြီး ထပ်မံလေလံပစ်ပေးဖို့ ဦးအောင်ဆန်းဦးဘက်က တောင်းဆိုမည့် အလားအလာများတယ်လို့ နီးစပ်သူတွေက ခန့်မှန်းပါတယ်။
ဒီနေ့ မေလ ၁၇ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လိင်တူ ချစ်သူ၊ လိင်တူ လိင်ကွဲ ချစ်သူနဲ့၊ လိင်ပြောင်းထားသူတွေအပေါ် မုန်းတီးမှုတိုက်ဖျက်ရေးနေ့ဖြစ်တာကြောင့် အဲဒီလို လိင်တမူကွဲနေသူတွေရဲ့ မွေးရာပါအခွင့်အရေးကို အသိအမှတ်ပြုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ဒီနှစ်ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ်မဲပေးမယ့်သူက ၁၈ သန်းရှိပြီး ဒီအထဲမှာ သန်းနဲ့ချီတဲ့ ကောလိပ်ကျောင်းသားတွေလည်း ပါပါတယ်။ နယူးဒေလီက ကျောင်းသားတချို့ကတော့ လက်ရှိ မဲဆွယ်ပွဲတွေမှာ အလုပ်အကိုင်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ပိုပြီး ဦးစားပေးစေချင်တာ တွေ့ရတယ်လို့ ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံသားတဦးဟာ အမှိုက်အဖြစ် လွှင့်ပစ်ထားတဲ့ ပလပ်စတစ်ဗူး အဖုံးတွေကို အနုပညာတရပ်အဖြစ် ပြောင်းလဲ ဖန်တီးရာမှာ လူသိများလာပါတယ် ။ အခုနောက်ဆုံး သူရဲ့ပြောင်မြောက်တဲ့ ဖန်တီးမှုကတော့ ပနားမားနိုင်ငံက နံရံတခုမှာ မီတာ ၂၀၀ ရှည်လျှားတဲ့ အနုပညာဖန်တီးမှုဖြစ်ပါတယ်။
တရုတ်နိုင်ငံကို ၂ ရက်ကြာအလည်ရောက်နေတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို ဘေဂျင်းမြို့မှာလက်ခံတွေ့ဆုံခဲ့တဲ့ တရုတ်သမ္မတရှိကျင့်ဖျင်က တရုတ်-ရုရှားဆက်ဆံရေးကိုချီးကျူး ပြောဆိုလိုက်ပြီး ဆက်ဆံရေးပိုမိုလေးနက်အောင် ရှေ့ဆက်ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။
ရေပြင်ပိုင်နက်အငြင်းပွါးမှုမှာ ပိုပြီးအားကောင်းလာဖို့ရည်ရွယ်ပြီး ရေပေါ် နျူကလီးယားဓာတ်ပေါင်းဖိုတွေကို တောင်တရုတ်ပင်လယ်ပြင်ထဲမှာထားရှိဖို့ တရုတ်နိုင်ငံက ဆက်လက်ဆောင်ရွက်နေတယ်လို့ အမေရိကန်နိုင်ငံက သတိပေးလိုက်ပါတယ်။
ဂါဇာဒေသတောင်ဘက်ပိုင်းမှာ စစ်ဆင်ရေးတွေအရှိန်မြင့်လာနေချိန်မှာပဲ ရာဖာမြို့ထဲကို အစ္စရေးလ်တပ်တွေ ထပ်ပြီးစေလွှတ်မယ်လို့ အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး Yoav Gallant က ကြာသပတေးနေ့မှာပြောပါတယ်။ ရာဖာဒေသမှာ စစ်ဖက်တပ်ဖွဲ့ဝင်တွေထပ်မံပို့ဆောင်ပြီး စစ်ဆင်ရေးတွေ ရှေ့တိုးဆောင်ရွက်မယ်လို့လည်း သူကပြောပါတယ်။
ကမ္ဘောဒီးယားနဲ့ တရုတ် နှစ်ပတ်လည် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မေလ ၁၆ ရက်နေ့မှာ စတင် လုပ်ဆောင်နေကြတာပါ။ ရွှေနဂါး စစ်ရေးလေ့ကျင့်မှုကို ၅ ကြိမ်မြောက်အဖြစ် လုပ်ဆောင်တာ ဖြစ်ပြီး ၁၅ ရက် ကြာမြင့်မှာပါ။ ကမ်ပုန်း ချနန်းပြည်နယ်မှာ စတင်ဖွင့်လှစ်ပြီး အဲဒီမှာ မြေပြင်လေ့ကျင့်မှုတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Jabalia ဒုက္ခသည်စခန်း စစ်ဆင်ရေးအတွင်း အစ္စရေးတင့်ကား ၂ စင်းက မှားယွင်းပစ်ခတ်မှုကြောင့် အစ္စရေး စစ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာရှတလွှား ပြီးခဲ့တဲ့ လက အပူချိန် လွန်ကဲပြီး ရာသီဥတုဒဏ် ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတာဟာ လူတွေကိုယ်တိုင် ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဥတုရာသီပြောင်းလဲမှုရဲ့ အကျိုးဆက် ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိပ္ပံပညာရှင်တွေက မနေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ပြည်ပကနေ ထိုင်းနိုင်ငံကိုလာရောက်နေထိုင်တဲ့ အာဏာရှင်အစိုးရကို ဖီဆန်သူတွေအတွက် ထိုင်းနိုင်ငံဟာ အန္တရာယ်ပိုများတဲ့နေရာဖြစ်လာပြီး ထိုင်းနိုင်ငံကိုယ်တိုင်ကလည်း ထိုင်းအစိုးရကို အာခံတဲ့ ပြည်ပရောက်နေသူတွေအပေါ် ဖိနှိပ်မှုတွေ ပိုများလာကြောင်း HRW ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ရေးနဲ့ အာဆီယံ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ပါဝင်နိုင်မယ့် အခြေအနေတွေကို စစ်ကောင်စီနဲ့ အာဆီယံအကြီးအကဲတွေ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်